(Zawgyi / Unicode)
အာဖဂန္နစၥတန္ရဲ႕ တာလီဘန္အစိုးရက ျပည္ပ ခရီးသည္တင္ေလယာဥ္ေတြ ကာဘူးလ္ေလဆိပ္ကို ပ်ံသန္းႏိုင္ၿပီ ျဖစ္တယ္၊ ၿမိဳ႕ေတာ္ ေလဆိပ္မွာ ျပႆနာေတြ အားလံုး ေျပလည္သြားၿပီး လိုအပ္ခ်က္ေတြကို အျပည့္အဝ လုပ္ေဆာင္ႏိုင္ၿပီ ျဖစ္တယ္လို႔ တနဂၤေႏြေန႔က ေျပာၾကားလိုက္ပါတယ္။
အာဖဂန္ ပဋိပကၡမွာ ႏွစ္ ၂၀ ပါဝင္ပတ္သက္မႈကို အဆံုးသတ္ၿပီး အေမရိကန္နဲ႔ မဟာမိတ္တပ္ေတြ ဆုတ္ခြာသြားတဲ့အတြက္ စစ္ဒဏ္ေၾကာင့္ ဖ႐ိုဖရဲျဖစ္ေနတဲ့ တိုင္းျပည္ကို ၾသဂုတ္လအတြင္းက အစၥလာမၼစ္အုပ္စုေတြ ျပန္လည္ ထိန္းခ်ဳပ္ႏိုင္လိုက္ၿပီး အေနာက္ႏိုင္ငံေတြ ေက်ာေထာက္ေနာက္ခံ ျပဳထားတဲ့ အာဖဂန္အစိုးရ ျပဳတ္က်သြားခဲ့တာ ျဖစ္ပါတယ္။
ေသာင္းနဲ႔ခ်ီတဲ့ ႏုိင္ငံျခားသားေတြနဲ႔ အႏၲရာယ္က်ေရာက္ႏိုင္တဲ့ အာဖဂန္ ႏိုင္ငံသားေတြကို အေရးေပၚ ကယ္ထုတ္ႏိုင္ခဲ့ၿပီးေနာက္ ခရီးသည္တင္ ေလေၾကာင္းပ်ံသန္းမႈေတြကို ပိတ္ထားခဲ့ရတာ ျဖစ္ပါတယ္။
ၿပိဳပ်က္ေနတဲ့ ေလယာဥ္ကြင္းကို ကာတာႏိုင္ငံရဲ႕ နည္းပညာ အကူအညီေတြနဲ႔ တစိတ္တေဒသအားျဖင့္ ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ခရီးသည္တင္ေလယာဥ္ ခရီးစဥ္ေတြ ျပန္လည္စတင္ဖို႔ တာလီဘန္တို႔ ဖိတ္ေခၚခ်က္ကို ျပည္ပေလေၾကာင္းလိုင္းေတြက ေလာေလာဆယ္ တုံ႔ျပန္ခ်က္ တစံုတရာ မရွိေသးပါဘူး။
ပါကစၥတန္ ႏိုင္ငံတကာေလေၾကာင္း (PIA) ရဲ႕ ေျပာခြင့္ရတဦးကေတာ့ သူတို႔ ႏိုင္ငံပိုင္ ခရီးသည္တင္ ေလယာဥ္ေတြ ျပန္လည္စတင္ဖို႔ အဆင္သင့္ ျဖစ္ေနေပမယ့္ ကာဘူးလ္ေလဆိပ္ရဲ႕ ေျမျပင္အေျခအေနေၾကာင့္ အာမခံေၾကး အဆမတန္ ျမင့္မားေနတဲ့အတြက္ လုပ္ငန္းမစႏုိင္ ျဖစ္ေနေသးေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။
----------------------
(Unicode)
ကာဘူးလ်ကို ခရီးသည်တင်လေယာဉ်တွေ လာရောက်ဖို့ တာလီဘန် ဖိတ်ခေါ်
အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရက ပြည်ပ ခရီးသည်တင်လေယာဉ်တွေ ကာဘူးလ်လေဆိပ်ကို ပျံသန်းနိုင်ပြီ ဖြစ်တယ်၊ မြို့တော် လေဆိပ်မှာ ပြဿနာတွေ အားလုံး ပြေလည်သွားပြီး လိုအပ်ချက်တွေကို အပြည့်အဝ လုပ်ဆောင်နိုင်ပြီ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
အာဖဂန် ပဋိပက္ခမှာ နှစ် ၂၀ ပါဝင်ပတ်သက်မှုကို အဆုံးသတ်ပြီး အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ဆုတ်ခွာသွားတဲ့အတွက် စစ်ဒဏ်ကြောင့် ဖရိုဖရဲဖြစ်နေတဲ့ တိုင်းပြည်ကို သြဂုတ်လအတွင်းက အစ္စလာမ္မစ်အုပ်စုတွေ ပြန်လည် ထိန်းချုပ်နိုင်လိုက်ပြီး အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံ ပြုထားတဲ့ အာဖဂန်အစိုးရ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။
သောင်းနဲ့ချီတဲ့ နိုင်ငံခြားသားတွေနဲ့ အန္တရာယ်ကျရောက်နိုင်တဲ့ အာဖဂန် နိုင်ငံသားတွေကို အရေးပေါ် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ခရီးသည်တင် လေကြောင်းပျံသန်းမှုတွေကို ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။
ပြိုပျက်နေတဲ့ လေယာဉ်ကွင်းကို ကာတာနိုင်ငံရဲ့ နည်းပညာ အကူအညီတွေနဲ့ တစိတ်တဒေသအားဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ခရီးသည်တင်လေယာဉ် ခရီးစဉ်တွေ ပြန်လည်စတင်ဖို့ တာလီဘန်တို့ ဖိတ်ခေါ်ချက်ကို ပြည်ပလေကြောင်းလိုင်းတွေက လောလောဆယ် တုံ့ပြန်ချက် တစုံတရာ မရှိသေးပါဘူး။
ပါကစ္စတန် နိုင်ငံတကာလေကြောင်း (PIA) ရဲ့ ပြောခွင့်ရတဦးကတော့ သူတို့ နိုင်ငံပိုင် ခရီးသည်တင် လေယာဉ်တွေ ပြန်လည်စတင်ဖို့ အဆင်သင့် ဖြစ်နေပေမယ့် ကာဘူးလ်လေဆိပ်ရဲ့ မြေပြင်အခြေအနေကြောင့် အာမခံကြေး အဆမတန် မြင့်မားနေတဲ့အတွက် လုပ်ငန်းမစနိုင် ဖြစ်နေသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။