သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ဗဟိုဘဏ္ေငြေၾကး ကန္ထိန္းခ်ဳပ္မႈျပန္ေျဖဖို႔ ကန္လႊတ္ေတာ္အမတ္ေတြ ေတာင္းဆို


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလဲန္ကန္က မၾကာခင္ကမွ ေရႊ႕ေျပာင္းအေျခခ်လာတဲ့ အာဖဂန္ေတြ၊ ဒုကၡသည္အေရးေဆာင္ရြက္ေနတဲ့ ဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြကို ေတြ႔ဆံုေဆြးေႏြးစဥ္။ (ဒီဇင္ဘာ ၂၀၊ ၂၀၂၁)

[[Zawgyi/Unicode]]

အေမရိကန္လႊတ္ေတာ္အမတ္ေတြက အာဖဂန္နစၥတန္အေပၚ ပိတ္ဆို႔ အေရးယူထားတာ ေလွ်ာ့ၿပီး ဗဟိုဘဏ္ရဲ႕ အရံႏိုင္ငံျခားေငြေၾကးကို ဖြင့္ေပးလိုက္ဖို႔ သမၼတ ကို တိုက္တြန္းလိုက္ပါတယ္။

ဒီမိုကရက္အမတ္ ၄၆ ေယာက္က သမၼတဘိုင္ဒင္ဆီ ပို႔လိုက္တဲ့စာထဲမွာ အခုလို ေျပာလိုက္တာပါ။ ရီပါဘလီကန္အမတ္ေတြကေတာ့ ဘယ္ေလာက္ ေငြေၾကးကို ျဖစ္ျဖစ္ တာလီဘန္ေတြ ရလို႔မျဖစ္ဘူးလို႔ ေျပာၾကပါတယ္။

အာဖဂန္ရဲ႕အရံေငြေၾကး ၉.၄ ဘီလီယန္ကို သိမ္းပိုက္ထားတာေၾကာင့္ ေငြေၾကး ေဖာင္းပြေစပါတယ္။ ကူးသန္းေရာင္းဝယ္ေရး ဘဏ္ေတြနဲ႔ အေရးႀကီးတဲ့ ပုဂၢလိက လုပ္ငန္းေတြကို ပိတ္လိုက္ရာေရာက္ၿပီး တိုင္းျပည္ကို စီးပြါးေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ အက်ပ္အတည္းထဲကို ဆင္းသြားေစပါတယ္လို႔ စာက ဆိုပါတယ္။

အိမ္ျဖဴေတာ္ကေတာ့ ခုလို ထိန္းခ်ဳပ္ထားတာကို လႊတ္ေပးမွာမဟုတ္ေပမဲ့ အာဖန္ နစၥတန္ကို လူသားခ်င္း စာနာေထာက္ထားေရး အကူအညီေပးဖို႔ ဆက္လက္ ေထာက္ခံမယ္လို႔ ေျပာပါတယ္။ ဥပေဒေၾကာင္းဆိုင္ရာ ကိစၥေတြကို ပစ္ပယ္ထားလို႔ မရသလို အဲဒီ ေငြေၾကးကို တာလီဘန္ေတြဆီ မေရာက္ေစဘဲ အာဖဂန္ ျပည္သူေတြဆီ ေရာက္ေစဖို႔ဆိုတဲ့အခက္အခဲကို အေမရိကန္က ရင္ဆိုင္ေနရဆဲ ျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ Psaki က ေျပာပါတယ္။

အၾကမ္းဖက္အုပ္စုေတြနဲ႔အဆက္အသြယ္ျဖတ္ၿပီး အားလုံးပါဝင္တဲ့ အုပ္ခ်ဳပ္ေရး ထူေထာင္ဖို႔၊ လူ႔အခြင့္အေရးကို ေလးစားဖို႔၊ အမ်ိဳးသမီးေတြကို အမ်ားျပည္သူေရးရာမွာ အျပည့္အဝပါဝင္ခြင့္ေပးဖို႔နဲ႔ မိန္းခေလးေတြ ပညာသင္ၾကားခြင့္ေပးဖို႔ သမၼတ ဘိုင္ဒင္အစိုးရက အာဖဂန္အစိုးရကို ဖိအားေပးေနပါတယ္။

အာဖဂန္နစၥတန္မွာ လူဦးေရ သန္း ၄၀ ရွိပါတယ္။ တဝက္ေလာက္ဟာ ငတ္မြတ္ေခါင္းပါးေဘးနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ကုလသမဂၢက ခန႔္မွန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

အာဖဂန်ဗဟိုဘဏ်ငွေကြေး ကန်ထိန်းချုပ်မှုပြန်ဖြေဖို့ ကန်လွှတ်တော်အမတ်တွေ တောင်းဆို

အမေရိကန်လွှတ်တော်အမတ်တွေက အာဖဂန်နစ္စတန်အပေါ် ပိတ်ဆို့ အရေးယူထားတာ လျှော့ပြီး ဗဟိုဘဏ်ရဲ့ အရံနိုင်ငံခြားငွေကြေးကို ဖွင့်ပေးလိုက်ဖို့ သမ္မတ ကို တိုက်တွန်းလိုက်ပါတယ်။

ဒီမိုကရက်အမတ် ၄၆ ယောက်က သမ္မတဘိုင်ဒင်ဆီ ပို့လိုက်တဲ့စာထဲမှာ အခုလို ပြောလိုက်တာပါ။ ရီပါဘလီကန်အမတ်တွေကတော့ ဘယ်လောက် ငွေကြေးကို ဖြစ်ဖြစ် တာလီဘန်တွေ ရလို့မဖြစ်ဘူးလို့ ပြောကြပါတယ်။

အာဖဂန်ရဲ့အရံငွေကြေး ၉.၄ ဘီလီယန်ကို သိမ်းပိုက်ထားတာကြောင့် ငွေကြေး ဖောင်းပွစေပါတယ်။ ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေနဲ့ အရေးကြီးတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေကို ပိတ်လိုက်ရာရောက်ပြီး တိုင်းပြည်ကို စီးပွါးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းထဲကို ဆင်းသွားစေပါတယ်လို့ စာက ဆိုပါတယ်။

အိမ်ဖြူတော်ကတော့ ခုလို ထိန်းချုပ်ထားတာကို လွှတ်ပေးမှာမဟုတ်ပေမဲ့ အာဖန် နစ္စတန်ကို လူသားချင်း စာနာထောက်ထားရေး အကူအညီပေးဖို့ ဆက်လက် ထောက်ခံမယ်လို့ ပြောပါတယ်။ ဥပဒေကြောင်းဆိုင်ရာ ကိစ္စတွေကို ပစ်ပယ်ထားလို့ မရသလို အဲဒီ ငွေကြေးကို တာလီဘန်တွေဆီ မရောက်စေဘဲ အာဖဂန် ပြည်သူတွေဆီ ရောက်စေဖို့ဆိုတဲ့အခက်အခဲကို အမေရိကန်က ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Psaki က ပြောပါတယ်။

အကြမ်းဖက်အုပ်စုတွေနဲ့အဆက်အသွယ်ဖြတ်ပြီး အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေး ထူထောင်ဖို့၊ လူ့အခွင့်အရေးကို လေးစားဖို့၊ အမျိုးသမီးတွေကို အများပြည်သူရေးရာမှာ အပြည့်အဝပါဝင်ခွင့်ပေးဖို့နဲ့ မိန်းခလေးတွေ ပညာသင်ကြားခွင့်ပေးဖို့ သမ္မတ ဘိုင်ဒင်အစိုးရက အာဖဂန်အစိုးရကို ဖိအားပေးနေပါတယ်။

အာဖဂန်နစ္စတန်မှာ လူဦးရေ သန်း ၄၀ ရှိပါတယ်။ တဝက်လောက်ဟာ ငတ်မွတ်ခေါင်းပါးဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

#AfghanistanUS #AfghanistanCentralBank #VOABurmese
#အာဖဂန်နစ္စတန် #တာလီဘန် #အရံနိုင်ငံခြားငွေ #ဘိုင်ဒန်အစိုးရ #လူသားချင်းစာနာမှု #ဗွီအိုအေ

XS
SM
MD
LG