သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈနဲ႔ ကူညီသူေတြ အကာအကြယ္ေပးဖို႔ အေမရိကန္နဲ႔ EU တိုက္တြန္း


ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕က ကိုဗစ္လူနာေတြကို ေရေဘးလြတ္ရာ သယ္ယူေပးေနတဲ့ လူသားခ်င္းစာနာမႈ ေစတနာ့၀န္ထမ္းမ်ား ဇူလိုင္ ၂၇၊ ၂၀၂၁

ကိုဗစ္ကပ္ေရာဂါနဲ႔ ႏိုင္ငံေရး အက်ပ္အတည္းေတြ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈ အကူအညီေပးေနသူေတြကို အကာအကြယ္ေပးဖို႔ အေမရိကန္နဲ႔ ဥေရာပသမဂၢ (EU) တို႔က တိုက္တြန္းလိုက္ပါတယ္။

ျမန္မာနဲ႔ ကမာၻအ၀န္းက လူသားခ်င္းစာနာမႈ လုပ္ငန္းေတြမွာ ပါ၀င္လုပ္ကိ္ုင္ေနသူေတြကို ေက်းဇူးတင္အသိအမွတ္ျပဳေၾကာင္းနဲ႔ အထင္ႀကီးေလးစားေၾကာင္းလည္း ၾကာသပေတးေန႔မွာ က်ေရာက္တဲ့ ကမာၻ႔လူသားခ်င္း စာနာေထာက္ထားေရး အထိမ္အမွတ္ေန႔အျဖစ္ အေမရိကန္သံ႐ုံးက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။ လူ႔အသက္ေတြကို ကာကြယ္ေစာင့္ေရွာက္ေပးေနၿပီး၊ အမ်ားဆုံးထိခိုက္ခံစားရလြယ္တဲ့သူေတြ ထိခိုက္ခံစားမႈေတြ ေလ်ာ့ပါးသက္သာေအာင္ ေဆာင္႐ြက္ေပးေနၾကသူတြအေနနဲ႔ သူတို႔ရဲ႕ ႀကီးျမတ္တဲ့ အလုပ္ကို လုံၿခဳံေဘးကင္းစြာနဲ႔ ဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔ လိုအပ္ေၾကာင္းလည္း ေျပာပါတယ္။

EU ကလည္း ကိုဗစ္ကပ္ေဘးအျပင္ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းမႈ ေနာက္ဆက္တဲြ ႏိုင္ငံေရး အက်ပ္အတည္းၾကား ျမန္မာႏိ္ုင္ငံမွာ လူသားခ်င္း စာနာမႈ အကူအညီေပးေနသူေတြ ပိုမိုခက္ခဲတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရေၾကာင္း ၾကာသပေတးေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္လႈပ္ရွားမႈေတြမွာ က်န္းမာေရး၀န္ထမ္းေတြနဲ႔ အကူအညီေပးေရး ၀န္ထမ္းေတြပါ ပါ၀င္ခဲ့ၾကတာေၾကာင့္ ဖမ္းဆီးအေရးယူခံရတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ EU ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ စာနာမႈအကူအညီေပးဖို႔ စြမ္းစြမ္းတမံ ႀကိဳးပမ္းေနၾကတဲ့ တန္ဖိုးရွိသူေတြကို ပစ္မွတ္မထားဖို႔လည္း သတိေပးထားပါတယ္။

--------------------------

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ ကူညီသူတွေ အကာအကွယ်ပေးဖို့ အမေရိကန်နဲ့ EU တိုက်တွန်း

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးနေသူတွေကို အကာအကွယ်ပေးဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနဲ့ ကမ္ဘာအဝန်းက လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေသူတွေကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်းနဲ့ အထင်ကြီးလေးစားကြောင်းလည်း ကြာသပတေးနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်း စာနာထောက်ထားရေး အထိမ်အမှတ်နေ့အဖြစ် အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ လူ့အသက်တွေကို ကာကွယ်စောင့်ရှောက်ပေးနေပြီး၊ အများဆုံးထိခိုက်ခံစားရလွယ်တဲ့သူတွေ ထိခိုက်ခံစားမှုတွေ လျော့ပါးသက်သာအောင် ဆောင်ရွက်ပေးနေကြသူတွအနေနဲ့ သူတို့ရဲ့ ကြီးမြတ်တဲ့ အလုပ်ကို လုံခြုံဘေးကင်းစွာနဲ့ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

EU ကလည်း ကိုဗစ်ကပ်ဘေးအပြင် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းကြား မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု အကူအညီပေးနေသူတွေ ပိုမိုခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကြာသပတေးနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အကူအညီပေးရေး ဝန်ထမ်းတွေပါ ပါဝင်ခဲ့ကြတာကြောင့် ဖမ်းဆီးအရေးယူခံရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။ EU ရဲ့ ထုတ်ပြန်ချက်မှာတော့ စာနာမှုအကူအညီပေးဖို့ စွမ်းစွမ်းတမံ ကြိုးပမ်းနေကြတဲ့ တန်ဖိုးရှိသူတွေကို ပစ်မှတ်မထားဖို့လည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG