သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အာဖဂန်အမျိုးသမီးတွေ တောင်းဆိုဆန္ဒပြ 


ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အာဖဂန်အမျိုးသမီးတွေ တောင်းဆိုဆန္ဒပြ 
ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အာဖဂန်အမျိုးသမီးတွေ တောင်းဆိုဆန္ဒပြ 

ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အာဖဂန်အမျိုးသမီးတွေ တောင်းဆိုဆန္ဒပြ

{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နိုင်ငံမှာ ဒါဇင်နဲ့ချီတဲ့အမျိုးသမီးတွေဟာ တာလီဘန်အစိုးရအောက်မှာ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေးအတွက် အင်္ဂါနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသမီးတွေဟာ ဘာကြောင့်ကျောင်းတွေပိတ်ထားရတာလဲလို့ကြွေးကြော်ခဲ့သလို၊ အလုပ်အကိုင်အစားအစာနဲ့ပညာရေး လို့လည်းကြွေးကြော်ခဲ့ပါတယ်။

အမျိုးသမီးတွေနိုးကြားလာပြီ၊ ခွဲခြားဆက်ဆံရေးတွေကိုမုန်းတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေကို လည်းကိုင်ဆောင်ချီတက်ခဲ့ပါတယ်။

အမျိုးသမီးတွေကို တဦးထဲခရီးသွားလာခွင့်ကို မိုင် ၅၀ ထက်ကျော်မသွားဖို့ ပိတ်ပင်ခဲ့သလို၊ အငှားမော်တော်ယဉ်တွေကိုလည်း အစ္စလမ်းမစ်ဝတ်စုံဝတ်ဆင်ထားသူ အမျိုးသမီတွေကိုသာတင်ဆောင်ဖို့ တာလီဘန်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ အမျိုးသမီးတွေ ဆန္ဒပြခဲ့ကြတာပါ။

အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုတွေကိုတော့ တာလီဘန် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖောက် လူစုခွဲဖို့ ကြိုးစားခဲ့တယ်လို့လည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေအနေနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ပေးဖို့နိုင်ငံတကာ အစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတောင်းဆိုနေကြပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက အာဖဂန်မှာ တာလီဘန်တွေအုပ်စိုးခဲ့စဉ်က အမျိုးသမီးအခွင့်အရေးတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့ဖူးပါတယ်။

......................................

တိုက်ရိုက် လင့်ခ်



{{Unicode}}








XS
SM
MD
LG