သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားအရန္ေငြ ထိန္းခ်ဳပ္မႈ ႐ုပ္သိမ္းဖို႔ အေမရိကန္ကို တာလီဘန္ေတာင္းဆို


ကာဘူးလ္ၿမိဳ႕မွာ သတင္းမီဒီယာေတြကို ေျပာျပေနတဲ့ အာဖဂန္ ႏုိင္ငံျခားေရးဝန္ႀကီး Amir Khan Muttaqi. (စက္တင္ဘာ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္ဗဟိုဘဏ္ရဲ႕ အရန္ေငြေတြအေပၚ အေမရိကန္က ထိန္းခ်ဳပ္ထားတာကို ဖယ္ရွားေပးဖို႔ တာလီဘန္ေတြက ေတာင္းဆိုလိုက္ပါတယ္။ ၾသဂုတ္လထဲ အေမရိကန္တပ္ေတြ ႐ုပ္သိမ္းခ်ိန္မွာ အာဖဂန္နစၥတန္ကို ထိန္းခ်ဳပ္လိုက္တဲ့ တာလီဘန္ေတြနဲ႔ အေမရိကန္တို႔ၾကား ႏွစ္ဖက္ အႀကီးတန္းအရာရွိေတြ ကာတာမွာ ပထမဆံုးအျဖစ္ လူကိုယ္တိုင္ ေတြ႔ဆံုရာမွာ အခုလို ေတာင္းဆိုလိုက္တာပါ။

ကာတာႏုိင္ငံ ဒိုဟာၿမိဳ႕မွာ ျပဳလုပ္တဲ့ ၂ ရက္ၾကာေဆြးေႏြးပြဲ ဖြင့္ပြဲမွာ အေမရိကန္ ကုိယ္စားလွယ္က အာဖဂန္ႏိုင္ငံအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ ေရရွည္အကူအညီေပးမွာ ျဖစ္ေၾကာင္းနဲ႔ အာဖဂန္ႏိုင္ငံသားေတြအတြက္ ကိုဗစ္ကာကြယ္ေဆးေတြေပးဖို႔ ကတိေပးခဲ့ေၾကာင္း တာလီဘန္အဖြဲ႔ကို ဦးေဆာင္တဲ့ ယာယီႏိ္ုင္ငံျခားေရးဝန္ႀကီး Amir Khan Muttaqi က သတင္းေထာက္ေတြကို ေျပာပါတယ္။ အာဖဂန္နစၥတန္မွာ ႏွစ္ေပါင္း ၂၀ ေလာက္ တပ္ေတြခ်ထားခဲ့တဲ့ အေမရိကန္နဲ႔ ရန္ဘက္အျဖစ္ရွိေနတဲ့ တာလီဘန္ေတြၾကား ဆက္ဆံေရး ပံုစံသစ္ထားရွိဖို႔ပါ ေဆြးေႏြးခဲ့တယ္လို႔လည္း ေျပာပါတယ္။

အေမရိကန္မွာ အာဖဂန္ဗဟိုဘဏ္က အပ္ႏွံထားတဲ့ ဘီလီယံနဲ႔ခ်ီတဲ့ အရန္ေငြေတြကိုေတာ့ အာဖဂန္နစၥတန္ႏိုင္ငံကို တာလီဘန္ေတြ သိမ္းပိုက္လိုက္ခ်ိန္ကစၿပီး အေမရိကန္အစိုးရက ထိန္းခ်ဳပ္ထားတာ ျဖစ္ပါတယ္။ တာလီဘန္အုပ္ခ်ဳပ္မႈေအာက္မွာ လူ႔အခြင့္အေရးအတြက္ စိုးရိမ္မႈေတြေၾကာင့္ ကမာၻ႔ဘဏ္နဲ႔ IMF အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖဲြ႔တို႔ကလည္း ဖြံ႔ၿဖိဳးေရး အကူအညီေတြကို ရပ္ဆိုင္းထားပါတယ္။

အေမရိကန္ အရာရွိေတြကေတာ့ ေငြေၾကး ထိန္းခ်ဳပ္ထားမႈကို ေျဖေလွ်ာ့ေပးဖို႔ ကိစၥဟာ တာလီဘန္ေတြ သူတို႔ေပးထားတဲ့ ကတိအတိုင္း လုပ္မလုပ္ေပၚ မူတည္ေနေၾကာင္း ေျပာပါတယ္။ ဒီကတိေတြထဲမွာ သက္ဆိုင္သူေတြ ပါဝင္တဲ့ အစိုးရဖြဲ႔ဖို႔၊ အမ်ိဳးသမီးေတြ အလုပ္လုပ္ခြင့္၊ ပညာသင္ၾကားခြင့္ အပါအဝင္ လူ႔အခြင့္အေရးေတြကို ေလးစားဖို႔ေတြလည္း ပါဝင္ေနတာပါ။ အခုလို တာလီဘန္ေတြနဲ႔ ေတြ႔ဆံုတာဟာ တာလီဘန္အစိုးရကို အသိအမွတ္ျပဳတာ မဟုတ္ေၾကာင္းလည္း အေမရိကန္ အရာရွိေတြက စေနေန႔မွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

နိုင်ငံခြားအရန်ငွေ ထိန်းချုပ်မှု ရုပ်သိမ်းဖို့ အမေရိကန်ကို တာလီဘန်တောင်းဆို

အာဖဂန်ဗဟိုဘဏ်ရဲ့ အရန်ငွေတွေအပေါ် အမေရိကန်က ထိန်းချုပ်ထားတာကို ဖယ်ရှားပေးဖို့ တာလီဘန်တွေက တောင်းဆိုလိုက်ပါတယ်။ သြဂုတ်လထဲ အမေရိကန်တပ်တွေ ရုပ်သိမ်းချိန်မှာ အာဖဂန်နစ္စတန်ကို ထိန်းချုပ်လိုက်တဲ့ တာလီဘန်တွေနဲ့ အမေရိကန်တို့ကြား နှစ်ဖက် အကြီးတန်းအရာရှိတွေ ကာတာမှာ ပထမဆုံးအဖြစ် လူကိုယ်တိုင် တွေ့ဆုံရာမှာ အခုလို တောင်းဆိုလိုက်တာပါ။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ပြုလုပ်တဲ့ ၂ ရက်ကြာဆွေးနွေးပွဲ ဖွင့်ပွဲမှာ အမေရိကန် ကိုယ်စားလှယ်က အာဖဂန်နိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရေရှည်အကူအညီပေးမှာ ဖြစ်ကြောင်းနဲ့ အာဖဂန်နိုင်ငံသားတွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေပေးဖို့ ကတိပေးခဲ့ကြောင်း တာလီဘန်အဖွဲ့ကို ဦးဆောင်တဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က သတင်းထောက်တွေကို ပြောပါတယ်။ အာဖဂန်နစ္စတန်မှာ နှစ်ပေါင်း ၂၀ လောက် တပ်တွေချထားခဲ့တဲ့ အမေရိကန်နဲ့ ရန်ဘက်အဖြစ်ရှိနေတဲ့ တာလီဘန်တွေကြား ဆက်ဆံရေး ပုံစံသစ်ထားရှိဖို့ပါ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

အမေရိကန်မှာ အာဖဂန်ဗဟိုဘဏ်က အပ်နှံထားတဲ့ ဘီလီယံနဲ့ချီတဲ့ အရန်ငွေတွေကိုတော့ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက်လိုက်ချိန်ကစပြီး အမေရိကန်အစိုးရက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ တာလီဘန်အုပ်ချုပ်မှုအောက်မှာ လူ့အခွင့်အရေးအတွက် စိုးရိမ်မှုတွေကြောင့် ကမ္ဘာ့ဘဏ်နဲ့ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ကလည်း ဖွံ့ဖြိုးရေး အကူအညီတွေကို ရပ်ဆိုင်းထားပါတယ်။

အမေရိကန် အရာရှိတွေကတော့ ငွေကြေး ထိန်းချုပ်ထားမှုကို ဖြေလျှော့ပေးဖို့ ကိစ္စဟာ တာလီဘန်တွေ သူတို့ပေးထားတဲ့ ကတိအတိုင်း လုပ်မလုပ်ပေါ် မူတည်နေကြောင်း ပြောပါတယ်။ ဒီကတိတွေထဲမှာ သက်ဆိုင်သူတွေ ပါဝင်တဲ့ အစိုးရဖွဲ့ဖို့၊ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်၊ ပညာသင်ကြားခွင့် အပါအဝင် လူ့အခွင့်အရေးတွေကို လေးစားဖို့တွေလည်း ပါဝင်နေတာပါ။ အခုလို တာလီဘန်တွေနဲ့ တွေ့ဆုံတာဟာ တာလီဘန်အစိုးရကို အသိအမှတ်ပြုတာ မဟုတ်ကြောင်းလည်း အမေရိကန် အရာရှိတွေက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG