သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားသားေတြထြက္ခြင့္ေပးေရး ကတိအတိုင္း တာလီဘန္လိုက္နာဖို႔သတိေပး


အမေရိကန္ထြက္ခြာသြားျပီးေနာက္ ကာဘူးျမိဳ ့ အနောက္ျေမာက္ဘက္ျခမ္းမွာ တေြ ့ရတဲ့ တာလီဘန္တပ္ဖြဲ ့၀င္တခ်ိဳ ့ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

အာဖဂန္ႏုိင္ငံထဲက ခရီးသြားလာစာရြက္စာတမ္းရွိတဲ့ သူေတြကို အဟန္႔အတားမရွိ ထြက္ခြါခြင့္ျပဳမယ္ဆိုတဲ့ တာလီဘန္တို႔ ကတိစကားအတုိင္း လိုက္နာမႈရွိေအာင္ ႏုိင္ငံတကာအသိုင္းအ၀ိုင္းက ထပ္ၿပီးသတိေပးထားပါတယ္လို႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Anthony Blinken ကအဂၤါေန႔မွာေျပာပါတယ္။ ႏွစ္ႏုိင္ငံ ႏုိင္ငံသားခံယူထားသူေတြအပါအ၀င္ အေမရိကန္ ၁၀၀ ေလာက္အာဖဂန္နစၥတန္ႏုိင္ငံထဲမွာ ရွိေနေသးတယ္လို႔ယုံၾကည္ရေၾကာင္းလည္း ကာတာႏုိင္ငံကို ေရာက္ရွိေနတဲ့ ၀န္ႀကီး Blinken ကေျပာဆိုခဲ့တာပါ။

အာဖဂန္မွာရွိေနေသးတဲ့ အေမရိကန္ေတြအေနနဲ႔သူတို႔ဆႏၵအတုိင္း ႏုိင္ငံထဲက ထြက္ခြါႏုိင္ေအာင္ အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက တုိက္ရုိက္ဆက္သြယ္ေဆာင္ရြက္ေနပါတယ္လို႔လည္းေျပာပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း လူ ၄ ဦးပါတဲ့ အေမရိကန္မိသားစုတခုကို ကုန္းလမ္းကေန တာလီဘန္ေတြ အာဖဂန္ကေန ထြက္ခြါခြင့္ျပဳခဲ့တယ္လို႔လည္းေျပာပါတယ္။ အာဖဂန္ကို တာလီဘန္တို႔ ထိန္းခ်ဳပ္လိုက္ၿပီးတဲ့ေနာက္ အာဖဂန္ထဲက အေမရိကန္ႏုိင္ငံသားေတြနဲ႔ ႏုိင္ငံတကာ အမ်ားအျပားကို လက္ခံေပးထားတဲ့ ကာတာ ျပည္သူေတြကို အထူးေက်းဇူးတင္ေၾကာင္း ၀န္ႀကီး Blinken ကေျပာဆိုခဲ့ပါတယ္။

အာဖဂန္ကို တာလိီဘန္တို႔ ထိန္းခ်ဳပ္လိုက္တဲ့ေနာက္ပိုင္း ဒိုဟာၿမိဳ ႔ကေနတဆင့္ ထြက္ခြါလာသူ ၅၈၀၀၀ ေလာက္ရွိတယ္လို႔လည္းေျပာပါတယ္။ အာဖဂန္ေတြ၊ အေမရိကန္ေတြနဲ႔ အျခားႏုိင္ငံစုံက ျပည္သူေတြကို ကာတာႏုိင္ငံက ခုလို ကူညီလုပ္ကိုင္ေပးခဲ့တာကို အၿမဲအမွတ္ရေနပါမယ္လို႔လည္းေျပာပါတယ္။

အာဖဂန္ႏုိင္ငံတြင္းက အေျခအေနေတြ၊ လူသားခ်င္းစာနာမႈအကူအညီေပးေရး၊ အၾကမ္းဖက္၀ါဒ တန္ျပန္ေျခမႈန္းေရးနဲ႔ ပတ္သက္လို႔ ကာတာႏုိင္ငံျခားေရး၀န္ႀကီး Mohammad bin Abdulrahman Al Thani၊ ကာကြယ္ေရး၀န္ႀကီး Khalid bin Mohammed al-Attiyah နဲ႔ ၀န္ႀကီး Blinken အျပင္ အေမရိကန္ကာကြယ္ေရး၀န္ႀကီး Lloynd Austin တို႔ ေဆြးေႏြးအၿပီး သတင္းစာရွင္းလင္းပြဲမွာ အဲဒီလိုေျပာဆိုခဲ့တာျဖစ္ပါတယ္။ အာဖဂန္နစၥတန္ႏုိင္ငံ၊ ကာဘူးလ္ေလဆိပ္ျပန္ဖြင့္ႏုိင္ေအာင္ ကာတာႏုိင္ငံဖက္က နည္းပညာဆုိင္ရာအကူအညီေတြေပးအပ္ေနတယ္လို႔ ကာတာ ႏုိင္ငံျခားေရး ၀န္ႀကီး AL Thani ကေျပာပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


နိုင်ငံခြားသားတွေထွက်ခွင့်ပေးရေး ကတိအတိုင်း တာလီဘန်လိုက်နာဖို့သတိပေး

(Unicode)

အာဖဂန်နိုင်ငံထဲက ခရီးသွားလာစာရွက်စာတမ်းရှိတဲ့ သူတွေကို အဟန့်အတားမရှိ ထွက်ခွါခွင့်ပြုမယ်ဆိုတဲ့ တာလီဘန်တို့ ကတိစကားအတိုင်း လိုက်နာမှုရှိအောင် နိုင်ငံတကာအသိုင်းအဝိုင်းက ထပ်ပြီးသတိပေးထားပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကအင်္ဂါနေ့မှာပြောပါတယ်။ နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူတွေအပါအဝင် အမေရိကန် ၁၀၀ လောက်အာဖဂန်နစ္စတန်နိုင်ငံထဲမှာ ရှိနေသေးတယ်လို့ယုံကြည်ရကြောင်းလည်း ကာတာနိုင်ငံကို ရောက်ရှိနေတဲ့ ဝန်ကြီး Blinken ကပြောဆိုခဲ့တာပါ။

အာဖဂန်မှာရှိနေသေးတဲ့ အမေရိကန်တွေအနေနဲ့သူတို့ဆန္ဒအတိုင်း နိုင်ငံထဲက ထွက်ခွါနိုင်အောင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နေပါတယ်လို့လည်းပြောပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၄ ဦးပါတဲ့ အမေရိကန်မိသားစုတခုကို ကုန်းလမ်းကနေ တာလီဘန်တွေ အာဖဂန်ကနေ ထွက်ခွါခွင့်ပြုခဲ့တယ်လို့လည်းပြောပါတယ်။ အာဖဂန်ကို တာလီဘန်တို့ ထိန်းချုပ်လိုက်ပြီးတဲ့နောက် အာဖဂန်ထဲက အမေရိကန်နိုင်ငံသားတွေနဲ့ နိုင်ငံတကာ အများအပြားကို လက်ခံပေးထားတဲ့ ကာတာ ပြည်သူတွေကို အထူးကျေးဇူးတင်ကြောင်း ဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။

အာဖဂန်ကို တာလီဘန်တို့ ထိန်းချုပ်လိုက်တဲ့နောက်ပိုင်း ဒိုဟာမြို့ကနေတဆင့် ထွက်ခွါလာသူ ၅၈၀၀၀ လောက်ရှိတယ်လို့လည်းပြောပါတယ်။ အာဖဂန်တွေ၊ အမေရိကန်တွေနဲ့ အခြားနိုင်ငံစုံက ပြည်သူတွေကို ကာတာနိုင်ငံက ခုလို ကူညီလုပ်ကိုင်ပေးခဲ့တာကို အမြဲအမှတ်ရနေပါမယ်လို့လည်းပြောပါတယ်။

အာဖဂန်နိုင်ငံတွင်းက အခြေအနေတွေ၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ အကြမ်းဖက်ဝါဒ တန်ပြန်ခြေမှုန်းရေးနဲ့ ပတ်သက်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီး Mohammad bin Abdulrahman Al Thani၊ ကာကွယ်ရေးဝန်ကြီး Khalid bin Mohammed al-Attiyah နဲ့ ဝန်ကြီး Blinken အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloynd Austin တို့ ဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်လေဆိပ်ပြန်ဖွင့်နိုင်အောင် ကာတာနိုင်ငံဖက်က နည်းပညာဆိုင်ရာအကူအညီတွေပေးအပ်နေတယ်လို့ ကာတာ နိုင်ငံခြားရေး ဝန်ကြီး AL Thani ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG