သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ မွာ အၾကမ္းဖက္စစ္ေသြးႂကြေတြ မရွိေၾကာင္း တာလီဘန္ ျငင္းဆို


(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏိုင္ငံမွာ အယ္ခိုင္းဒါး အၾကမ္းဖက္အဖဲြ႕ နဲ႕ အစၥလာမၼစ္ အစြန္းေရာက္ ISIS အၾကမ္းဖက္အဖဲြ႕ေတြနဲ႕ပတ္သက္တဲ့ စစ္ေသြးႂကြေတြ ဆက္ရွိေနႏိုင္တယ္ဆိုတဲ့ အေမရိကန္ရဲ႕ စိုးရိမ္ခ်က္ဟာ အေျခအျမစ္မရွိဘူးလို႔ တာလီဘန္ေျပာေရးဆိုခြင့္ရွိသူ Zabihullah Mujahid က အဂၤါေန႔မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုခဲ့ပါတယ္။

ဒီသတင္းစာရွင္းလင္းပဲြမတိုင္မီ ၿပီးခဲ့တဲ့ ရက္သတၱပတ္အကုန္ပိုင္းက Nangarhar ျပည္နယ္ထဲမွာ တာလီဘန္ေတြကို ပစ္မွတ္ထားၿပီး ဗံုးခဲြတိုက္ခိုက္ခဲ့တာ ဟာ အာဖဂန္အေျခစိုက္ ISIS-K အဖဲြ႕က သူတို႔လက္ခ်က္ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

အယ္ခိုင္းဒါး အဖဲြ႕နဲ႕ အစၥလာမၼစ္ အစြန္းေရာက္ ISIS အဖဲြ႕ေတြ ဟာ အာဖဂန္နစၥတန္ကို ျပန္လည္၀င္ေရာက္ဖို႔ လုပ္ေနၾကတယ္ဆိုတဲ့ အေမရိကန္ ေထာက္လွမ္းေရးဌာနရဲ႕ ေျပာၾကားခ်က္ကို တာလီဘန္ေျပာေရးဆိုခြင့္ရွိသူက တုန္႕ျပန္ေျပာဆိုခဲ့တာပါ။

အေရွ႕အလယ္ပိုင္းေဒသက IS အဖဲြ႕ေတြနဲ႕အဆက္အသြယ္ရွိတယ္ဆိုတဲ့ အာဖဂန္ ေဒသခံ ISIS-K အဖဲြ႕ဟာ ထူးထူးျခားျခား ၿခိမ္းေျခာက္ႏိုင္ေလာက္တဲ့ အေျခအေန မရွိဘူးလို႔ တာလီဘန္ေျပာေရးဆိုခြင့္ရွိသူကေျပာပါတယ္။

ၿပီးခဲ့တဲ့လထဲက ကဘူးေလဆိပ္ကို ISIS-K အဖဲြ႕ေတြက ဗုံးခဲြတိုက္ခိုက္ခဲ့တဲ့အတြက္ အေမရိကန္ စစ္မႈထမ္း ၁၃ ဦးေသဆုံးခဲ႔ၿပီး အာဖဂန္အရပ္သား ၁၇၀ ေလာက္ေသဆုံးခဲ့ပါတယ္။

အေမရိကန္ ဗဟိုေထာက္လွမ္းေရးဌာန CIA ရဲ႕ ဒုတိယ ၫႊန္ၾကားေရးမႈး David Cohen ကေတာ့ အယ္ခိုင္းဒါး အဖဲြ႕ေတြ အာဖဂန္မွာ ျပန္လည္လႈပ္ရွားမယ့္ လကၡဏာေတြေတြ႕ျမင္ေနရတယ္လို႔ ေျပာဆိုပါတယ္။

အာဖဂန္ေျပာေရးဆိုခြင့္ရွိသူကေတာ့ အေမရိကန္ရဲ႕ စိုးရိမ္ခ်က္ေတြဟာ တမင္သက္သက္ဝါဒျဖန္႕တာဘဲလို႔ေျပာဆိုပါတယ္။ တာလီဘန္ေတြကေတာ့ အမ်ိဳးသား၀န္ႀကီး ၆၀ ေလာက္ပါတဲ့ အစိုးအဖဲြ႕ကို ဖဲြ႕စည္းခဲ့ပါတယ္။ အေမရိကန္ကေတာ့ တာလီဘန္ကို အစိုးရအျဖစ္အသိအမွတ္ျပဳေရးဟာ တာလီဘန္ေတြရဲ႕လုပ္ရပ္အေပၚမွာသာမူတည္လိမ့္မယ္လို႔ ေျပာဆိုပါတယ္။ တာလီဘန္ေတြကေတာ့ အာဖဂန္ႏိုင္ငံကို အသုံးျပဳၿပီး ဘယ္အၾကမ္းဖက္အဖဲြ႕ကမွ အေမရိကန္အပါ၀င္ ဘယ္ႏိုင္ငံကိုမွ မတိုက္ခိုက္ေစရဘူးလို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဖဂန် မှာ အကြမ်းဖက်စစ်သွေးကြွတွေ မရှိကြောင်း တာလီဘန် ငြင်းဆို

အာဖဂန်နစ္စတန်နိုင်ငံမှာ အယ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ နဲ့ အစ္စလာမ္မစ် အစွန်းရောက် ISIS အကြမ်းဖက်အဖွဲ့တွေနဲ့ပတ်သက်တဲ့ စစ်သွေးကြွတွေ ဆက်ရှိနေနိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စိုးရိမ်ချက်ဟာ အခြေအမြစ်မရှိဘူးလို့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က အင်္ဂါနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမတိုင်မီ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်ပိုင်းက Nangarhar ပြည်နယ်ထဲမှာ တာလီဘန်တွေကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဟာ အာဖဂန်အခြေစိုက် ISIS-K အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အယ်ခိုင်းဒါး အဖွဲ့နဲ့ အစ္စလာမ္မစ် အစွန်းရောက် ISIS အဖွဲ့တွေ ဟာ အာဖဂန်နစ္စတန်ကို ပြန်လည်ဝင်ရောက်ဖို့ လုပ်နေကြတယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးဌာနရဲ့ ပြောကြားချက်ကို တာလီဘန်ပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်ပြောဆိုခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသက IS အဖွဲ့တွေနဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့ အာဖဂန် ဒေသခံ ISIS-K အဖွဲ့ဟာ ထူးထူးခြားခြား ခြိမ်းခြောက်နိုင်လောက်တဲ့ အခြေအနေ မရှိဘူးလို့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပြီးခဲ့တဲ့လထဲက ကဘူးလေဆိပ်ကို ISIS-K အဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန် စစ်မှုထမ်း ၁၃ ဦးသေဆုံးခဲ့ပြီး အာဖဂန်အရပ်သား ၁၇၀ လောက်သေဆုံးခဲ့ပါတယ်။

အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန CIA ရဲ့ ဒုတိယ ညွှန်ကြားရေးမှုး David Cohen ကတော့ အယ်ခိုင်းဒါး အဖွဲ့တွေ အာဖဂန်မှာ ပြန်လည်လှုပ်ရှားမယ့် လက္ခဏာတွေတွေ့မြင်နေရတယ်လို့ ပြောဆိုပါတယ်။

အာဖဂန်ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်ရဲ့ စိုးရိမ်ချက်တွေဟာ တမင်သက်သက်ဝါဒဖြန့်တာဘဲလို့ပြောဆိုပါတယ်။ တာလီဘန်တွေကတော့ အမျိုးသားဝန်ကြီး ၆၀ လောက်ပါတဲ့ အစိုးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

အမေရိကန်ကတော့ တာလီဘန်ကို အစိုးရအဖြစ်အသိအမှတ်ပြုရေးဟာ တာလီဘန်တွေရဲ့လုပ်ရပ်အပေါ်မှာသာမူတည်လိမ့်မယ်လို့ ပြောဆိုပါတယ်။ တာလီဘန်တွေကတော့ အာဖဂန်နိုင်ငံကို အသုံးပြုပြီး ဘယ်အကြမ်းဖက်အဖွဲ့ကမှ အမေရိကန်အပါဝင် ဘယ်နိုင်ငံကိုမှ မတိုက်ခိုက်စေရဘူးလို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG