သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်အစိုးရ လုပ်ရပ်ကြောင့် ဥရောပသမဂ္ဂ အကူအညီပေးရမှာ စိတ်ပျက်


ဆော်ဒီနိုင်ငံ Riyadh မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell(ဝဲ) နဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al-Saud. (အောက်တိုဘာ ၃၊ ၂၀၂၁)
ဆော်ဒီနိုင်ငံ Riyadh မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell(ဝဲ) နဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al-Saud. (အောက်တိုဘာ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်မှာ ဖွဲ့စည်းထားတဲ့ တာလီဘန်အစိုးရရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ အခုချိန်ထိ အားရစရာ မကောင်းသေးဘူးလို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

“အာဖဂန်နစ္စတန်မှာ စီးပွားရေးပြိုလဲနေပြီး ဒါကို ကျားကန်ပေးဖို့ စဉ်းစားမယ်ဆိုရင် လက်ရှိ အာဏာထိန်းချုပ်ထားတဲ့ တာလီဘန်အစိုးရကို ကူညီ ထောက်ပံ့ရပါလိမ့်မယ်။ ဒါက သူတို့ရဲ့ အပြုအမူပေါ်မှာ မူတည်ပါတယ်။ တာလီဘန်တို့ရဲ့လုပ်ရပ်က ခုချိန်ထိ ဘယ်လိုမှ အားရစရာ မကောင်းသေးတဲ့အတွက် သူတို့အစိုးရအဖွဲ့ကို ကျနော်တို့ ကူညီထောက်ပံ့လိုစိတ် မရှိပါဘူး။” လို့ Borrell က ပြောသွားတာပါ။

အာဖဂန်မှာ စီးပွားရေးပြိုလဲနေတာက အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုနဲ့ အခြား အန္တရာယ်တွေကိုပါ တိုးလာစေနိုင်တယ်လို့ အောက်တိုဘာ ၃ ရက်နေ့ ဆော်ဒီအာရေးဗျ ခေါင်းဆောင်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Josep Borrell က ထောက်ပြ ပြောသွားပါတယ်။ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန် Josep Borrell ဟာ ဆော်ဒီနိုင်ငံ Riyadh မြို့ကို ရောက်ရှိနေပြီး အာဖဂန်နဲ့ ယီမင်နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။

အာဖဂန်မှာ တာလီဘန်အုပ်စုက အာဏာရယူခဲ့ချိန်ကစလို့ ဥရောပသမဂ္ဂက လူသားချင်းစာနာတဲ့ အကူအညီတွေ တိုးမြှင့်ပေးအပ်ခဲ့ပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့တွေကိုတော့ ရပ်ဆိုင်းလိုက်ပါတယ်။ ဥရောပသမဂ္ဂလိုပဲ အခြားနိုင်ငံတွေနဲ့ ကမ္ဘာ့ဘဏ်ကပါ အကူအညီတွေ ရပ်ဆိုင်းထားပါတယ်။

ဒါ့အပြင် အီရန်နျူကလီးယားအရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အီရန်တို့ကြား ဆွေးနွေးပွဲတွေ ဗီယင်နာမြို့မှာ မကြာခင် ပြန်စနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

တာလီဘန်အစိုးရ လုပ်ရပ်ကြောင့် ဥရောပသမဂ္ဂ အကူအညီပေးရမှာ စိတ်ပျက်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)

တာလီဘနျအစိုးရ လုပျရပျကွောင့ျ ဥရောပသမဂ်ဂ အကူအညီပေးရမှာ စိတျပကြျ






XS
SM
MD
LG