သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း တယ်လီနော ဆက်သွယ်ရေးလုပ်ငန်း ရောင်းချတော့မည်


Myanmar Telenor
Myanmar Telenor

နော်ဝေးနိုင်ငံပိုင် တယ်လီနော်ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက မိုဘိုင်း နဲ့ အင်တာနက် ဆက်သွယ်ရေး လုပ်ငန်းတွေကို ရောင်းချတော့မယ်လို့ TMT Business မီဒီယာက မနေ့ ကြာသပတေးနေ့ ဖော်ပြ ထားပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ တယ်လီနော့ ကုမ္ပဏီဖက်က ပြောရေးဆိုခွင့်ရှိသူကတော့ တစုံတရာ မှတ်ချက် ပြောဆိုခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံ စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက တယ်လီနော့ ရဲ့ မိုဘိုင်းဆက်သွယ်ရေးဟာ ဆိုးဆိုးဝါးဝါး ကန့်သတ်မှုတွေရှိ လာပြီး ဈေးကွက်ဟာလည်းကျဆင်းလာခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ထားတဲ့အတွက် တယ်လီနော့ကုမ္ပဏီကို တခြားဆက်သွယ်ရေးကုမ္ပဏီတွေက ဝယ်ယူမှာ မဟုတ်တဲ့အတွက် တရုတ်ကုမ္ပဏီတွေကို ကမ်းလှမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။

တယ်လီနောနဲ့အပြိုင် မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီကလည်း တယ်လီနော့ကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့အတွက် ငွေကြေးဆိုင်ရာ အကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို ရှာဖွေနေတယ်လို့လည်း TMT Business မီဒီယာမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ တယ်လီနော နဲ့ အပြိုင် Ooredoo ကုမ္ပဏီဖက်က တစုံတရာပြောကြားတာ မရှိသေးပါဘူး။ တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်က ဝင်ရောက် ရင်းနှီးမြုတ်နှံခဲ့ပြီး အသုံးပြု သူပေါင်းက ၁၈ သန်းဝန်းကျင်ရှိပြီး အကြီးဆုံးရင်းနှီးမြုတ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေထဲက တခုဖြစ်ပါတယ်။

-----------------------

တိုက်ရိုက် လင့်ခ်





XS
SM
MD
LG