သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတာနိုင်ငံခြားရေးဝန်ကြီး တာလီဘန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေး


ကာတာ နိုင်ငံခြားရေးဝန်ကြီး Sheik Mohammed bin Abdulrahman Al-Thani. (ဇန်နဝါရီ ၁၃၊ ၂၀၁၉)
ကာတာ နိုင်ငံခြားရေးဝန်ကြီး Sheik Mohammed bin Abdulrahman Al-Thani. (ဇန်နဝါရီ ၁၃၊ ၂၀၁၉)

(Zawgyi / Unicode)

ကာတာ နိုင်ငံခြားရေးဝန်ကြီး Sheik Mohammed bin Abdulrahman Al-Thani ဟာ တာလီဘန်တွေ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်ကို တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ အာဖဂန်ကို တာလီဘန်တွေ သိမ်းပိုက်ပြီးနောက် နိုင်ငံတကာရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တဦး ပထမဦးဆုံးအကြိမ် လာရောက်တာ ဖြစ်ပါတယ်။

အာဖဂန်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်သင့်သူတွေ အားလုံးနဲ့ ဆွေးနွေးဆောင်ရွက်ဖို့ ကာတာ နိုင်ငံခြားရေးဝန်ကြီး Sheik Mohammed က တာလီဘန်ဝန်ကြီးချုပ် Mullah Muhammad Hasan Akhund ကို တိုက်တွန်းခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် အာဖဂန်နိုင်ငံရဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ ရှင်းလင်းဖယ်ရှားရေးမှာ ပူးပေါင်းကြိုးပမ်းသွားဖို့ကိုလည်း သူတို့ နှစ်ဦးကြား ဆွေးနွေးခဲ့ကြပါတယ်။

တာလီဘန်တွေအပေါ် သြဇာညောင်းတယ်လို့ ယူဆရတဲ့ ကာတာနိုင်ငံဟာ အာဖဂန်ထဲက အမေရိကန်နဲ့ အနောက်နိုင်ငံသားတွေ၊ သူတို့ကို အကူအညီပေးခဲ့တဲ့ အာဖဂန်နိုင်ငံသားတွေကိုပါ လေယာဉ်နဲ့ တိုင်းပြည်က ကယ်ထုတ်တဲ့ လုပ်ငန်းစဉ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာ ဖြစ်ပါတယ်။

ဝန်ကြီး Sheik Mohammed ဟာ တာလီဘန်ဝန်ကြီးချုပ်အပြင် အခြား ဝန်ကြီးတချို့နဲ့လည်း တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲတွေအတွင်း နှစ်ဖက် အပြန်အလှန် ဆက်ဆံရေး၊ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး၊ စီးပွားဖွံ့ဖြိုးမှုအပြင် ကမ္ဘာ့နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သွားရေးတွေ ပါဝင်တယ်လို့ တာလီဘန်အဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)






XS
SM
MD
LG