သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်နဲ့ဆွေးနွေးဖို့ ကန်-အာဖဂန် အထူးကိုယ်စားလှယ် ဒိုဟာသွားမည်


အမေရိကန် ပြည်ထောင်စုရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် Thomas West
အမေရိကန် ပြည်ထောင်စုရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် Thomas West

{{Zawgyi/Unicode}}

လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းကို တာလီဘန်တွေ နဲ့ ဆွေးနွေးဖို့အတွက် အမေရိကန် ပြည်ထောင်စုရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် Thomas West ဟာ ကာတာနိုင်ငံ ဒိုဟာမြို့ ကို ရှေ့လာမယ့်သီတင်းပတ်မှာ သွားရောက်ပါမယ်။

အာဖဂန်လူဦးရေရဲ့ ၆၀ % ဖြစ်တဲ့ ၂၄ သန်းသော ပြည်သူတွေဟာ နေရာများစွာမှာ အငတ်ဘေး ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်က ပြောပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ်ဟာ တာလီဘန် ခေါင်းဆောင်တွေနဲ့ ဒိုဟာမှာ ၂ ပတ်ကြာ နေထိုင်ဆွေးနွေးတဲ့အခါ အကြမ်းဖက်ဝါဒ တန်ပြန် ဆန့်ကျင်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုအပါအဝင် အမေရိကန် အကျိုးစီးပွါးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောပါတယ်။

အရင် အာဖဂန်အစိုးရရဲ့ဘတ်ဂျက် ၇၅ % နဲ့ တိုင်းပြည် ဂျီဒီပီရဲ့ ၄၀ % ဟာ နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေဆီက လာတာ ဖြစ်ပါတယ်။စစ်ရေးလမ်းကြောင်းကို လိုက်မယ်ဆိုရင်တော့ အဲဒီလို အကူအညီတွေ က ပြတ်တောက်သွားမှာပါလို့ အမေရိကန် အထူးကိုယ်စားလှယ်က ဆိုပါတယ်။

တာလီဘန်တွေ အာဏာရပြီးကတည်းက အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေကို မရွှေ့မပြောင်းနိုင်အောင် တားဆီးထားတာကို လွှတ်ပေးဖို့ အမေရိကန်လွှတ်တော်ကို အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့သီတင်းပတ်က တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


=============

{{Unicode}}







#USAfghanistan #Taliban #VOABurmese


=============

XS
SM
MD
LG