သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ဆန့်ကျင်ရေးတပ်ဦး အမေရိကန်မှာ တရားဝင် ဖွင့်လှစ်မည်


မှတ်တမ်းရုပ်ပုံ - အာဖဂန်နိုင်ငံ Panjshir ပြည်နယ်တွင်း တောင်ထိပ်မှာ ကင်းစောင့်နေတဲ့ အာဖဂန် ခုခံတော်လှန်ရေး လှုပ်ရှားမှုနဲ့ တာလီဘန် ဆန့်ကျင်ရေး တပ်ဖွဲ့ များ။ သြဂုတ်လ ၂၇၊ ၂၀၂၁။ ဓာတ်ပုံ -Ahmad SAHEL ARMAN/ AFP
မှတ်တမ်းရုပ်ပုံ - အာဖဂန်နိုင်ငံ Panjshir ပြည်နယ်တွင်း တောင်ထိပ်မှာ ကင်းစောင့်နေတဲ့ အာဖဂန် ခုခံတော်လှန်ရေး လှုပ်ရှားမှုနဲ့ တာလီဘန် ဆန့်ကျင်ရေး တပ်ဖွဲ့ များ။ သြဂုတ်လ ၂၇၊ ၂၀၂၁။ ဓာတ်ပုံ -Ahmad SAHEL ARMAN/ AFP

(Zawgyi/ Unicode)

အာဖဂန်နစ္စတန် နိုင်ငံတွင်း တာလီဘန် အုပ်ချုပ်မှုကို ဆန့်ကျင်နေတဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ လက်နက်ကိုင် အဖွဲ့က အမေရိကန်နိုင်ငံတွင်း နိုင်ငံရေး ဆိုင်ရာ စည်းရုံးဆောင်ရွက်နိုင်ရေး အတွက် တရားရေးဌာနမှာ မှတ်ပုံတင်ထားကြောင်း အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

တာလီဘန် ဆန့်ကျင်ရေး အမျိုးသား တော်လှန်ရေး တပ်ဦး NRF က သူ့ရဲ့ နိုင်ငံတကာ ရုံးကို အမေရိကမှာ တရားဝင် ဖွင့်လှစ်ခွင့် ရပြီ ဖြစ်ကြောင်း ပြောဆိုချက် ထွက်ပေါ်လာတာကို အတည်ပြု လိုက်တာ ဖြစ်ပါတယ်။ NRF အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို မကြာခင်မှာ ကမ ္ဘာတလွှား တိုးချဲ့တော့မယ့် အကြောင်း တာလီဘန် ဆန့်ကျင်ရေး အဖွဲ့ရဲ့ နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ အကြီးအကဲ Ali Maisam Nazary က ပြီးခဲ့တဲ့ သောကြာနေ့မှာ တွစ်တာ လူမှုကွန်ရက်ကနေ တဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။

The National Resistance Front - အမျိုးသား တော်လှန်ရေး တပ်ဦး ဆိုတဲ့ အဖွဲ့တခုက အမေရိကန်ရဲ့ နိုင်ငံခြား အဖွဲ့အစည်းများ မှတ်ပုံတင်မှု ဥပဒေ အရ အောက်တိုဘာလ ၂၆ ရက်နေ့မှာ မှတ်ပုံတင်ခဲ့တာကို အာဏာပိုင်တို့ သိရှိထားတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ တဦးက ဗွီအိုအေကို ပြောပါတယ်။

မှတ်ပုံတင်ရေး ကိစ္စက မှတ်ပုံတင်တဲ့သူရဲ့ အဆုံးအဖြတ်သာ ဖြစ်ပြီး အမေရိကန် တရားရေး ဌာန ဒါမှမဟုတ်လည်း တခြား အမေရိကန် အစိုးရ ဌာနတွေက ဆောင်ရွက်ပေးရတာမျိုး ဒါမှမဟုတ်လည်း အတည်ပြုပေးရတာမျိုး မလိုအပ်ကြောင်းလည်း ပြောခွင့်ရက ရှင်းလင်းပါတယ်။ များသောအားဖြင့် ဒီအဖွဲ့လိုမျိုး အဖွဲ့အစည်းတွေဟာ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ရုံးတွေ ဖွင့်လှစ်နိုင်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ပါဝင် ပတ်သက်ဖို့ မလိုအပ်ကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောပါတယ်။

NRF တိုက်ခိုက်ရေးသမားတွေဟာ အမေရိကန် လေ့ကျင့်ထားတဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် တချို့နဲ့ ဒေသခံ ပြည်သူ့စစ်တွေ ဖြစ်ကြပြီး သူတို့ အရေအတွက် ဘယ်လောက် ရှိလဲ ဆိုတာကိုတော့ မသိရပါဘူး။ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း တာလီဘန် အုပ်ချုပ်မှုကို ခုခံခဲ့သူ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ခေါင်းဆောင်ဟောင်း Ahmad Shah Massoud ရဲ့ သားဖြစ်သူ အသက် ၃၂ နှစ် အရွယ် Ahmad Massoud က NRF ကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

အာဖဂန်စစ်ပွဲမှာ နှစ် ၂၀ ပါဝင်ခဲ့တဲ့ အမေရိကန်နဲ့ NATO တပ်ဖွဲ့တွေ ရုပ်သိမ်းချိန်မှာ တာလီဘန်တို့က အနောက်နိုင်ငံတွေ ထောက်ခံထားတဲ့ အာဖဂန် အစိုးရကို ဖြုတ်ချပြီး သြဂုတ်လ အတွင်း အာဏာရယူခဲ့တာ ဖြစ်ပါတယ်။

တာလီဘန် ဆန့်ကျင်ရေးတပ်ဦး အမေရိကန်မှာ တရားဝင် ဖွင့်လှစ်မည်
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG