သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေ ဆန္ဒမပါဘဲ လက်ထပ်ခွင့် မပြုဖို့ အာဖဂန်တာလီဘန်တွေ အမိန့်ထုတ်

Afghan women chant during a protest in Kabul, Afghanistan, Oct. 21, 2021. ယခင်မှတ်တမ်းဓါတ်ပုံ

{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့က အမျိုးသမီးတွေကို သူတို့ရဲ့ ဆန္ဒမပါပဲ လက်ထပ်ထိမ်းမြားပေးခြင်းမပြုရဆိုတဲ့ အမိန့်ပြဌာန်းချက်တရပ်ကို သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒါအပြင် ရန်ညှိုးရန်စတွေ ဖြေလျှော့စေဖို့နဲ့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး အလဲအလှဲလုပ်တဲ့အနေနဲ့ အမျိုးသမီးတွေကို လက်ဆက်ထိမ်းမြားပေးတာတွေကို မပြုလုပ်ရဘူးလို့လည်း အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က အမျိုးသမီးတွေဟာ ကုန်ပစ္စည်းတွေမဟုတ်ပါဘူး။ သူတို့ဟာ မြင့်မြတ်သူတွေဖြစ်သလို လွတ်လပ်တဲ့ လူသားတွေဖြစ်ကြပါတယ်။ ပဋိပက္ခတွေ အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ကတိကဝတ်တွေအတွက် အပြန်အလှန်အနေနဲ့ အမျိုးသမီးတွေကို လက်ဆက်ထိမ်းမြားပေးတာမျိုး ဘယ်သူမှလုပ်ခွင့်မရှိပါဘူးလို့ သူကပြောပါတယ်။ ခင်ပွန်းသည် ဆုံးပါးသွားတဲ့ အမျိုးသမီးတွေ အနေနဲ့လည်း ခင်ပွန်းရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေခံစားခွင့် ရှိရမှာဖြစ်ကြောင်း ပြောပါတယ်။

တာလီဘန်ခေါင်းဆောင်ပိုင်းက ထုတ်ပြန်တဲ့ အမိန့်ကို လိုက်နာကျင့်သုံးဖို့နဲ့ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကနေ အကာအကွယ်ပေးဖို့လည်း နိုင်ငံတလွှားက အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမျိုးစုအကြီးအကဲတွေကို ညွှန်ကြားထားကြောင်းလည်း ြပောပါတယ်။

ဒါပေမဲ့ တာလီဘန်အဖွဲ့က ထုတ်ပြန်တဲ့အထဲမှာ အမျိုးသမီးတွေ ကျောင်းစာသင်ခန်းတွေမှာ ပညာသင်ကြားရေးနဲ့ အိမ်ပြင်ထွက် အလုပ်လုပ်ပိုင်ခွင့်တွေကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာရလာခဲ့တဲ့ သြဂုတ်လကတည်းက လူအခွင့်အရေး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ နိုင်ငံတကာကနေ ဖိအားပေးတာတွေ ရင်ဆိုင်နေကြရပါတယ်။

............................

တိုက်ရိုက် လင့်ခ်

အမြိုးသမီးတှေ ဆန်ဒမပါဘဲ လကျထပျခှင့ျ မပွုဖို့ အာဖဂနျတာလီဘနျတှေ အမိန့ျထုတျ

{{Unicode}}

XS
SM
MD
LG