Zawgyi/Unicode
ကဘူးၿမိဳ့ေတာ္မွာခုိေအာင္းေနတဲ့ IS-IS K အစၥလာမ္မစ္အစြန္းေရာက္အဖဲြ႔က အဖဲြ႔ဝင္ေတြကုိ တုိက္ခုိက္ဖ်က္ဆီး သုတ္သင္လုိက္ေၾကာင္း တာလီဘန္ တာဝန္ရွိသူေတြက တနလၤာေန႔မွာ ေျပာဆုိလုိက္ပါတယ္။
ဒီတုိက္ခုိက္ေခ်မွုန္းမွုဟာ တနဂၤေႏြေန႔တုန္းက ကဘူးၿမိဳ့ေတာ္ရဲ့အဓိက ဗလီတခုျဖစ္တဲ့ Eid Gah ဗလီရဲ့အျပင္ဘက္မွာ ဗုံးခဲြတုိက္ခုိက္မႈျဖစ္ၿပီးေနာက္ ညဘက္မွာ ဝင္ေရာက္စီးနင္း တုိက္ခုိက္ခဲ့တာ ျဖစ္ပါတယ္။ ဗလီကုိဗုံးခဲြတုိက္ခုိက္ခဲ့တဲ့အတြက္ အာဖဂန္ အရပ္သား ၈ ဦးေသဆုံးခဲ့ၿပီး ၂၀ ေက်ာ္ဒါဏ္ရာရခဲ့ပါတယ္။
ဒီဗုံးခဲြတုိက္ခုိက္မႈဟာ ISIS- K အဖဲြ႔ကလုပ္တယ္လုိ့ ေျပာဆုိထားျခင္းမရွိသလုိ IS ေတြကုိ ဝင္ေရာက္စီးနင္း တုိက္ခုိက္မွုဟာလည္း ဒီဗုံးခဲြမႈေၾကာင့္ဟုတ္မဟုတ္ ထုတ္ေဖၚေျပာဆုိျခင္းမရွိပါဘူး။ အာဖဂန္ေဒသခံ ISIS-K အဖဲြ႔ဟာ တာလီဘန္ေတြကုိပစ္မွတ္ထားၿပီး တုိက္ခုိက္ေနတဲ့အစြန္းေရာက္အဖြဲ႔ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ တနဂၤေႏြေန့ညက Khairkhana ေဒသအတြင္း ျပင္းထန္တဲ့တုိုက္ပဲြေတြျဖစ္ခဲ့တယ္လို့ ေဒသခံေတြက ေျပာပါတယ္။ အေသခံဗုံးခဲြသမားေတြအပါအဝင္ ISIS-K အဖဲြ႔ဝင္ေတြကုိ အကုန္လုံးသုတ္သင္ႏုိင္ခဲ့တယ္လုိ့ တာလီဘန္ ေျပာေရးဆုိခြင့္ရွိသူ Zabihullah Mujahid ကေျပာဆုိပါတယ္။
======
Unicode
ကဘူးမြို့တော် ISIS-K အခြေစိုက်နေရာကို တာလီဘန်တွေ တိုက်ခိုက်ဖျက်ဆီး
ကဘူးမြို့တော်မှာခိုအောင်းနေတဲ့ IS-IS K အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့က အဖွဲ့ဝင်တွေကို တိုက်ခိုက်ဖျက်ဆီး သုတ်သင်လိုက်ကြောင်း တာလီဘန် တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒီတိုက်ခိုက်ချေမှုန်းမှုဟာ တနင်္ဂနွေနေ့တုန်းက ကဘူးမြို့တော်ရဲ့အဓိက ဗလီတခုဖြစ်တဲ့ Eid Gah ဘလီရဲ့အပြင်ဘက်မှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် ညဘက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဗလီကိုဗုံးခွဲတိုက်ခိုက် ခဲ့တဲ့အတွက် အာဖဂန် အရပ်သား ၈ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ဒါဏ်ရာရခဲ့ပါတယ်။
ဒီဗုံးခွဲတိုက်ခိုက်မှုဟာ ISIS- K အဖွဲ့ကလုပ်တယ်လို့ ပြောဆိုထားခြင်းမရှိသလို IS တွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်မှုဟာလည်း ဒီဗုံးခွဲမှုကြောင့်ဟုတ်မဟုတ် ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါဘူး။ အာဖဂန်ဒေသခံ ISIS-K အဖွဲ့ဟာ တာလီဘန်တွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့အစွန်းရောက်အဖွဲ့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက Khairkhana ဒေသအတွင်း ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသေခံဗုံးခွဲသမားတွေအပါအဝင် ISIS-K အဖွဲ့ဝင်တွေကို အကုန်လုံးသုတ်သင်နိုင်ခဲ့တယ်လို့ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid ကပြောဆိုပါတယ်။
#Afghanistan #Taliban #VOABurmese