သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေမွ်ာ္လင့္ခ်က္ မကုန္ေသးေၾကာင္း အာဖဂန္ အတိုက္အခံ တပ္ဖြဲ႔ေတြေျပာ


ပန္ရွီ ေတာင္ၾကားေဒသရွိ အာဖဂန္အမ်ိဳးသားခုခံေရးတပ္ဖဲြ႔ဝင္ အခ်ဳိ႕။ (စက္တင္ဘာ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

တာလီဘန္ေတြကို ခုခံတိုက္ခိုက္ေနတဲ့ NRF အာဖဂန္အမ်ိဳးသားခုခံေရးတပ္ဖဲြ႔ေတြ အေနနဲ႔ ဆက္လက္တိုက္ခိုက္ေနဆဲျဖစ္ၿပီး အမာခံေဒသျဖစ္တဲ့ ပန္ရွီ ေတာင္ၾကားေဒသကို ၆၀ ရာခုိင္ႏႈန္းေလာက္ ဆက္လက္ထိန္းထားႏိုင္ေၾကာင္း NRF ေျပာေရးဆိုခြင့္ရွိသူက ေျပာဆိုပါတယ္။

တာလီဘန္တပ္ေတြ ေဒသတြင္း ဝင္လာႏိုင္တာကို အႏိုင္ရသြားၿပီလို႔ ေျပာလို႔မရေၾကာင္း၊ NRF တပ္ေတြနဲ႔ မိသားစုေတြ ေတာင္ၾကားေဒသက ဆုတ္ခြါေပးလိုက္ရတာရွိေၾကာင္း၊ ဒါဟာလည္း နည္းနာအရ ဆုတ္ခြါရတာသာျဖစ္ေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ Ali Nazary က ဝါရွင္တန္ၿမိဳ႕ေတာ္မွာရွိတဲ့ Heritage Foundation မွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေျပာဆိုခဲ့ပါတယ္။ ဒီ ပန္ရီွေဒသမွာ ေထာင္နဲ႔ခ်ီတဲ့ NRF တပ္ေတြ ရွိေနဆဲျဖစ္ေၾကာင္း သူက ေျပာဆိုပါတယ္။

အေစာပိုင္းတုန္းက တာလီဘန္ေတြက ဒီေဒသကို ထိန္းခ်ဳပ္သိမ္းပိုက္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းကေတာ့ ခုခံတိုက္ခိုက္ေနတဲ့တပ္ေတြ ရွိေနဆဲျဖစ္ေၾကာင္းနဲ႔ ေတာင္တန္းေတြေပၚမွာ ခိုေအာင္းေနၾကေၾကာင္း တာလီဘန္ဘက္ကလည္း အတည္ျပဳ ေျပာဆိုပါတယ္။

NRF အာဖဂန္အမ်ိဳးသားခုခံေရးတပ္ဖဲြ႔ေတြကို လုပ္ႀကံခံလိုက္ရတဲ့ ယခင္ ေျမာက္ပိုင္း မဟာမိတ္အဖဲြ႔ေခါင္းေဆာင္ရဲ႕သား Ahmad Massoud က ဦးေဆာင္ေနတာပါ။ ဒါ့အျပင္ အာဖဂန္ ဒုတိယသမၼတေဟာင္း Amurlah Saleh ကလည္း ဦးေဆာင္ပါဝင္ပါတယ္။

ေလာေလာဆယ္မွာ NRF ေတြရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ခုခံေတာ္လွန္ေရးကို ဆက္ထိန္းထားမွာျဖစ္ၿပီး တျဖည္းျဖည္း ႀကီးထြားလာေအာင္ ခ်ဲ႕ထြင္သြားမယ္လို႔ ေျပာခြင့္ရွိသူ Nazary က ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မျှော်လင့်ချက် မကုန်သေးကြောင်း အာဖဂန် အတိုက်အခံ တပ်ဖွဲ့တွေပြော

တာလီဘန်တွေကို ခုခံတိုက်ခိုက်နေတဲ့ NRF အာဖဂန်အမျိုးသားခုခံရေးတပ်ဖွဲ့တွေ အနေနဲ့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး အမာခံဒေသဖြစ်တဲ့ ပန်ရှီ တောင်ကြားဒေသကို ၆၀ ရာခိုင်နှုန်းလောက် ဆက်လက်ထိန်းထားနိုင်ကြောင်း NRF ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။

တာလီဘန်တပ်တွေ ဒေသတွင်း ဝင်လာနိုင်တာကို အနိုင်ရသွားပြီလို့ ပြောလို့မရကြောင်း၊ NRF တပ်တွေနဲ့ မိသားစုတွေ တောင်ကြားဒေသက ဆုတ်ခွါပေးလိုက်ရတာရှိကြောင်း၊ ဒါဟာလည်း နည်းနာအရ ဆုတ်ခွါရတာသာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Ali Nazary က ဝါရှင်တန်မြို့တော်မှာရှိတဲ့ Heritage Foundation မှာ ပြီးခဲ့တဲ့ သောကြာနေ့က ပြောဆိုခဲ့ပါတယ်။ ဒီ ပန်ရှီဒေသမှာ ထောင်နဲ့ချီတဲ့ NRF တပ်တွေ ရှိနေဆဲဖြစ်ကြောင်း သူက ပြောဆိုပါတယ်။

အစောပိုင်းတုန်းက တာလီဘန်တွေက ဒီဒေသကို ထိန်းချုပ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ခုခံတိုက်ခိုက်နေတဲ့တပ်တွေ ရှိနေဆဲဖြစ်ကြောင်းနဲ့ တောင်တန်းတွေပေါ်မှာ ခိုအောင်းနေကြကြောင်း တာလီဘန်ဘက်ကလည်း အတည်ပြု ပြောဆိုပါတယ်။

NRF အာဖဂန်အမျိုးသားခုခံရေးတပ်ဖွဲ့တွေကို လုပ်ကြံခံလိုက်ရတဲ့ ယခင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ခေါင်းဆောင်ရဲ့သား Ahmad Massoud က ဦးဆောင်နေတာပါ။ ဒါ့အပြင် အာဖဂန် ဒုတိယသမ္မတဟောင်း Amurlah Saleh ကလည်း ဦးဆောင်ပါဝင်ပါတယ်။

လောလောဆယ်မှာ NRF တွေရဲ့ ရည်ရွယ်ချက်ကတော့ ခုခံတော်လှန်ရေးကို ဆက်ထိန်းထားမှာဖြစ်ပြီး တဖြည်းဖြည်း ကြီးထွားလာအောင် ချဲ့ထွင်သွားမယ်လို့ ပြောခွင့်ရှိသူ Nazary က ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG