သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဆက္သြယ္ေရးကုမၸဏီ အႀကီးတန္းတာဝန္ရွိသူေတြ ႏိ္္ုင္ငံျပင္ပထြက္ခြင့္ ကန္႔သတ္ခဲ့


ျမန္မာျပည္တြင္းက တယ္လီဖံုးနဲ႔ဆက္သြယ္ေရးကုမၸဏီ ၂ ခု

Zawgyi/Unicode

ျမန္မာႏုိင္ငံထဲမွာရွိတဲ့ အင္တာနက္နဲ႔ တယ္လီဖုန္းဆက္သြယ္ေရးကုမၸဏီႀကီးေတြက ႏုိင္ငံျခားသားအႀကီးတန္းတာဝန္ရွိသူေတြအေနနဲ႔ ခြင့္ျပဳခ်က္မရွိဘဲ ႏိုင္ငံထဲကထြက္ခြါခြင့္ကို စစ္ေကာင္စီက ပိတ္ပင္လိုက္ေၾကာင္း ဒီကိစၥကိုတုိက္႐ုိက္သိရွိထားတဲ့လူတေယာက္ကိုကိုးကားၿပီးရိုက္တာသတင္းတရပ္မွာ ဒီကေန႔ေဖာ္ျပထားပါတယ္။
ဒီလွ်ဳိ႕ဝွက္အမိန္႔စာကို ဂၽြန္လလယ္မွာထုတ္ျပန္ခဲ့တာျဖစ္တယ္လို႔လည္းကုမၸဏိီအႀကီးတန္းတာဝန္ရွိသူေတြကေျပာပါတယ္။ ျမန္မာႏုိင္ငံကထြက္ခြါခ်င္တယ္ဆိုရင္ ျမန္မာႏုိင္ငံသားေရာ ႏုိ္င္ငံျခားသားအရာရွိေတြကပါ ခြင့္ျပဳခ်က္အရင္ယူရမယ္လို႔လည္းပါရွိပါတယ္။
အဲဒီအမိန္႔စာအျပင္ စစ္ေကာင္စီက ေနာက္ထပ္ေပးပို႔လာတဲ့အမိန္႔စာမွာေတာ့ အမ်ားျပည္သူရဲ ႔တယ္လီဖုန္းဆက္သြယ္မႈေတြကို အာဏာပိုင္ေတြက ၾကားျဖတ္ နားေထာင္ႏုိင္မယ့္spyware နည္းပညာေတြ တပ္ဆင္ဖို႔ ဆက္သြယ္ေရးကုမၸဏီေတြ ဒီကေန႔ ဇူလိုင္လ ၅ ရက္ေန႔ေနာက္ဆုံးထား အၿပီးလုပ္ေဆာင္ဖို႔ ညႊန္ၾကားထားတယ္္လို႔လည္း ေျပာပါတယ္။ Spyware နည္းပညာက စာတိုေရးပို႔တာေတြနဲ႔ ဝင္ၾကည့္ထားတဲ့ အင္တာနက္စာမ်က္ႏွာေတြကိုလည္း ေထာက္လွမ္းႏိုင္ပါတယ္။ ဒီၫႊန္ၾကားခ်က္ေတြကို ႐ိုက္တာသတင္းဌာနက တိုက္႐ိုက္မျမင္ရေသးေပမယ့္ ဒီအေၾကာင္း တိုက္႐ိုက္သိထားသူ တေယာက္ကေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီကို ဆက္သြယ္ေမးျမန္းေပမယ့္ တံု႔ျပန္ေျဖဆိုတာ မရွိေသးဘူးလို႔လည္း ေျပာပါတယ္။
ဆက္သြယ္ေရးနဲ႔အင္တာနက္ကုမၸဏီ အႀကီးတန္းအရာရွိေတြရဲ ႔ခရီးသြားလာမႈအေပၚခုလိုအမိန္႔ထုတ္ျပန္လိုက္တာဟာ spyware ေတြ အၿပီးသတ္တပ္ဆင္ဖို႔ စစ္ေကာင္စီက ဖိအားေပးတာျဖစ္တယ္လို႔လည္း ဒီကိစၥ တိုက္႐ိုက္သိရွိထားသူက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဆိုက္ဘာလံုၿခံဳေရး ဥပေဒၾကမ္း ခ်မွတ္မယ့္အေၾကာင္း ေၾကညာခဲ့သလို ႏိုင္ငံသားေတြရဲ႕ ပုဂၢိဳလ္ေရးအခ်က္အလက္ လံုၿခံဳမႈကို ကာကြယ္ေပးတဲ့ ဥပေဒတခ်ိဳ႕ကိုလည္း ျပင္ဆင္ ျပဌာန္းတာေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

မြန်မာဆက်သွယ်ရေးကုမ္ပဏီ အကြီးတန်းတာဝန်ရှိသူတွေ နိ်ုင်ငံပြင်ပထွက်ခွင့် ကန့်သတ်ခဲ့

မြန်မာနိုင်ငံထဲမှာရှိတဲ့ အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီကြီးတွေက နိုင်ငံခြားသားအကြီးတန်းတာဝန်ရှိသူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲကထွက်ခွါခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း ဒီကိစ္စကိုတိုက်ရိုက်သိရှိထားတဲ့လူတယောက်ကိုကိုးကားပြီးရိုက်တာသတင်းတရပ်မှာ ဒီကနေ့ဖော်ပြထားပါတယ်။
ဒီလျှို့ဝှက်အမိန့်စာကို ဂျွန်လလယ်မှာထုတ်ပြန်ခဲ့တာဖြစ်တယ်လို့လည်းကုမ္ပဏီအကြီးတန်းတာဝန်ရှိသူတွေကပြောပါတယ်။ မြန်မာနိုင်ငံကထွက်ခွါချင်တယ်ဆိုရင် မြန်မာနိုင်ငံသားရော နိုင်ငံခြားသားအရာရှိတွေကပါ ခွင့်ပြုချက်အရင်ယူရမယ်လို့လည်းပါရှိပါတယ်။
အဲဒီအမိန့်စာအပြင် စစ်ကောင်စီက နောက်ထပ်ပေးပို့လာတဲ့အမိန့်စာမှာတော့ အများပြည်သူရဲ့တယ်လီဖုန်းဆက်သွယ်မှုတွေကို အာဏာပိုင်တွေက ကြားဖြတ် နားထောင်နိုင်မယ့် spyware နည်းပညာတွေ တပ်ဆင်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့နောက်ဆုံးထား အပြီးလုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။ Spyware နည်းပညာက စာတိုရေးပို့တာတွေနဲ့ ဝင်ကြည့်ထားတဲ့ အင်တာနက်စာမျက်နှာတွေကိုလည်း ထောက်လှမ်းနိုင်ပါတယ်။ ဒီညွှန်ကြားချက်တွေကို ရိုက်တာသတင်းဌာနက တိုက်ရိုက်မမြင်ရသေးပေမယ့် ဒီအကြောင်း တိုက်ရိုက်သိထားသူ တယောက်ကပြောဆိုခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းပေမယ့် တုံ့ပြန်ဖြေဆိုတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။
ဆက်သွယ်ရေးနဲ့အင်တာနက်ကုမ္ပဏီ အကြီးတန်းအရာရှိတွေရဲ့ခရီးသွားလာမှုအပေါ်ခုလိုအမိန့်ထုတ်ပြန်လိုက်တာဟာ spyware တွေ အပြီးသတ်တပ်ဆင်ဖို့ စစ်ကောင်စီက ဖိအားပေးတာဖြစ်တယ်လို့လည်း ဒီကိစ္စ တိုက်ရိုက်သိရှိထားသူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကောင်စီက ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်း ချမှတ်မယ့်အကြောင်း ကြေညာခဲ့သလို နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေတချို့ကိုလည်း ပြင်ဆင် ပြဌာန်းတာတွေ ရှိခဲ့ပါတယ်။

#MyanmarMilitaryCoup #MyanmarTelecommunication #MyanmarCyber #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG