သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တာလီဘန္အႀကီးအကဲ လူျမင္ကြင္းေရွ႕ ပထမဆုံးထြက္လာ


တာလီဘန္ ဦးေသွ်ာင္ ဘာသာေရးေခါင္းေဆာင္ႀကီး Haibatullah Akhundzada.

(Zawgyi / Unicode)

တာလီဘန္တို႔ရဲ႕ ဦးေသွ်ာင္ ဘာသာေရးေခါင္းေဆာင္ႀကီး Haibatullah Akhundzada ဟာ ကန္ဒါဟာၿမိဳ႕ေတာင္ဘက္မွာ ေထာက္ခံသူေတြကို အခု တနဂၤေႏြေန႔မွာ မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။ တာလီဘန္အဖြဲ႔မွာ ၂၀၁၆ ခုႏွစ္က အာဏာရယူၿပီးကတည္းက သူ႔ရဲ႕ ပထမဦးဆုံး လူေရွ႕ထြက္ မိန္႔ခြန္းေျပာတာ ျဖစ္ပါတယ္။

Akhundzada အေနနဲ႔ ၂၀၁၆ ကတည္းက အစၥလာမၼစ္လႈပ္ရွားမႈရဲ႕ ဘာသာေရးအႀကီးအကဲ ျဖစ္ခဲ့ေပမယ့္လည္း ၾသဂုတ္လ တာလီဘန္တို႔ အာဖဂန္မွာ အာဏာရၿပီးတဲ့တိုင္ေအာင္ တသီးတျခားေနထိုင္တဲ့ ေခါင္းေဆာင္တဦး ျဖစ္ပါတယ္။

အာဖဂန္အစိုးရသစ္ထဲ သူ႔ရဲ႕ သိုသိုသိပ္သိပ္ ေနထိုင္မႈအေပၚ သူေသဆုံးသြားၿပီလို႔ေတာင္ ထင္ျမင္ခ်က္ေပးမႈေတြ ရွိခဲ့ပါတယ္။

သူ႔ရဲ႕ ရဲရင့္တဲ့ စစ္သည္ေတြနဲ႔ ေနာက္လိုက္ေတြကို မိန႔္ခြန္းေျပာဖို႔ Darul Uloom Hakimah ကို သြားမယ္လို႔ တာလီဘန္အရာရွိေတြက ၿပီးခဲ့တဲ့စေနေန႔က ေျပာခဲ့ပါတယ္။

ဒီပြဲအတြက္ လုံၿခဳံေရးတင္းက်ပ္ထားၿပီး ဓာတ္ပုံ၊ ဗြီဒီယို ႐ိုက္ကူးတာေတြကိုလည္း ကန္႔သတ္ထားပါတယ္။ သူ႔ရဲ႕ ၁၀ မိနစ္စာ မိန္႔ခြန္းအသံဖိုင္ကိုေတာ့ တာလီဘန္ လူမႈမီဒီယာေတြမွာ ျဖန္႔ေဝထားပါတယ္။

သူ႔မိန္႔ခြန္းဟာ ႏုိင္ငံေရးအဖြဲ႔အစည္းေတြအေပၚ ေျပာဆိုထားတာမ်ိဳး မရွိေပမယ့္ တာလီဘန္ေခါင္းေဆာင္မႈအတြက္ ဘုရားသခင္ရဲ႕ ေကာင္းခ်ီးေပးမႈကိုေတာ့ ထုတ္ေဖာ္ထားပါတယ္။

Akhundzada ဟာ စစ္ေရးေခါင္းေဆာင္မႈထက္ ဘာသာေရးအရ ဦးေဆာင္ဖို႔ ေ႐ြးခ်ယ္ထားတာလို႔ အေတာ္မ်ားမ်ားက ယူဆၾကတာပါ။ အခုေၾကညာခ်က္အရ သူ႔အေနနဲ႔ အခုအစိုးရသစ္ထဲ အဓိကေနရာက ပိုယူလာဖြယ္ရွိမယ္လို႔ ခန႔္မွန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

တာလီဘန်အကြီးအကဲ လူမြင်ကွင်းရှေ့ ပထမဆုံးထွက်လာ

တာလီဘန်တို့ရဲ့ ဦးသျှောင် ဘာသာရေးခေါင်းဆောင်ကြီး Haibatullah Akhundzada ဟာ ကန်ဒါဟာမြို့တောင်ဘက်မှာ ထောက်ခံသူတွေကို အခု တနင်္ဂနွေနေ့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ တာလီဘန်အဖွဲ့မှာ ၂၀၁၆ ခုနှစ်က အာဏာရယူပြီးကတည်းက သူ့ရဲ့ ပထမဦးဆုံး လူရှေ့ထွက် မိန့်ခွန်းပြောတာ ဖြစ်ပါတယ်။

Akhundzada အနေနဲ့ ၂၀၁၆ ကတည်းက အစ္စလာမ္မစ်လှုပ်ရှားမှုရဲ့ ဘာသာရေးအကြီးအကဲ ဖြစ်ခဲ့ပေမယ့်လည်း သြဂုတ်လ တာလီဘန်တို့ အာဖဂန်မှာ အာဏာရပြီးတဲ့တိုင်အောင် တသီးတခြားနေထိုင်တဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

အာဖဂန်အစိုးရသစ်ထဲ သူ့ရဲ့ သိုသိုသိပ်သိပ် နေထိုင်မှုအပေါ် သူသေဆုံးသွားပြီလို့တောင် ထင်မြင်ချက်ပေးမှုတွေ ရှိခဲ့ပါတယ်။

သူ့ရဲ့ ရဲရင့်တဲ့ စစ်သည်တွေနဲ့ နောက်လိုက်တွေကို မိန့်ခွန်းပြောဖို့ Darul Uloom Hakimah ကို သွားမယ်လို့ တာလီဘန်အရာရှိတွေက ပြီးခဲ့တဲ့စနေနေ့က ပြောခဲ့ပါတယ်။

ဒီပွဲအတွက် လုံခြုံရေးတင်းကျပ်ထားပြီး ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးတာတွေကိုလည်း ကန့်သတ်ထားပါတယ်။ သူ့ရဲ့ ၁၀ မိနစ်စာ မိန့်ခွန်းအသံဖိုင်ကိုတော့ တာလီဘန် လူမှုမီဒီယာတွေမှာ ဖြန့်ဝေထားပါတယ်။

သူ့မိန့်ခွန်းဟာ နိုင်ငံရေးအဖွဲ့အစည်းတွေအပေါ် ပြောဆိုထားတာမျိုး မရှိပေမယ့် တာလီဘန်ခေါင်းဆောင်မှုအတွက် ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုကိုတော့ ထုတ်ဖော်ထားပါတယ်။

Akhundzada ဟာ စစ်ရေးခေါင်းဆောင်မှုထက် ဘာသာရေးအရ ဦးဆောင်ဖို့ ရွေးချယ်ထားတာလို့ အတော်များများက ယူဆကြတာပါ။ အခုကြေညာချက်အရ သူ့အနေနဲ့ အခုအစိုးရသစ်ထဲ အဓိကနေရာက ပိုယူလာဖွယ်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG