(Zawgyi / Unicode)
အာဖဂန္နစၥတန္ႏိုင္ငံက တာလီဘန္အစိုးရသစ္က အမ်ိဳးသမီးေရးရာ ဝန္ႀကီးဌာနကို ပိတ္ၿပီး စာရိတၱတိုးတက္ေရးနဲ႔ ျပစ္မႈကာကြယ္ေရးအတြက္ ရည္ရြယ္တဲ့ ဝန္ႀကီးဌာနနဲ႔ အစားထိုးလိုက္ပါတယ္။
ကာဘူးလ္ၿမိဳ႕ေတာ္က အမ်ိဳးသမီးေရးရာ ဝန္ႀကီးဌာနရဲ႕ အျပင္ဘက္မွာ ေသာၾကာေန႔က ဆိုင္းဘုတ္သစ္တင္ခဲ့ရာမွာ တရားဓမၼနဲ႔ လမ္းၫႊန္မႈ၊ အက်င့္သီလ စင္ၾကယ္ေရး၊ မေကာင္းမႈဒုစ႐ိုက္ ကာကြယ္ေရး ဝန္ႀကီးဌာန ႐ုံးခ်ဳပ္လို႔ အမည္ေျပာင္းလဲထားတာ ေတြ႔ၾကရပါတယ္။ ဒီလို အေျပာင္းအလဲ လုပ္ခဲ့ၿပီးေနာက္ အမ်ိဳးသမီးမ်ားရဲ႕ စီးပြားေရးဆိုင္ရာ တိုးတက္ျမႇင့္တင္ေရးနဲ႔ ေက်းလက္ဖြံ႔ၿဖိဳးေရးဆိုင္ရာ ကမာၻ႔ဘဏ္ရဲ႕ ေဒၚလာ သန္း ၁၀၀ အစီအစဥ္က ဝန္ထမ္းေတြကိုလည္း စေနေန႔မွာ အေဆာက္အအံုထဲကေန ေမာင္းထုတ္ခဲ့ေၾကာင္း ကိုယ္တိုင္ႀကံဳေတြ႔ခဲ့ရတဲ့ အစီအစဥ္ဝန္ထမ္း Sharif Akhtar က ေျပာပါတယ္။
တာလီဘန္ စီမံခန္႔ခြဲေနတဲ့ ပညာေရးဝန္ႀကီးဌာနက စေနေန႔မွာထုတ္တဲ့ ေၾကညာခ်က္မွာလည္း အမ်ိဳးသား ေက်ာင္းဆရာေတြနဲ႔ ေက်ာင္းသားေတြအားလံုး အတန္းျပန္တက္ႏိုင္ၿပီလို႔ ေဖာ္ျပထားပါတယ္။ အမ်ိဳးသမီး ေက်ာင္းဆရာမေတြနဲ႔ ေက်ာင္းသူေတြကိုေတာ့ ေၾကညာခ်က္မွာ ထည့္သြင္းမထားပါဘူး။
အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးေတြအေပၚ ကန္႔သတ္တားျမစ္ခ်က္ေတြကို ေျဖေလွ်ာ့ေပးလိုေၾကာင္း မၾကာခင္က တာလီဘန္တို႔ ေၾကညာခ်က္ေတြ ထုတ္ေပမယ္လို႔လည္း ၿပီးခဲ့တဲ့လ ကာဘူးလ္ၿမိဳ႕ေတာ္ကို သိမ္းပိုက္ၿပီးခ်ိန္ကစလို႔ တာလီဘန္တို႔က အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးေတြကို ကန္႔သတ္ပိတ္ပင္ေနတာပါ။ ဒီကိစၥေတြနဲ႔ ပတ္သက္လို႔ေတာ့ တာလီဘန္ဘက္က မွတ္ခ်က္ေပး ေျပာဆိုမႈ မရွိပါဘူး။
----------------------
(Unicode)
အာဖဂန် အမျိုးသမီးရေးရာ ဝန်ကြီးဌာန အပိတ်ခံရ
အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အစိုးရသစ်က အမျိုးသမီးရေးရာ ဝန်ကြီးဌာနကို ပိတ်ပြီး စာရိတ္တတိုးတက်ရေးနဲ့ ပြစ်မှုကာကွယ်ရေးအတွက် ရည်ရွယ်တဲ့ ဝန်ကြီးဌာနနဲ့ အစားထိုးလိုက်ပါတယ်။
ကာဘူးလ်မြို့တော်က အမျိုးသမီးရေးရာ ဝန်ကြီးဌာနရဲ့ အပြင်ဘက်မှာ သောကြာနေ့က ဆိုင်းဘုတ်သစ်တင်ခဲ့ရာမှာ တရားဓမ္မနဲ့ လမ်းညွှန်မှု၊ အကျင့်သီလ စင်ကြယ်ရေး၊ မကောင်းမှုဒုစရိုက် ကာကွယ်ရေး ဝန်ကြီးဌာန ရုံးချုပ်လို့ အမည်ပြောင်းလဲထားတာ တွေ့ကြရပါတယ်။ ဒီလို အပြောင်းအလဲ လုပ်ခဲ့ပြီးနောက် အမျိုးသမီးများရဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မြှင့်တင်ရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ဒေါ်လာ သန်း ၁၀၀ အစီအစဉ်က ဝန်ထမ်းတွေကိုလည်း စနေနေ့မှာ အဆောက်အအုံထဲကနေ မောင်းထုတ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အစီအစဉ်ဝန်ထမ်း Sharif Akhtar က ပြောပါတယ်။
တာလီဘန် စီမံခန့်ခွဲနေတဲ့ ပညာရေးဝန်ကြီးဌာနက စနေနေ့မှာထုတ်တဲ့ ကြေညာချက်မှာလည်း အမျိုးသား ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေအားလုံး အတန်းပြန်တက်နိုင်ပြီလို့ ဖော်ပြထားပါတယ်။ အမျိုးသမီး ကျောင်းဆရာမတွေနဲ့ ကျောင်းသူတွေကိုတော့ ကြေညာချက်မှာ ထည့်သွင်းမထားပါဘူး။
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် ကန့်သတ်တားမြစ်ချက်တွေကို ဖြေလျှော့ပေးလိုကြောင်း မကြာခင်က တာလီဘန်တို့ ကြေညာချက်တွေ ထုတ်ပေမယ်လို့လည်း ပြီးခဲ့တဲ့လ ကာဘူးလ်မြို့တော်ကို သိမ်းပိုက်ပြီးချိန်ကစလို့ တာလီဘန်တို့က အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ပိတ်ပင်နေတာပါ။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့တော့ တာလီဘန်ဘက်က မှတ်ချက်ပေး ပြောဆိုမှု မရှိပါဘူး။