သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ ကယ္ဆယ္ေရးလုပ္ငန္း ကန္တာဝန္ရွိသူေတြၾကား ေျပာဆိုခ်က္ကြဲလြဲ


အမေရိကန္နိုင္ငံဆီ ေရြ ့ေျပာင္းသြားနိုင္ေရး တန္းစီေနတဲ့ ကာဘူးလ္နိင္ငံတကာေလဆိပ္မွာ ေတြ ့ရတဲ့ အာဖဂန္မ်ား (ဓာတ္ပံု - AP)

(Zawgyi/Unicode)

အာဖဂန္နစၥတန္ႏိုင္ငံမွာ လူေပါင္း တသိန္း ႏွစ္ေသာင္း ေလးေထာင္ေက်ာ္ ကို တက္သုတ္႐ိုက္ ကယ္တင္ခဲ့ရတဲ့ အေမရိကန္ တပ္ဖြဲ႔ေတြရဲ႕ ေနာက္ဆုံးေန႔ရက္ အေျခအေနကို ေျပာဆိုရာမွာ ထိပ္တန္း အေမရိကန္ အရာရွိေတြၾကား ကြဲလြဲခ်က္ေတြ ရွိေနပါတယ္။

ကယ္ဆယ္ေရးလုပ္ငန္းေတြ အႀကီးအက်ယ္ ေအာင္ျမင္မႈ ရခဲ့တဲ့အေၾကာင္း သမၼတ Joe Biden က ေျပာခဲ့ေပမဲ့ အေမရိကန္ အရာရွိတခ်ဳိ႕ကိုယ္တိုင္ ဘယ္သူေတြကို ကယ္မလဲဆိုၿပီး ခက္ခက္ခဲခဲ ဆုံးျဖတ္ခ်က္ေနာက္မွာ နာက်င္ေျခာက္လွန္႔မႈကို ခံေနရဆဲပဲလို႔ ေျပာပါတယ္။

၁၈ ရက္ၾကာ ေလေၾကာင္းက ကယ္ဆယ္ေရးလုပ္ငန္းေတြဟာ အေမရိကန္ျပည္ေထာင္စုသမိုင္းမွာ အႀကီးမားဆုံးနဲ႔ သမိုင္း၀င္လုပ္ရပ္အျဖစ္ အေမရိကန္အစိုးရက ေျပာဆိုထားတာပါ။ ဒါေပမဲ့လည္း ကယ္ဆယ္ရာမွာ အေမရိကန္ အထူး ျပည္၀င္ခြင့္ဗီဇာ အက်ဳံး၀င္တဲ့ အာဖဂန္ႏိုင္ငံသား အမ်ားအျပားကို ခ်န္ထားခဲ့ရပါတယ္။

ဒီလိုထားခဲ့ရတာကို အေမရိကန္ အရာရွိတခ်ဳိ႕ နာက်င္ ေဒါသနဲ႔ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။ SIV ေခၚ အထူးဗီဇာမရဘဲက်န္ခဲ့တဲ့ အာဖဂန္ႏိုင္ငံသား ဘယ္ေလာက္အထိ ရွိမလဲဆိုၿပီး ေမးခြန္းထုတ္တဲ့အခါ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ထိပ္တန္းအရာရွိတေယာက္ကေတာ့ အမ်ားစုကို ထားခဲ့ရတယ္လို႔ ေျဖပါတယ္။ ဒါေပမဲ့လည္း ကယ္ဆယ္ေရးမွာ လူတိုင္းက ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ရဲ႕ ေျခာက္လွန္႔တာကို ခံေနရဆဲျဖစ္ၿပီး နာနာက်င္က်င္ ေရြးခ်ယ္ ဆုံးျဖတ္ခဲ့ရတယ္လို႔ ေျပာပါတယ္။

အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Lloyd Austin ကေတာ့ ကယ္ဆယ္ေရးလုပ္ငန္းေတြ ႀကီးၾကပ္ခဲ့တဲ့ တပ္ဖြဲ႔၀င္ေတြကို ခ်ီးက်ဳးေျပာဆိုၿပီး တခ်ိန္တည္းမွာ ကယ္ဆယ္ေရ လုပ္ငန္းေတြဟာ ဒီထက္ပိုၿပီး လုပ္ႏိုင္စြမ္း ရွိခဲ့ဖို႔ေကာင္းမယ္ဆိုတာ ၀န္ခံပါတယ္။ ၿပီးျပည့္စုံတဲ့ စစ္ဆင္ေရးဆိုတာ ဘယ္တုန္းကမွ မရွိခဲ့ပါဘူးလို႔ ၀န္ခံေျပာဆိုတာပါ။ ဒါေပမဲ့လည္း အေမရိကန္ ကာကြယ္ေရး၀န္ႀကီးဌာန ထိပ္တန္းအႀကီးအကဲ တခ်ဳိ႕ကိုယ္တိုင္ အာဖဂန္ကယ္ဆယ္ေရး လုပ္ငန္းေတြနဲ႔ပတ္သက္လို႔ စိတ္ထိခိုက္ရတဲ့အေၾကာင္း ထုတ္ေဖာ္ ေျပာဆိုေနၾကပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


အာဖဂန် ကယ်ဆယ်ရေးလုပ်ငန်း ကန်တာဝန်ရှိသူတွေကြား ပြောဆိုချက်ကွဲလွဲ

(Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာ လူပေါင်း တသိန်း နှစ်သောင်း လေးထောင်ကျော် ကို တက်သုတ်ရိုက် ကယ်တင်ခဲ့ရတဲ့ အမေရိကန် တပ်ဖွဲ့တွေရဲ့ နောက်ဆုံးနေ့ရက် အခြေအနေကို ပြောဆိုရာမှာ ထိပ်တန်း အမေရိကန် အရာရှိတွေကြား ကွဲလွဲချက်တွေ ရှိနေပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ အကြီးအကျယ် အောင်မြင်မှု ရခဲ့တဲ့အကြောင်း သမ္မတ Joe Biden က ပြောခဲ့ပေမဲ့ အမေရိကန် အရာရှိတချို့ကိုယ်တိုင် ဘယ်သူတွေကို ကယ်မလဲဆိုပြီး ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်နောက်မှာ နာကျင်ခြောက်လှန့်မှုကို ခံနေရဆဲပဲလို့ ပြောပါတယ်။

၁၈ ရက်ကြာ လေကြောင်းက ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အကြီးမားဆုံးနဲ့ သမိုင်းဝင်လုပ်ရပ်အဖြစ် အမေရိကန်အစိုးရက ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ကယ်ဆယ်ရာမှာ အမေရိကန် အထူး ပြည်ဝင်ခွင့်ဗီဇာ အကျုံးဝင်တဲ့ အာဖဂန်နိုင်ငံသား အများအပြားကို ချန်ထားခဲ့ရပါတယ်။

ဒီလိုထားခဲ့ရတာကို အမေရိကန် အရာရှိတချို့ နာကျင် ဒေါသနဲ့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ SIV ခေါ် အထူးဗီဇာမရဘဲကျန်ခဲ့တဲ့ အာဖဂန်နိုင်ငံသား ဘယ်လောက်အထိ ရှိမလဲဆိုပြီး မေးခွန်းထုတ်တဲ့အခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတယောက်ကတော့ အများစုကို ထားခဲ့ရတယ်လို့ ဖြေပါတယ်။ ဒါပေမဲ့လည်း ကယ်ဆယ်ရေးမှာ လူတိုင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်ရဲ့ ခြောက်လှန့်တာကို ခံနေရဆဲဖြစ်ပြီး နာနာကျင်ကျင် ရွေးချယ် ဆုံးဖြတ်ခဲ့ရတယ်လို့ ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြီးကြပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ချီးကျုးပြောဆိုပြီး တချိန်တည်းမှာ ကယ်ဆယ်ရေ လုပ်ငန်းတွေဟာ ဒီထက်ပိုပြီး လုပ်နိုင်စွမ်း ရှိခဲ့ဖို့ကောင်းမယ်ဆိုတာ ဝန်ခံပါတယ်။ ပြီးပြည့်စုံတဲ့ စစ်ဆင်ရေးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ ဝန်ခံပြောဆိုတာပါ။ ဒါပေမဲ့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအကြီးအကဲ တချို့ကိုယ်တိုင် အာဖဂန်ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ စိတ်ထိခိုက်ရတဲ့အကြောင်း ထုတ်ဖော် ပြောဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG