သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ကာတာနိုင်ငံရောက်ရှိ


အာဖဂန်အရေးနဲ့ပက်သက်ပြီး မီဒီယာနဲ့တွေ့ဆုံနတေဲ့ အမရေိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ( ဓာတ်ပုံ - Reuters)
အာဖဂန်အရေးနဲ့ပက်သက်ပြီး မီဒီယာနဲ့တွေ့ဆုံနတေဲ့ အမရေိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ( ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာဖဂန်အရေး မဟာမိတ်တွေနဲ့ ဆွေးနွေးဖို့အတွက် ကာတာနိုင်ငံကို တနင်္ဂနွေနေ့က ခရီးထွက်ခွာသွားပြီး အဲဒီကနေတဆင့် ဂျာမနီနိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ဝန်ကြီး Blinken ဟာ ကာတာနိုင်ငံ Doha နဲ့ ဂျာမနီနိုင်ငံ Ramstein တို့ကို သွားရောက်မှာပါ။

ခရီးစဉ်အတွင်း အမေရိကန် ပြည်သူတွေ၊ အာဖဂန် နိုင်ငံသားတွေအပါအဝင် တခြား အာဖဂန်က ကယ်တင်ခဲ့သူတွေ ဘေးကင်းကင်းနဲ့ ရောက်လာအောင် ကြားခံ နယ်မြေအဖြစ် အသုံးပြုနိုင်ခဲ့တဲ့အပေါ် ကာတာနဲ့ ဂျာမနီ နိုင်ငံတွေကို လူကိုယ်တိုင် ကျေးဇူးတင်စကား ပြောကြားခွင့်ရမှာ ဖြစ်ပါတယ်လို့ ဝန်ကြီး Blinken က ခရီးစဉ်မစခင် တနင်္ဂနွေနေ့က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားပါတယ်။

ပြီးခဲ့တဲ့လ တာလီဘန်တွေ အာဖဂန်နစ္စတန်ကို သိမ်းယူပြီး ထောင်သောင်းချီတဲ့ အာဖဂန်ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက လေကြောင်းက ကယ်တင်ရာမှာ ကာတာနိုင်ငံဟာ အဓိက ခရီးတထောက် အသုံးပြုခဲ့တဲ့ နေရာဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin ကလည်း အာဖဂန်က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီပေးခဲ့တဲ့ နိုင်ငံတွေကို ကျေးဇူးတင်ကြောင်းပြောဆိုဖို့ အရှေ့အလယ်ပိုင်း ဒေသကို သွားရောက်ပါတယ်။ ကာတာ၊ ဘာရိန်း၊ ကူဝိတ်နဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတွေကို ပါဝင်ပါတယ်။

ပင်လယ်ကွေ့ဒေသ နိုင်ငံတွေရဲ့ အကူအညီမပါဘဲ ဒုက္ခသည်တွေနဲ့ အမေရိကန်တပ်ဖွဲ့တွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ အောင်မြင်မှာ မဟုတ်ဘူးလို့ ဝန်ကြီး Austin က ပြောပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Blinkin ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့ မဟာမိတ်နိုင်ငံ ၂၀ နဲ့ အာဖဂန်အရေး အွန်လိုင်းဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။

........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG