သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဘက်ကလာနိုင်တဲ့ အကြမ်းဖက်မှု တားဆီးရေး BRICS ၅ နိုင်ငံ ထိပ်သီးဆွေးနွေး


India BRICS Summit
India BRICS Summit

{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နယ်မြေကို အသုံးပြုပြီး တခြားနိုင်ငံတွေကို အကြမ်းဖက်တိုက်ခိုက်လာမယ် အန္တရာယ်ကနေ တားဆီးရေးအတွက် အဓိကထားတဲ့ အွန်လိုင်း ထိပ်သီးဆွေးနွေးပွဲတခုကို BRICS အဖွဲ့ဝင် ငါးနိုင်ငံရဲ့ ခေါင်းဆောင်တွေက မေ န့ ကြာသပတေးနေ့က ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ကမကထပြုလုပ်တဲ့ အဲဒီဆွးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ရုရှားသမ္မတ Vladimir Putin တရုတ်သမ္မတ Xi Jinping တောင်အာဖရိက သမ္မတ Cyril Ramaphosa နဲ့ ဘရာဇီ သမ္မတ Jair Bolsonaro တို့ ပါဝင်ကြပါတယ်။

အမေရိကန် နဲ့ သူရဲ့ မဟာမိတ်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံက ရုပ်သိမ်းသွားပြီးနောက် အကြပ်အတည်းအသစ်တွေပေါ်ထွက်လာကြောင်းနဲ့ ဖြစ်ပေါ်လာတဲ့ ရလာဒ်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အဲဒီပြသာနကို ဖြေရှင်းကြရမယ်လို့ ရုရှား သမ္မတ Putin က ပြောပါတယ်။ အာဖဂန်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်တာ၊ အကြမ်းဖက်မှု နဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို အားပေးတဲ့ အဓိကနေရာ မဖြစ်သင့်ဘူးလို့ ရုရှား သမ္မတ Putin က ပြောပါတယ်။ ဒါအပြင် အာဖဂန်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်တာ၊ အကြမ်းဖက်မှု နဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို အားပေးတဲ့ အဓိကနေရာ မဖြစ်သင့်ဘူးလို့ ရုရှား သမ္မတ Putin က ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး BRICS အဖွဲ့ဝင် ၅ နိုင်ငံထဲက အဓိက ၃ နိုင်ငံဖြစ်ကြတဲ့ ရုရှား၊ အိန္ဒိယ နဲ့ တရုတ်နိုင်ငံတို့က စိုးရိမ်မှုတွေ အများဆုံးဖြစ်ပါတယ်။ တာလီဘန်အဖွဲ့နဲ့ အရင်ကတည်းက အဆင်မပြေခဲ့တဲ့ အိန္ဒိယက သူတို့နိုင်ငံကို အကြမ်းဖက်တိုက်ခိုက်နေကြတဲ့ Lashkar-e-Taiba နဲ့ Jaish-e- Mohammad အကြမ်းဖက်အဖွဲ့တွေဟာ အာဖဂန်နစ္စတန်နယ်မြေကို အသုံးပြုလာမှာ စိုးရိမ်မှုရှိနေပါတယ်။

နောက်ဆုံးမှာ BRICS အဖွဲ့အနေနဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်တရပ်ကို ချမှတ်ပြီး ကြေညာချက်တရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ အာဖဂန်နစ္စတန်နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် ပြည်တွင်းနိုင်ငံရေးအဖွဲ့တွေအကြား ဆွေးနွေးကြဖို့ လိုအပ်တာတွေကို ထောက်ကူပေးဖို့ သူတို့အနေနဲ့ အဓိကထားကြောင်းလည်း ဖော်ပြထားပါတယ်။

BRICS ၅နိုင်ငံအဖွဲ့မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတို့ပါဝင်ပြီး ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို ၂ဝဝ၉ ခုနှစ်က ပြုလုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

............................................


{{Unicode}}


အိန်ဒိယဝနျကွီးခြုပျ Narendra Modi က ကမကထပွုလုပျတဲ့ အဲဒီဆှးနှေးပှဲမှာ အဖှဲ့ဝငျနိုငျငံတှဖွေဈကွတဲ့ ရုရှားသမ်မတ Vladimir Putin တရုတျသမ်မတ Xi Jinping တောငျအာဖရိက သမ်မတ Cyril Ramaphosa နဲ့ ဘရာဇီ သမ်မတ Jair Bolsonaro တို့ ပါဝငျကွပါတယျ။





XS
SM
MD
LG