သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အရေး ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဂျာမနီ သွားမည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken. (စက်တင်ဘာ ၃၊ ၂၀၂၁)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken. (စက်တင်ဘာ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံတွင်း အခြေအနေတွေ အရေးကို အမေရိကန်ရဲ့ အရေးကြီးတဲ့ မဟာမိတ်တွေနဲ့ ဆွေးနွေးဖို့အတွက် တနင်္ဂနွေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကာတာနဲ့ ဂျာမနီနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်ကနေ အမေရိကန်ရဲ့ လေကြောင်းကယ်ဆယ်ရေး လုပ်ငန်းတွေအတွင်း အဓိကလက်ခံရာ ကာတာနိုင်ငံကို အထူးကျေးဇူးတင်ကြောင်း၊ တနင်္ဂနွေနေ့မှာ ခရီးစထွက်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ သောကြာနေ့က သတင်းထောက်တွေကို ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ကာတာနိုင်ငံ ဒိုဟာကို သွားရောက်မှာဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွင်း ပံ့ပိုးဆောင်ရွက်မှု အားလုံးအတွက် အထူးကျေးဇူးတင်ကြောင်း ကာတာခေါင်းဆောင်တွေကို ပြောမယ့်အကြောင်း၊ နောက် အမေရိကန်ကို လာကြဖို့ ပြင်ဆင်နေကြတဲ့ ဒိုဟာမှာ ဘေးကင်းလုံခြုံစွာ ရောက်နေကြပြီဖြစ်တဲ့ ကာဘူးလ်သံရုံးက ဒေသခံဝန်ထမ်းတွေ အပါအဝင် အာဖဂန်တွေနဲ့ တွေ့ဆုံနိုင်မယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောပါတယ်။

ဒီနောက်မှာတော့ အမေရိကန်ကိုသွားဖို့ ပြင်ဆင်နေကြတဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ အာဖဂန်ဒုက္ခသည်တွေကို ဝန်ကြီး Blinken က ဂျာမနီနိုင်ငံ Ramstein အမေရိကန် လေတပ်အခြေစိုက်စခန်းမှာ တွ့ဆုံမှာဖြစ်ပါတယ်။ ဒါ့အပြင် အာဖဂန်အရေး နိုင်ငံ ၂၀ က ဝန်ကြီးများ အွန်လိုင်းဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas နဲ့အတူ ဦးဆောင်ဆွေးနွေးဖို့ ရှိနေပါတယ်။

အာဖဂန်အရေး ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဂျာမနီ သွားမည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

---------------------

(Unicode)






XS
SM
MD
LG