သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်လက်အောက် အာဖဂန် အရေး ကိုင်တွယ်ဖို့ EU ဆွေးနွေး


Brussels
Brussels

{{Zawgyi/Unicode}}

တာလီဘန်တွေ အာဖဂန်နစ်စတန်ကို သိမ်းပိုက်ခဲ့တဲ့နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို အကောင်းဆုံး ဘယ်လိုတုန့်ပြန်ဖြေရှင်းကြမယ် ဆိုတာကို အီးယူ ဥရောပသမဂ္ဂ ကာကွယ်ရေးဝန်ကြီးတွေ ကြာသပတေးနေ့က Slovenia မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တုန့်ပြန်ဖြေရှင်းရေး အတွက် အမေရိကန်ပေါ်သိပ်မှီခို မနေရအောင် တပ်သား ၅၀၀၀ ပါဝင်တဲ့ အမြန်တုန့်ပြန်ရေးတပ်ဖွဲ့တခု ဖွဲ့စည်းရေး အဖွဲဝင်နိုင်ငံတွေက ခွင့်ပြုဖို့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

"အာဖဂန်မှာ အနေထားအသစ်ဖြစ်လာနေတာကြောင့် အီးယူအနေနဲ့ အခန်းကဏ္ဍတခုကနေ ပါဝင်မယ်ဆိုရင် ပါဝင်သင့်သလို အာဖဂန်အတွက် အများသဘောတူတဲ့ အနေထားတရပ်ရအောင် အမြန်လုပ်ဖို့လိုပါတယ် လို့ပြောကြားခဲ့တာပါ။

အီးယူ အဖွဲ့ဝင် ၂၇ နိုင်ငံအနေနဲ့ အမြန်တုန့်ပြန်ရေးတပ်ဖွဲ့ ဖွဲ့စည်းဖို့ကြိုးစားနေတာ ဆယ်နှစ်လောက်ရှိနေပြီဖြစ်ပြီး အခု အာဖဂန်ကနေ အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ရုတ်သိမ်းတာကြောင့် ဒီအဖွဲ့ကိုဖွဲ့စည်းဖို့ ပြန်လုပ်လာတာဖြစ်ပါတယ်။

မေလထဲ အီးယူရဲ့မဟာဗျူဟာဆိုင်ရာ ပြန်သုံးသပ်ချိန်က အဖွဲ့ဝင် ၅ ၀၀၀ ပါ အမြန်တုန့်ပြန်ရေးတပ်ဖွဲ့ ဖွဲ့စည်းဖို့ ပထမအကြိမ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ကလည်း ဒီအစီအစဉ်အတွက် နိုဝင်ဘာလလောက်မှာ အပြီးသတ်နိုင်မယ်လို့ သူမျှော်လင့်ကြောင့် ကြာသပတေးနေ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
.......................................

တိုက်ရိုက် လင့်ခ်



{{Unicode}}






XS
SM
MD
LG