သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္နစၥတန္မွာ အေမရိကန္အတြက္ ကာတာႏိုင္ငံက ကိုယ္စားျပဳေ ေဆာင္ရြက္မည္


Secretary of State Antony Blinken and Qatar's Foreign Minister Sheikh Mohammed bin Abdulrahman Al Thani, not pictured, participate in a signing ceremony at the State Department in Washington, Nov. 12, 2021.

{{Zawgyi/Unicode}}

အာဖဂန္နစၥတန္ႏုိင္ငံမွာ အေမရိကန္အတြက္ ကာတာႏုိင္ငံက ကုိယ္စားျပုလုပ္ေဆာင္ေပးမွာျဖစ္ ေၾကာင္း အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken က ေသာၾကာေန့မွာ ေျပာၾကားလုိက္ပါ တယ္။

လာမယ့္ ဒီဇင္ဘာလ ၃၁ ရက္ေန့ကစတင္ၿပီး အာဖဂန္နစၥတန္ႏုိင္ငံမွာ အေမရိကန္ရဲ့အက်ိဳးစီးပြားအတြက္ ကာတာႏုိင္ငံကစတင္တာ၀န္ယူလုပ္ေဆာင္မွာျဖစ္တယ္လုိ့ေျပာဆုိခဲ့ပါတယ္။

အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken နဲ့ ကာတာ ႏုိင္ငံျခားေရး၀န္ႀကီး မုိဟာမက္ ဘင္ အပ္ဒူရာဟမ္ အယ္သနီ နဲ့ သေဘာတူလက္မွတ္ေရးထုိးခဲ့ၾကၿပီး၊ အာဖဂန္ႏုိင္ငံမွာ ကြာတာႏုိင္ငံအေနနဲ့ အေမရိကန္ကုိကုိယ္စားျပုဖုိ့ အာဏာလဲႊအပ္လုိက္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ အာဖဂန္နစၥတန္ႏိုင္ငံကုိ တာလီဘန္ေတြသိမ္းပုိက္လုိက္ကတည္းက ကာဘူးၿမိဳ့ေတာ္မွာရွိတဲ့ အေမရိကန္သံရုံးကုိ ပိတ္ထားခဲ့ပါတယ္။

အခုအခါ ကာတာႏုိင္ငံသံရုံးအတြင္း အေမရိကန္အက်ိဳးစီးပြားဆုိင္ရာဌာနကုိ ထည့္သြင္းဖြင့္လွစ္သြားမွာျဖစ္ပါတယ္။

ကြာတာႏုိင္ငံဟာ တာလီဘန္နဲ့ အေမရိကန္အၾကား အေရးပါတဲ့ၾကားခံေနရာကေနေဆာင္ရြက္ေပး ေနတာျဖစ္ပါတယ္၊ ၿပီးခဲ့တဲ့လပုိင္းေတြထဲတုန္းကလည္း အာဖဂန္ကေနထြက္ေျပးလားတဲ့ ဒုကၡသည္ ၁ သိန္း ၃ ေသာင္းေလာက္ထဲက တ၀က္ ေလာက္ကုိ ကြာတာႏုိင္ငံကေနတဆင့္ အေမရိကန္ကုိ ကယ္ထုတ္ခဲ့တာျဖစ္ပါတယ္။

...................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်အတွက် ကာတာနိုင်ငံက ကိုယ်စားပြုလုပ်ဆောင်ပေးမှာဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ ပြောကြားလိုက်ပါ တယ်။

လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ကစတင်ပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်ရဲ့အကျိုးစီးပွားအတွက် ကာတာနိုင်ငံကစတင်တာဝန်ယူလုပ်ဆောင်မှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဘင် အပ်ဒူရာဟမ် အယ်သနီ နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး၊ အာဖဂန်နိုင်ငံမှာ ကွာတာနိုင်ငံအနေနဲ့ အမေရိကန်ကိုကိုယ်စားပြုဖို့ အာဏာလွဲှအပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေသိမ်းပိုက်လိုက်ကတည်းက ကာဘူးမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးကို ပိတ်ထားခဲ့ပါတယ်။

အခုအခါ ကာတာနိုင်ငံသံရုံးအတွင်း အမေရိကန်အကျိုးစီးပွားဆိုင်ရာဌာနကို ထည့်သွင်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ကွာတာနိုင်ငံဟာ တာလီဘန်နဲ့ အမေရိကန်အကြား အရေးပါတဲ့ကြားခံနေရာကနေဆောင်ရွက်ပေး နေတာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့လပိုင်းတွေထဲတုန်းကလည်း အာဖဂန်ကနေထွက်ပြေးလားတဲ့ ဒုက္ခသည် ၁ သိန်း ၃ သောင်းလောက်ထဲက တဝက် လောက်ကို ကွာတာနိုင်ငံကနေတဆင့် အမေရိကန်ကို ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG