သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ASEAN နဲ႔ ေတြ႕တဲ႔အခါ ျမန္မာ႔ဒီမိုကေရစီအေရး ကန္ဝန္ႀကီးေဆြးေႏြးမည္


အေမရိကန္နဲ႔ အာဆီယံ ႏိုင္ငံျခားေရး၀န္ႀကီးေတြရဲ႕ အထူးအစည္းအေ၀း ဇူလိုင္ ၁၃ယ ၂၀၂၁ (Photo- Twitter/Menteri Luar Negeri Republik Indonesia)

ျမန္မာစစ္အစိုးရအေနနဲ႔ အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္တန္႔ဖို႔နဲ႔ ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္လည္တည္ေဆာက္ဖို႔ ဒီသီတင္းပတ္အတြင္း ျပဳလုပ္မယ့္ အာဆီယံနဲ႔ ေဆြးေႏြးပဲြမွာ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က ဖိအားေပးေတာင္းဆိုဖို႔ ရွိေၾကာင္း ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က မေန႔ကေျပာၾကားလိုက္ပါတယ္။

ဒီသီတင္းပတ္အတြင္း အာဆီယံနဲ႔ ေတြ႕ဆံုမယ့္ အစည္းအေ၀းေတြမွာ ႏိုင္ငံျခားေရး၀န္ႀကီး Blinken အေနနဲ႔ ျမန္မာအပါအ၀င္ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ အျခားေဒသတြင္း အေရးကိစၥေတြမွာ အခိုင္အမာရွိေနတဲ့ အေမရိကန္ရဲ႕ ရပ္တည္ခ်က္ကို ထပ္ေလာင္းေျပာၾကားဖို႔ရွိတယ္လို႔ ဝါရွင္တန္ဒီစီက အေမရိကန္ႏိုင္ငံျခားေရးဌာနမွာ တနလၤာေန႔က ပံုမွန္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြအတြင္း ေျပာခြင့္ရပုဂၢိဳလ္ Ned Price က အခုလို ေျပာၾကားခဲ့ပါတယ္။

“အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္တန္႔ၿပီး ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္း ျပန္လည္တည္ေဆာက္ဖို႔ ျမန္မာစစ္အစိုးရကို ေတာင္းဆိုမႈအပါအ၀င္ ေဒသတြင္း အေရးကိစၥေတြအေပၚ အေမရိကန္က ဖိအားေပး ရပ္တည္ခ်က္နဲ႔
ကတိက၀တ္ေတြကို ႏိုင္ငံျခားေရး၀န္ႀကီး Blinken က ထပ္ေလာင္းေျပာၾကားဖို႔ရွိပါတယ္။”

ေတာင္တ႐ုတ္ပင္လယ္အတြင္း လြတ္လပ္စြာသြားလာမႈကို ေထာက္ခံတာ၊ မဲေခါင္ဆိုင္ရာ အေမရိကန္ ပူးေပါင္းေဆာင္ရြက္မႈကတဆင့္ ပြင့္လင္းျမင္သာမႈကို ႁမွင့္တင္ဖို႔နဲ႔ ေျမာက္ကိုရီးယားႏိုင္ငံကအေပၚ ခ်မွတ္ထားတဲ့ ကုလသမဂၢ လံုျခံဳေရးေကာင္စီရဲ႕ ဆံုးျဖတ္ခ်က္အတိုင္း အာဆီယံအဖဲြ႕၀င္ႏိုင္ငံေတြအေနနဲ႔ အျပည့္အ၀ အေကာင္အထည္ေဖၚေရး Blinken အေနနဲ႔ တိုက္တြန္းမွာျဖစ္ပါတယ္။

ဒါအျပင္ ဇူလိုင္လ ၁၃ ရက္ေန႔က အေမရိကန္နဲ႔ အာဆီယံ ႏိုင္ငံျခားေရး၀န္ႀကီးေတြရဲ႕ အထူးအစည္းအေ၀းမွာလည္း မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ျဖစ္တဲ့ အာဆီယံအေပၚမွာ အေမရိကန္ရဲ႕ သံဓိဌာန္ခိုင္မာမႈနဲ႔ အေထာက္အပံ့အကူညီေတြကို ၀န္ႀကီး Blinken က ေဆြးေႏြးေျပာၾကားခဲ့တယ္လို႔ Ned Price က ဆိုပါတယ္။
အာဆီယံေဒသတြင္း ကိုဗစ္-၁၉ ေရာဂါ တိုက္ဖ်က္ေရးအတြက္ ေနာက္ထပ္ ကူညီေထာက္ပံ့မယ့္ အေမရိကန္ရဲ႕ အစီအစဥ္ေတြကိုလည္း အာဆီယံနဲ႔ အစည္းအေ၀းအတြင္း ႏိုင္ငံျခားေရး၀န္ႀကီး Blinken က တင္ျပဖို႔ရွိပါတယ္။ အာဆီယံ စီးပြားေရး ျပန္လည္ ဦးေမာ့လာေစဖို႔နဲ႕ ရာသီဥတုေျပာင္းလဲမႈ တိုက္ဖ်က္ေရးအစီအစဥ္ေတြကိုလည္း ေဆြးေႏြးမွာျဖစ္ပါတယ္။

ဒီသီတင္းပတ္အတြင္း ျပဳလုပ္မယ္ အာဆီယံနဲ႔ ၀န္ႀကီးအဆင့္ ဗြီဒီယို ကြန္ဖရင့္စည္းေ၀းပဲြ ၅ ခုမွာ ၀န္ႀကီး Blinken အေနနဲ႔ ပါ၀င္ဖို႔ရွိတယ္လို႔လည္း Ned Price ကသတင္းေထာက္ေတြကိုေျပာၾကားခဲ့ပါတယ္။ အဲဒီအစည္းအေ၀းေတြကေတာ့- အေမရိကန္-အာဆီယံ၊ အေရွ႕အာရွ ထိပ္သီးအစည္းအေ၀း၊ အာဆီယံ ေဒသဆိုင္ရာ ဖိုရမ္၊ မဲေခါင္-အေမရိကန္ မိတ္ဖက္နဲ႔ မဲေခါင္ ၀န္ႀကီးမ်ားရဲ႕ မိတ္ဖက္ အစည္းအေ၀း စတာေတြျဖစ္ပါတယ္။

တနလၤာေန႔က ျပဳလုပ္တဲ့ အာဆီယံႏိုင္ငံျခားေရး၀န္ႀကီးေတြရဲ႕ ဗြီဒီယိုကြန္ဖရင့္ စည္းေ၀းပဲြမွာ ျမန္မာအေနနဲ႔ ၂၀၂၁ ဧၿပီလ ၂၄ ရက္ေန႔ အာဆီယံအထူးအစည္းအေ၀းကခ်မွတ္ခဲ့တဲ့ ဘံုသေဘာတူညီခ်က္ ငါးရပ္ကို လိုက္နာအေကာင္အထည္ေဖၚဖို႔ တိုက္တြန္းခဲ့ေၾကာင္း စကၤာပူႏိုင္ငံျခားေရး၀န္ႀကီး Vivian Balakrishnan က သူ႔ရဲ႕ တြစ္တာမွာ ေရးသားထားပါတယ္။ စိုးရိမ္ဖြယ္ရာျဖစ္ေနတဲ့ ျမန္မာႏိုင္ငံက အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီဆိုင္ရာ အာဆီယံ ပူးေပါင္းေဆာင္ရြက္ေရးစင္တာအေနနဲ႔ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီအလ်င္အျမန္ေပးအပ္ဖို႔ လုပ္ငန္းစဥ္ စတင္ၿပီးဆိုတာနဲ႔ စကၤာပူႏိုင္ငံအေနနဲ႔ အေမရိကန္ ေဒၚလာ ၁၀၀၀၀၀ လွဴဒါန္းဖို႔ရွိေၾကာင္းလည္း Vivian Balakrishnan က ေရးထားပါတယ္။ ဒါအျပင္ ျမန္မာႏိုင္ငံအတြက္ ၁၀ လီတာ ေအာက္ဆီဂ်င္ထုတ္ေပးတဲ့စက္အလံုးေပါင္း ၂၀၀ ကို စကၤာပူအစိုးရ လွဴဒါန္းခဲ့ၿပီးၿပီလို႔လည္း ဆိုပါတယ္။

------------------------------------

ASEAN နဲ့ တွေ့တဲ့အခါ မြန်မာ့ဒီမိုကရေစီအရေး ကန်ဝန်ကြီးဆွေးနွေးမည်

မြန်မာစစ်အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည်ဆောက်ဖို့ ဒီသီတင်းပတ်အတွင်း ပြုလုပ်မယ့် အာဆီယံနဲ့ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဖိအားပေးတောင်းဆိုဖို့ ရှိကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က မနေ့ကပြောကြားလိုက်ပါတယ်။

ဒီသီတင်းပတ်အတွင်း အာဆီယံနဲ့ တွေ့ဆုံမယ့် အစည်းအဝေးတွေမှာ နိုင်ငံခြားရေးဝန်ကြီး Blinken အနေနဲ့ မြန်မာအပါအဝင် တောင်တရုတ်ပင်လယ်အရေးနဲ့ အခြားဒေသတွင်း အရေးကိစ္စတွေမှာ အခိုင်အမာရှိနေတဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားဖို့ရှိတယ်လို့ ဝါရှင်တန်ဒီစီက အမေရိကန်နိုင်ငံခြားရေးဌာနမှာ တနင်္လာနေ့က ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် Ned Price က အခုလို ပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်း ပြန်လည်တည်ဆောက်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုမှုအပါအဝင် ဒေသတွင်း အရေးကိစ္စတွေအပေါ် အမေရိကန်က ဖိအားပေး ရပ်တည်ချက်နဲ့
ကတိကဝတ်တွေကို နိုင်ငံခြားရေးဝန်ကြီး Blinken က ထပ်လောင်းပြောကြားဖို့ရှိပါတယ်။”

တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာသွားလာမှုကို ထောက်ခံတာ၊ မဲခေါင်ဆိုင်ရာ အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကတဆင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ဖို့နဲ့ မြောက်ကိုရီးယားနိုင်ငံကအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အပြည့်အ၀ အကောင်အထည်ဖေါ်ရေး Blinken အနေနဲ့ တိုက်တွန်းမှာဖြစ်ပါတယ်။

ဒါအပြင် ဇူလိုင်လ ၁၃ ရက်နေ့က အမေရိကန်နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာလည်း မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်တဲ့ အာဆီယံအပေါ်မှာ အမေရိကန်ရဲ့ သံဓိဌာန်ခိုင်မာမှုနဲ့ အထောက်အပံ့အကူညီတွေကို ဝန်ကြီး Blinken က ဆွေးနွေးပြောကြားခဲ့တယ်လို့ Ned Price က ဆိုပါတယ်။
အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် နောက်ထပ် ကူညီထောက်ပံ့မယ့် အမေရိကန်ရဲ့ အစီအစဉ်တွေကိုလည်း အာဆီယံနဲ့ အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီး Blinken က တင်ပြဖို့ရှိပါတယ်။ အာဆီယံ စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့နဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအစီအစဉ်တွေကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။

ဒီသီတင်းပတ်အတွင်း ပြုလုပ်မယ် အာဆီယံနဲ့ ဝန်ကြီးအဆင့် ဗွီဒီယို ကွန်ဖရင့်စည်းဝေးပွဲ ၅ ခုမှာ ဝန်ကြီး Blinken အနေနဲ့ ပါဝင်ဖို့ရှိတယ်လို့လည်း Ned Price ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ အဲဒီအစည်းအဝေးတွေကတော့- အမေရိကန်-အာဆီယံ၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်၊ မဲခေါင်-အမေရိကန် မိတ်ဖက်နဲ့ မဲခေါင် ဝန်ကြီးများရဲ့ မိတ်ဖက် အစည်းအဝေး စတာတွေဖြစ်ပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဗွီဒီယိုကွန်ဖရင့် စည်းဝေးပွဲမှာ မြန်မာအနေနဲ့ ၂၀၂၁ ဧပြီလ ၂၄ ရက်နေ့ အာဆီယံအထူးအစည်းအဝေးကချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာအကောင်အထည်ဖေါ်ဖို့ တိုက်တွန်းခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။ စိုးရိမ်ဖွယ်ရာဖြစ်နေတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးစင်တာအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအလျင်အမြန်ပေးအပ်ဖို့ လုပ်ငန်းစဉ် စတင်ပြီးဆိုတာနဲ့ စင်္ကာပူနိုင်ငံအနေနဲ့ အမေရိကန် ဒေါ်လာ ၁၀၀၀၀၀ လှူဒါန်းဖို့ရှိကြောင်းလည်း Vivian Balakrishnan က ရေးထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံအတွက် ၁၀ လီတာ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်အလုံးပေါင်း ၂၀၀ ကို စင်္ကာပူအစိုးရ လှူဒါန်းခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG