သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်တပ်ဖွဲ့ဝင်ဟောင်းတွေ သူတိုနဲ့ပူးပေါင်းဖို့ တာလီဘန် ဖိတ်ခေါ်


Taliban forces stand guard in front of Hamid Karzai International Airport in Kabul, Afghanistan, September 2, 2021.
Taliban forces stand guard in front of Hamid Karzai International Airport in Kabul, Afghanistan, September 2, 2021.

အာဖဂန်နစ်စတန်မှာ နှစ်ပေါင်း ၂၀ လောက် စစ်ရေးလေ့ကျင့်သင်ကြားခဲ့ကြတဲ့ အာဖဂန်တပ်ဖွဲ့တွေ အနေနဲ့ တာလီဘန်အဖွဲ့ဝင်တွေနဲ့ အတူ လုံခြုံရေးဆိုင်ရာ ဌာနတွေမှာ လာရောက် ပူးပေါင်းပြီး တာဝန်ထမ်းဆောင်ဖို့ တာလီဘန်တွေ က တနင်္လာနေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်


Zawgyi/ Unicode

Zawgyi

အာဖဂန်နစ်စတန်မှာ နှစ်ပေါင်း ၂၀ လောက် စစ်ရေးလေ့ကျင့်သင်ကြားခဲ့ကြတဲ့ အာဖဂန်တပ်ဖွဲ့တွေ အနေနဲ့ တာလီဘန်အဖွဲ့ဝင်တွေနဲ့ အတူ လုံခြုံရေးဆိုင်ရာ ဌာနတွေမှာ လာရောက် ပူးပေါင်းပြီး တာဝန်ထမ်းဆောင်ဖို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က တနင်္လာနေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။

တာလီဘန်တွေကို ခုခံတိုက်ခိုက်နေတဲ့ Panjshir ပြည်နယ်ကိုအခုအခါမှာ လုံးဝထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်းလည်း တာလီဘန်ပြောခွင့်ရ က တနင်္လာနေ့ ကာဘူးလ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“Panjshir ပြည်နယ်ဟာ မနေ့ကနဲ့ ဒီကနေ့မှာပဲ ထွက်ပြေးတဲ့ရန်သူတွေရဲ့ နောက်ဆုံးခိုအောင်းရာဖြစ်ပြီး အခုတော့ အားလုံးရှင်းသွားပြီဖြစ်သလိုအဲဒီပြည်နယ်မှာ သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့နေရာယူထားကြောင်းနဲ့ အခု နိုင်ငံဟာ စစ်နွံထဲက လုံးဝရုန်းထွက် နိုင်ပြီ” လို့ ပြောပါတယ်

ဒါ့အပြင် ဘယ်သူမဆို လက်နက်ကိုင်ပြီး ခုခံဖို့ လုပ်မယ်ဆိုရင် အဲဒီလူဟာ တာလီဘန်တွေရဲ့ ရန်သူဖြစ်ကြောင်းနဲ့ နိုင်ငံတွင်း တော်လှန်ပုန်ကန်သူ မှန်သမျှကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ စစ်ပွဲပြီးဆုံးပြီဖြစ်တဲ့ အတွက် အခုအချိန်ဟာငြိမ်းချမ်းစွာနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေးတွေ လုပ်ရမယ့် အချိန်ဖြစ်တဲ့ အတွက် လူထုအနေနဲ့ သူတို့ကို ထောက်ခံပံ့ပိုး ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အာဖဂန်မှာ တာလီဘန်တွေ ထိန်းချုပ်ထားတာ သီတင်း ၃ ပတ်ရှိပြီဖြစ်ပေမယ့် အခုအချိန်အထိ အစိုးရတရပ်ဖွဲ့စည်းကြောင်း မကြေညာနိုင်သေးပါဘူး။ တာလီဘန်ပြောခွင့်ရ Mujahid ကတော့ အပြောင်းအလဲတွေ လုပ်နိုင်ဖို့အတွက် ယာယီစံနစ်တခုကို ပထမကြေညာဖို့ ရှိတယ်လို့ ပြောပါတယ်။ လက်ရှိမှာ နည်းပညာဆိုင်ရာ ပြဿနာတွေ ရှိနေတဲ့အတွက် ဒါကို ဖြေရှင်းပြီးပြီးချင်းမှာပဲ အစိုးရသစ်အဖွဲ့ကို ကြေညာမှာဖြစ်ကြောင်း ပြောပါတယ်။ တာလီဘန်တွေအတွက် အဓိကပြဿနာ တရပ်က ကာဘူးလ် လေဆိပ်ပြန်ဖွင့်နိုင်ရေး ဖြစ်ပြီး ဒါကို Qata နိုင်ငံက တာလီဘန်တွေနဲ့ လက်တွဲ ဆောင်ရွက်နေတာပါ။

Unicode






XS
SM
MD
LG