သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ အေျခစိုက္ IS ေမာ္ေတာ္ယာဥ္ ကန္ အေဝးထိန္းဒ႐ုန္းနဲ႔ တိုက္ခိုက္


ေနာက္ထပ္တိုက္ခိုက္မႈနဲ႔ ၾကံဳရႏိုင္တယ္လို႔ သတိေပးထားတဲ့ ကာဘူးလ္ေလဆိပ္အတြက္ အႏၲရာယ္ရွိႏိုင္တဲ့ ပံုစံေတြ႕ေနရတဲ့ ေမာ္ေတာ္ယာဥ္တစီးကို အေမရိကန္က တနဂၤေႏြေန႔မွာ ေလေၾကာင္းကေန တိုက္ခိုက္ခဲ့ပါတယ္။  August 28 2021

ေနာက္ထပ္တိုက္ခိုက္မႈနဲ႔ ၾကံဳရႏိုင္တယ္လို႔ သတိေပးထားတဲ့ ကာဘူးလ္ေလဆိပ္အတြက္ အႏၲရာယ္ရွိႏိုင္တဲ့ ပံုစံေတြ႕ေနရတဲ့ ေမာ္ေတာ္ယာဥ္တစီးကို အေမရိကန္က တနဂၤေႏြေန႔မွာ ေလေၾကာင္းကေန တိုက္ခိုက္ခဲ့ပါတယ္။

အာဖဂန္နစ္စတန္ႏိုင္ငံ Hamad Karzai ႏိုင္ငံတကာေလဆိပ္အတြက္ ၿခိမ္းေျခာက္မႈျဖစ္ေနတဲ့ အာဖဂန္အေျခစိုက္ အိုင္အက္စ္စစ္ေသြးႂကြအဖြဲ႔ IS Khorasan ရဲ႕ ေမာ္ေတာ္ယာဥ္တစီးကို အေမရိကန္စစ္တပ္က အေဝးထိန္းဒ႐ုန္းနဲ႔ တိုက္ခိုက္ဖယ္ရွားလိုက္တယ္လို႔ အေမရိကန္တပ္ဖြဲ႔ေျပာခြင့္ရ ဗိုလ္ႀကီး Bill Urban က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။ တိုက္ခိုက္မႈဟာ ပစ္မွတ္ကိုေသေသခ်ာခ်ာ ထိမွန္မယ္လို႔ ယံုၾကည္သလို အဲဒီယာဥ္ကေန ႀကီးမားတဲ့ ေနာက္ထပ္ေပါက္ကြဲမႈပါ ဆက္ေတြ႕ရတာေၾကာင့္ ဒီယာဥ္ေပၚမွာ ေဖါက္ခြဲေရးပစၥည္း အေတာ္မ်ားမ်ား ရွိတာကို ျပေနတယ္လို႔လည္း ေျပာပါတယ္။

ၾကာသပေတးေန႔က ကာဘူးလ္ေလဆိပ္ အေသခံဗံုးခြဲ တိုက္ခိုက္မႈကို သူတို႔လုပ္ေဆာင္တာျဖစ္ေၾကာင္း ဒီအဖြဲ႔က ေၾကညာခဲ့တာ ျဖစ္ၿပီး ဒီတိုက္ခိုက္မႈကေန အေမရိကန္တပ္သား ၁၃ ေယာက္နဲ႔ အာဖဂန္ ၁၇၀ ထက္မနည္း ေသဆံုးခဲ့ရပါတယ္။ အေမရိကန္ဘက္က ေသာၾကာေန႔မွာပဲ ေလေၾကာင္းနဲ႔ တုန္႔ျပန္တိုက္ခိုက္ခဲ့တဲ့ အတြက္ ဒီအၾကမ္းဖက္အဖြဲ႔ဝင္ အနည္းဆံုး ၂ ဦး ေသဆံုးခဲ့ပါတယ္။

ေလဆိပ္ဝန္းက်င္မွာ ေနာက္ထပ္ တိုက္ခိုက္မႈေတြ လုပ္လာႏိုင္တဲ့ အႏၲရာယ္ရွိတာေၾကာင့္ ေလဆိပ္ဝန္းက်င္မွာ အေမရိကန္ႏိုင္ငံသားေတြ မေနၾကဖို႔ ကာဘူးလ္က အေမရိကန္သံရံုးက တိုက္တြန္းခဲ့ပါတယ္။

သမၼတဂ်ိဳးဘိုင္ဒန္ကလည္း ဒီေလဆိပ္မွာ ၂၄ နာရီကေန ၃၆ နာရီ အတြင္း ေနာက္ထပ္ အတိုက္ခိုက္ခံရႏိုင္တယ္ လို႔ တနဂၤေႏြေန႔မွာ သတိေပးခဲ့တာပါ။ အာဖဂန္ကထြက္ခြါဖို႔ သမၼတဘိုင္ဒန္ သတ္မွတ္ထားတဲ့ ၾသဂုတ္လ ၃၁ ရက္ မတိုင္ခင္ အေမရိကန္နဲ႔ မဟာမိတ္ေတြက သူတို႔ႏိုင္ငံသားေတြနဲ႔ တာလီဘန္ရန္ကေနလြတ္ေျမာက္ေအာင္ ထြက္ေျပးတဲ့ အာဖဂန္ေတြကို ကာဘူးလ္ေလဆိပ္ကေန ကယ္ထုတ္ေနတာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း ဒီေနာက္ဆံုး ရက္ပိုင္းေတြဟာ အႏၲရာယ္ အလြန္ႀကီးမားေၾကာင္း တနဂၤေႏြေန႔ ABC ႐ုပ္သံေမးျမန္းခန္းမွာ ေျပာပါတယ္။

--------------

အာဖဂန် အခြေစိုက် IS မော်တော်ယာဉ် ကန် အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်

နောက်ထပ်တိုက်ခိုက်မှုနဲ့ ကြုံရနိုင်တယ်လို့ သတိပေးထားတဲ့ ကာဘူးလ်လေဆိပ်အတွက် အန္တရာယ်ရှိနိုင်တဲ့ ပုံစံတွေ့နေရတဲ့ မော်တော်ယာဉ်တစီးကို အမေရိကန်က တနင်္ဂနွေနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံ Hamad Karzai နိုင်ငံတကာလေဆိပ်အတွက် ခြိမ်းခြောက်မှုဖြစ်နေတဲ့ အာဖဂန်အခြေစိုက် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ IS Khorasan ရဲ့ မော်တော်ယာဉ်တစီးကို အမေရိကန်စစ်တပ်က အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ဖယ်ရှားလိုက်တယ်လို့ အမေရိကန်တပ်ဖွဲ့ပြောခွင့်ရ ဗိုလ်ကြီး Bill Urban က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ တိုက်ခိုက်မှုဟာ ပစ်မှတ်ကိုသေသေချာချာ ထိမှန်မယ်လို့ ယုံကြည်သလို အဲဒီယာဉ်ကနေ ကြီးမားတဲ့ နောက်ထပ်ပေါက်ကွဲမှုပါ ဆက်တွေ့ရတာကြောင့် ဒီယာဉ်ပေါ်မှာ ဖေါက်ခွဲရေးပစ္စည်း အတော်များများ ရှိတာကို ပြနေတယ်လို့လည်း ပြောပါတယ်။

ကြာသပတေးနေ့က ကာဘူးလ်လေဆိပ် အသေခံဗုံးခွဲ တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာဖြစ်ကြောင်း ဒီအဖွဲ့က ကြေညာခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုကနေ အမေရိကန်တပ်သား ၁၃ ယောက်နဲ့ အာဖဂန် ၁၇၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။ အမေရိကန်ဘက်က သောကြာနေ့မှာပဲ လေကြောင်းနဲ့ တုန့်ပြန်တိုက်ခိုက်ခဲ့တဲ့ အတွက် ဒီအကြမ်းဖက်အဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။

လေဆိပ်ဝန်းကျင်မှာ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် လေဆိပ်ဝန်းကျင်မှာ အမေရိကန်နိုင်ငံသားတွေ မနေကြဖို့ ကာဘူးလ်က အမေရိကန်သံရုံးက တိုက်တွန်းခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ကလည်း ဒီလေဆိပ်မှာ ၂၄ နာရီကနေ ၃၆ နာရီ အတွင်း နောက်ထပ် အတိုက်ခိုက်ခံရနိုင်တယ် လို့ တနင်္ဂနွေနေ့မှာ သတိပေးခဲ့တာပါ။ အာဖဂန်ကထွက်ခွါဖို့ သမ္မတဘိုင်ဒန် သတ်မှတ်ထားတဲ့ သြဂုတ်လ ၃၁ ရက် မတိုင်ခင် အမေရိကန်နဲ့ မဟာမိတ်တွေက သူတို့နိုင်ငံသားတွေနဲ့ တာလီဘန်ရန်ကနေလွတ်မြောက်အောင် ထွက်ပြေးတဲ့ အာဖဂန်တွေကို ကာဘူးလ်လေဆိပ်ကနေ ကယ်ထုတ်နေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ဒီနောက်ဆုံး ရက်ပိုင်းတွေဟာ အန္တရာယ် အလွန်ကြီးမားကြောင်း တနင်္ဂနွေနေ့ ABC ရုပ်သံမေးမြန်းခန်းမှာ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG