သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ တာလီဘန်တို့ အိမ်စောင့်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာ


(Zawgyi/ Unicode)

အာဖဂန်နစ္စတန် နိုင်ငံရဲ့ အစ္စလာမ်ယာယီအစိုးရအဖြစ် အင်္ဂါနေ့မှာပဲ တာလီဘန်တွေ ကြေညာလိုက်ပြီး တာလီဘန်အဖွဲ့ကို ထူထောင်ခဲ့တဲ့ ကွယ်လွန်သူ Mullah Omar နဲ့ ရင်းနှီးတဲ့ Mullah Hasan Akhund ဦးဆောင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

တာလီဘန်တွေကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ နောက်ဆုံးနယ်မြေ တခုဖြစ်တဲ့ Panjshir ကို ထိန်းချုပ် သိမ်းပိုက်လိုက်ကြောင်း ကြေညာပြီး နောက်တရက်မှာပဲ တာလီဘန်အဖွဲ့က ယာယီအစိုးရကို ကြေညာလိုက်တာပါ။

အစိုးရအဖွဲ့ဝင် တာဝန်တွေဟာ ယာယီသာဖြစ်ပြီး နောက်ထပ် ဝန်ကြီးနေရာတွေကို မကြာခင် ဆက်လက် ကြေညာမှာ ဖြစ်ကြောင်းလည်း တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က ကဘူးမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ခန့်မှန်းခြေ အသက် ၆၀ ကျော်အရွယ် Akhund ကတော့ တာလီဘန်အစိုးရအဖွဲ့ ကြေညာလိုက်တဲ့အပေါ် အောင်မြင်မှုအဖြစ် တာလီဘန်အဖွဲ့ စတင်ထူထောင်ခဲ့ရာ နိုင်ငံတောင်ပိုင်းက Kandahar မြို့မှာ ပြောဆိုခဲ့တာပါ။

တာလီဘန်အဖွဲ့ရဲ့ ဦးဆောင်မှုကောင်စီ အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့ Akhund ဟာ နှစ်ပေါင်း ၂၀ နီးပါးကြာ အာဖဂန်စစ်ပွဲမှာ အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ တာလီဘန်အဖွဲ့ နိုင်ငံရေးဌာန အကြီးအကဲ Mullah Abdul Ghani Baradar ကတော့ ယာယီအစိုးရရဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာပါ။

ပြည်ထဲရေးဝန်ကြီး တာဝန်ကိုတော့ Sirajuddin Haqqani နိုင်ငံခြားရေးဝန်ကြီးအဖြစ် Amir Khan Muttaqi တာလီဘန်အဖွဲ့ ထူထောင်သူ အိုမာရဲ့ သားဖြစ်သူ Mohammad Yaqoob ကတော့ ယာယီကာကွယ်ရေးဝန်ကြီး တာဝန်ယူကြမှာပါ။

ယာယီပြည်ထဲရေးဝန်ကြီး ဖြစ်လာတဲ့ Haqqani ဟာ အမေရိကန်က နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ Haqqani ကွန်ရက်ကို ဦးဆောင်သူဖြစ်ပြီး သူ့ကိုဖမ်းမိအောင် သတင်းပေးနိုင်ရင် ဒေါ်လာ ၁၀ သန်း ပေးဖို့လည်း အမေရိကန်က ဆုငွေထုတ်ထားပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ကတော့ တာလီဘန် ယာယီအစိုးရကို အလျင်စလို အသိအမှတ်ပြု လက်ခံမှာ မဟုတ်ကြောင်း အင်္ဂါနေ့မှာပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)










XS
SM
MD
LG