သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အမျိုးသမီးတွေအပါ် ချုပ်ချယ်တဲ့ တာလီဘန်ကို ပါကစ္စတန်ရှုတ်ချ


(Zawgyi / Unicode)

အာဖဂန်နစ္စတန်မှာ ထိန်းချုပ်ထားတဲ့ တာလီဘန်တွေရဲ့ အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်ချထားတာတွေဟာ ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ် ဖြစ်ပြီး ဒါဟာ သူ့နိုင်ငံအတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး Fawad Hussain က ဝေဖန်လိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တက်လာတဲ့ တာလီဘန်အစိုးရသစ်ဟာ အစွန်းရောက် အစိုးရတရပ်ဖြစ်ကြောင်း အစ္စလာမ္မာဘတ် စုဝေးပွဲတခုမှာ ပြောကြားလိုက်တာပါ။ သူတို့အနေနဲ့ အာဖဂန်ပြည်သူတွေကို အပြည့်အဝ အကူညီပေးချင်ပေမယ့် အမျိုးသမီးတွေ တယောက်ထည်း ခရီးမသွားရတာ၊ ကျောင်းတွေ ကောလိပ်တွေ မတက်ရတာ လိုမျိုး ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်မျိုးက ပါကစ္စတန်အတွက်ပါ ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ လည်း Hussain က ပြောပါတယ်။

ပါကစ္စတန်အရာရှိတွေ အနေနဲ့ အာဖဂန်မှာ အာဏာပြန်ရလာတဲ့ တာလီဘန်တွေကို အခုလို လူသိရှင်ကြား ဝေဖန်တာမျိုးက သိပ်ကို ရှားပါတယ်။

တာလီဘန်တွေရဲ့ သုစရိုက်မြှင့်တင်ပြီး ဒုစရိုက် ကာကွယ်ရေး ဆိုင်ရာဝန်ကြီးဌာန ကနေ အမျိုးသမီးတွေ ယောကျော်းလေး ဆွေမျိုးအဖေါ်မပါဘဲ ၄၅ မိုင်အထက် ခရီးသွားတာကို ခွင့်မပြုကြောင်း ညွှန်ကြားချက် အသစ် ထုတ်ပြန်လိုက်ပြီး နောက်တနေ့မှာပဲ ဝန်ကြီး Hussain က ခုလို ပြောကြားလိုက်တာပါ။ အခု ထုတ်ပြန်တဲ့ ညွှန်ကြားချက်ထဲမှာ ခေါင်းစည်းပုဝါ မပါတဲ့ အမျိုးသမီးတွေ ကို အငှါးယဉ်မောင်းသမားတွေက မတင်ဖို့ပါ ပါဝင်ပါတယ်။

ဝန်ကြီးဌာနပြောခွင့်ရ Sadiq Akif Mahajer ကတော့ ဒါဟာ အစ္စလာမ္မစ် ဥပဒေ အရ ကန့်သတ်တာ ဖြစ်ကြောင်း ကာကွယ်ပြောဆိုပါတယ်။ အရင်သီတင်းပတ်တွေတုန်းကလည်း အမျိုးသမီး ရုပ်သံသတင်း တင်ပြသူတွေ ခေါင်းစည်းပုဝါ hijab ဝတ်ဆင်ဖို့နဲ့ ရုပ်သံလိုင်းတွေမှာ အမျိုးသမီးဇာတ်ကောင်တွေပါတဲ့ ဇာတ်လမ်းတွေ မလွှင့်ဖို့ တာလီဘန်တွေက တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)







XS
SM
MD
LG