သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အတုိက္အခံေတြကုိ ႏွိမ္နင္းပုိင္ခြင့္ရွိေၾကာင္း အာဖဂန္တာလီဘန္ေတြ သတိေပး


ကဘူးလ္ၿမိဳ႕မွာ ကင္းလွည့္ေနတဲ့ တာလီဘန္တပ္ဖြဲ႔ဝင္မ်ား။ (ဇန္နဝါရီ ၂၁၊ ၂၀၂၂)

(Zawgyi / Unicode)

အာဖဂန္နစၥတန္မွာ အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူ ၂ ဦး ေပ်ာက္ဆံုးေနတဲ့အေပၚ စိုးရိမ္ေနၾကခ်ိန္မွာပဲ သေဘာထားကြဲျပားသူေတြကို ၿဖိဳခြဲခြင့္နဲ႔ ဆႏၵျပသူေတြကို ေထာင္ခ်ခြင့္ ရွိတယ္လို႔ တာလီဘန္ အာဏာပိုင္တို႔က စေနေန႔မွာ သတိေပးလိုက္ပါတယ္။

အေမရိကန္ ဦးေဆာင္တဲ႔ ႏိုင္ငံျခားတပ္ဖြဲ႔ေတြ ႐ုပ္သိမ္းမႈအတြင္း ၿပီးခဲ့တဲ့ ၾသဂုတ္လက အာဖဂန္မွာ ျပန္ၿပီး အာဏာရလာတဲ့ တာလီဘန္တို႔က ဆႏၵျပ ခ်ီတက္မႈေတြကို အင္အားသံုးၿဖိဳခြဲ၊ အာဖဂန္ သတင္းသမားေတြကို ႐ိုက္ႏွက္ၿပီး ေဝဖန္သူေတြကိုလည္း ဖမ္းဆီးေနတာပါ။

ဆႏၵျပပြဲတခုမွာ ပါဝင္ခဲ့ၾကတဲ့ အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူ ၂ ဦးကို ၿမိဳ႕ေတာ္မွာရွိတဲ့ သူတို႔အိမ္ေတြကေန ဖမ္းဆီးသြားေၾကာင္း အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။ ဗုဒၶဟူးေန႔ညက ေနအိမ္မွာ အဖမ္းခံခဲ့ရတယ္လုိ႔ သတင္းေတြထြက္ေပၚေနတဲ့ Tamana Zaryabi Paryani နဲ႔ Parwana Ibrahimkhel တို႔ ဘယ္မွာရွိေနသလဲ ဆိုတာကို ေျပာဆိုဖို႔လည္း အာဖဂန္ဆိုင္ရာ ကုလသမဂၢ ေထာက္ပံ့ေရးမစ္ရွင္က တာလီဘန္တို႔ကို ေတာင္းဆိုထားပါတယ္။

အမ်ိဳးသမီးေတြကို ဖမ္းထားတာ မရွိေၾကာင္း တာလီဘန္အစိုးရ ေျပာခြင့္ရ Zabihullah Mujahid က ျငင္းဆိုပါတယ္။ ဒါေပမယ့္လည္း အာဏာပိုင္တို႔အေနနဲ႔ ဥပေဒ ခ်ိဳးေဖာက္သူေတြ ဒါမွမဟုတ္လည္း သေဘာထား ကြဲျပားသူေတြကို ဖမ္းဆီးထိန္းသိမ္းခြင့္ရွိေၾကာင္း သူက ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ထိပါးေႏွာင့္ယွက္မႈ ျဖစ္တာေၾကာင့္ မတည္မၿငိမ္ျဖစ္ေအာင္ ဘယ္သူမွ မလုပ္သင့္ေၾကာင္း တာလီဘန္ ေျပာခြင့္ရက AFP နဲ႔ ေတြ႔ဆံုေမးျမန္းခန္းတခုမွာ ေျပာပါတယ္။

အမ်ိဳးသားေတြႀကီးစိုးတဲ့ မြတ္စလင္ႏုိင္ငံမွာ ၿပီးခဲ့တဲ့ ႏွစ္ ၂၀ အတြင္း အမ်ိဳးသမီး အခြင့္အေရး အနည္းငယ္ တိုးတက္လာၿပီး အမ်ိဳးသမီး အခြင့္အေရး ဆႏၵျပပြဲေလးေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အတိုက်အခံတွေကို နှိမ်နင်းပိုင်ခွင့်ရှိကြောင်း အာဖဂန်တာလီဘန်တွေ သတိပေး

အာဖဂန်နစ္စတန်မှာ အမျိုးသမီး တက်ကြွလှုပ်ရှားသူ ၂ ဦး ပျောက်ဆုံးနေတဲ့အပေါ် စိုးရိမ်နေကြချိန်မှာပဲ သဘောထားကွဲပြားသူတွေကို ဖြိုခွဲခွင့်နဲ့ ဆန္ဒပြသူတွေကို ထောင်ချခွင့် ရှိတယ်လို့ တာလီဘန် အာဏာပိုင်တို့က စနေနေ့မှာ သတိပေးလိုက်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ ရုပ်သိမ်းမှုအတွင်း ပြီးခဲ့တဲ့ သြဂုတ်လက အာဖဂန်မှာ ပြန်ပြီး အာဏာရလာတဲ့ တာလီဘန်တို့က ဆန္ဒပြ ချီတက်မှုတွေကို အင်အားသုံးဖြိုခွဲ၊ အာဖဂန် သတင်းသမားတွေကို ရိုက်နှက်ပြီး ဝေဖန်သူတွေကိုလည်း ဖမ်းဆီးနေတာပါ။

ဆန္ဒပြပွဲတခုမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူ ၂ ဦးကို မြို့တော်မှာရှိတဲ့ သူတို့အိမ်တွေကနေ ဖမ်းဆီးသွားကြောင်း အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ညက နေအိမ်မှာ အဖမ်းခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ Tamana Zaryabi Paryani နဲ့ Parwana Ibrahimkhel တို့ ဘယ်မှာရှိနေသလဲ ဆိုတာကို ပြောဆိုဖို့လည်း အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ ထောက်ပံ့ရေးမစ်ရှင်က တာလီဘန်တို့ကို တောင်းဆိုထားပါတယ်။

အမျိုးသမီးတွေကို ဖမ်းထားတာ မရှိကြောင်း တာလီဘန်အစိုးရ ပြောခွင့်ရ Zabihullah Mujahid က ငြင်းဆိုပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တို့အနေနဲ့ ဥပဒေ ချိုးဖောက်သူတွေ ဒါမှမဟုတ်လည်း သဘောထား ကွဲပြားသူတွေကို ဖမ်းဆီးထိန်းသိမ်းခွင့်ရှိကြောင်း သူက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ဖြစ်တာကြောင့် မတည်မငြိမ်ဖြစ်အောင် ဘယ်သူမှ မလုပ်သင့်ကြောင်း တာလီဘန် ပြောခွင့်ရက AFP နဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောပါတယ်။

အမျိုးသားတွေကြီးစိုးတဲ့ မွတ်စလင်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အမျိုးသမီး အခွင့်အရေး အနည်းငယ် တိုးတက်လာပြီး အမျိုးသမီး အခွင့်အရေး ဆန္ဒပြပွဲလေးတွေ ရှိနေပါတယ်။

XS
SM
MD
LG