သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ တႏိုင္ငံလံုး ပိုလီယိုကာကြယ္ေဆးထိုးေရး အစီအစဥ္ စတင္ၿပီ


အာဖဂန္ကေလးငယ္တဦးကုိ ပုိလီယုိကာကြယ္ေဆး တုိက္ေကၽြးေနတဲ့ျမင္ကြင္း။ (ႏုိဝင္ဘာ ၄၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္မွာ အသက္(၅)ႏွစ္ေအာက္ ကေလးငယ္ေတြအတြက္ တႏိုင္ငံလုံးအတိုင္းအတာအရ (၄)ရက္ၾကာမယ့္ ပိုလီယိုကာကြယ္ေဆး တိုက္ေကၽြးမယ့္ အစီအစဥ္ကို - ႏိုဝင္ဘာ(၈)ရက္ တနလၤာေန႔ စတင္မွာျဖစ္ေၾကာင္း တာလီဘန္-ထိန္းခ်ဳပ္ထားတဲ့ အာဖဂန္နစၥတန္ လူထုက်န္းမာေရးဝန္ႀကီးဌာနက တနဂၤေႏြေန႔က ေၾကညာလိုက္ပါတယ္။

တာလီဘန္ေတြ အာဖဂန္ကို မထိန္းခ်ဳပ္ခင္ လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းက ၊ တာလီဘန္ ထိန္းခ်ဳပ္ေဒသထဲမွာ ကုလသမဂၢ ကာကြယ္ေဆး တုိက္ေကၽြးေရးအဖြဲ႔ေတြ တအိမ္တက္ဆင္း ေဆးေပးမယ့္ လုပ္ငန္းကို တားျမစ္ ပိတ္ပင္ခဲ့ဖူးတာပါ။ ဒီကုလ-အဖြဲ႔ေတြဟာ အရင္ အာဖဂန္အစိုးရအတြက္ေရာ၊ အေနာက္ႏိ္ုင္ငံေတြအတြက္ပါ သူလွ်ဳိလုပ္တယ္ဆိုတဲ့ သံသယနဲ႔ တားျမစ္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီလို တားျမစ္မႈေၾကာင့္ အာဖဂန္ကေလးငယ္ (၃.၃)သန္းေလာက္ ၃ ႏွစ္ၾကာကာလအတြင္း ကာကြယ္ေဆး မရတဲ့အတြက္ မသန္စြမ္းျဖစ္ကုန္တာ ၊ ေသဆုံးတာေတြ ျဖစ္ရတယ္လို႔ တာလီဘန္ေတြ ခန္႔ထားတဲ့ က်န္းမာေရးဝန္ႀကီး Dr. Qalandar Ebad ကေျပာပါတယ္။

(၄)ရက္ၾကာ ကာကြယ္ေဆး တုိက္ေကၽြးမယ့္ အစီအစဥ္အရ အသက္(၅)ႏွစ္ေအာက္ ကေလးငယ္(၁၀)သန္း အက်ဳံးဝင္မွာျဖစ္ပါတယ္။

အာဖဂန္နစၥတန္ေရာ အိမ္နီးခ်င္း ပါကစၥတန္ႏိုင္ငံတို႔ဟာ ကမ႓ာေပၚမွာ ပိုလီယိုေရာဂါ အေတာ္ ျဖစ္ပြားေနဆဲ ႏိုင္ငံေတြျဖစ္ပါတယ္။

ပိုလီယိုကာကြယ္ေဆးထိုးေပးေရး တာလီဘန္ေတြရဲ႕ ဆုံးျဖတ္ခ်က္ကို ကုလသမဂၢအဖြဲ႔ေတြက ၾကဳိဆိုေၾကာင္း WHO, UNICEF အဖြဲ႔ေတြက ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အာဖဂန် တနိုင်ငံလုံး ပိုလီယိုကာကွယ်ဆေးထိုးရေး အစီအစဉ် စတင်ပြီ

အာဖဂန်နစ္စတန်မှာ အသက်(၅)နှစ်အောက် ကလေးငယ်တွေအတွက် တနိုင်ငံလုံးအတိုင်းအတာအရ (၄)ရက်ကြာမယ့် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမယ့် အစီအစဉ်ကို - နိုဝင်ဘာ(၈)ရက် တနင်္လာနေ့ စတင်မှာဖြစ်ကြောင်း တာလီဘန်-ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန် လူထုကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။

တာလီဘန်တွေ အာဖဂန်ကို မထိန်းချုပ်ခင် လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ၊ တာလီဘန် ထိန်းချုပ်ဒေသထဲမှာ ကုလသမဂ္ဂ ကာကွယ်ဆေး တိုက်ကျွေးရေးအဖွဲ့တွေ တအိမ်တက်ဆင်း ဆေးပေးမယ့် လုပ်ငန်းကို တားမြစ် ပိတ်ပင်ခဲ့ဖူးတာပါ။ ဒီကုလ-အဖွဲ့တွေဟာ အရင် အာဖဂန်အစိုးရအတွက်ရော၊ အနောက်နိုင်ငံတွေအတွက်ပါ သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တားမြစ်မှုကြောင့် အာဖဂန်ကလေးငယ် (၃.၃)သန်းလောက် ၃ နှစ်ကြာကာလအတွင်း ကာကွယ်ဆေး မရတဲ့အတွက် မသန်စွမ်းဖြစ်ကုန်တာ ၊ သေဆုံးတာတွေ ဖြစ်ရတယ်လို့ တာလီဘန်တွေ ခန့်ထားတဲ့ ကျန်းမာရေးဝန်ကြီး Dr. Qalandar Ebad ကပြောပါတယ်။

(၄)ရက်ကြာ ကာကွယ်ဆေး တိုက်ကျွေးမယ့် အစီအစဉ်အရ အသက်(၅)နှစ်အောက် ကလေးငယ်(၁၀)သန်း အကျုံးဝင်မှာဖြစ်ပါတယ်။

အာဖဂန်နစ္စတန်ရော အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ ပိုလီယိုရောဂါ အတော် ဖြစ်ပွားနေဆဲ နိုင်ငံတွေဖြစ်ပါတယ်။

ပိုလီယိုကာကွယ်ဆေးထိုးပေးရေး တာလီဘန်တွေရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအဖွဲ့တွေက ကြိုဆိုကြောင်း WHO, UNICEF အဖွဲ့တွေက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG