သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔ ဂ်ာမဏီႏိုင္ငံျခားေရးဝန္ႀကီးႏွစ္ဦး အာဖဂန္ေဆြးေႏြးပြဲဦးစီးလုပ္မည္


ကာဘူးျမိဳ့ထဲ က တာလီဘန္စစ္သားတဦး (ဓာတ္ပံု - AP)

(Zawgyi/Unicode)

အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ဂ်ာမန္ႏုိင္ငံျခားေရးဝန္ႀကီး Heiko Maas တို႔ ပူးတြဲကမကထျပဳၿပီး လက္တြဲလုပ္ေဆာင္ဖက္ေတြ၊ မဟာမိတ္ေတြနဲ႔အတူ အာဖဂန္နစၥတန္ အေျခအေနဆိုင္ရာ ေဆြးေႏြးပြဲတရပ္ကို ဒီကေန႔လုပ္ဖို႔ရွိပါတယ္။

ေဆြးေႏြးမယ့္ထဲမွာ တာလီဘန္အုပ္ခ်ဳပ္ေရးေအာက္ အာဖဂန္ႏုိင္ငံအတြက္ လူသားစာနာမႈအကူအညီေတြ ဆက္ေပးဖို႔ကိစၥလည္း ပါဝင္ပါတယ္။ေဆြးေႏြးမယ့္ထဲက ကိစၥရပ္တခုကေတာ့ တာလီဘန္ေတြအေနနဲ႔ ေျပာထားတဲ့အတိုင္း တည္မတည္ဆိုတာနဲ႔ ႏုိင္ငံတကာကေမွ်ာ္လင့္သလို တကယ္ပဲ လုပ္လာမွာလားဆိုတာကို ၾကည့္ဖုိ႔ျဖစ္တယ္လို႔ ဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲမတိုင္ခင္ အေမရိကန္ႏုိင္ငံျခားေရးဌာန တာဝန္ရွိသူတဦးကေျပာပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံက တရားဝင္ ခရီးသြားအေထာက္အထားတခုခု ကိုင္ေဆာင္ထားသူ ဘယ္သူမဆို ႏုိင္္ငံက ထြက္ခ်င္တယ္ဆိုရင္ ထြက္ခြင့္ေပးမယ္လုိ႔ တာလီဘန္ေတြ အာမခံထားတဲ့အတိုင္း လုပ္ေဆာင္ဖို႔ ဝန္ႀကီး Blinken က ဂ်ာမနီကိုခရီးမဆက္ခင္ ကာတာႏုိင္ငံ ခရီးစဥ္အတြင္း အေလးထားေျပာခဲ့ပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ကန်နဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးနှစ်ဦး အာဖဂန်ဆွေးနွေးပွဲဦးစီးလုပ်မည်

(Unicode)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Heiko Maas တို့ ပူးတွဲကမကထပြုပြီး လက်တွဲလုပ်ဆောင်ဖက်တွေ၊ မဟာမိတ်တွေနဲ့အတူ အာဖဂန်နစ္စတန် အခြေအနေဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ဒီကနေ့လုပ်ဖို့ရှိပါတယ်။

ဆွေးနွေးမယ့်ထဲမှာ တာလီဘန်အုပ်ချုပ်ရေးအောက် အာဖဂန်နိုင်ငံအတွက် လူသားစာနာမှုအကူအညီတွေ ဆက်ပေးဖို့ကိစ္စလည်း ပါဝင်ပါတယ်။ဆွေးနွေးမယ့်ထဲက ကိစ္စရပ်တခုကတော့ တာလီဘန်တွေအနေနဲ့ ပြောထားတဲ့အတိုင်း တည်မတည်ဆိုတာနဲ့ နိုင်ငံတကာကမျှော်လင့်သလို တကယ်ပဲ လုပ်လာမှာလားဆိုတာကို ကြည့်ဖို့ဖြစ်တယ်လို့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲမတိုင်ခင် အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက တရားဝင် ခရီးသွားအထောက်အထားတခုခု ကိုင်ဆောင်ထားသူ ဘယ်သူမဆို နိုင်ငံက ထွက်ချင်တယ်ဆိုရင် ထွက်ခွင့်ပေးမယ်လို့ တာလီဘန်တွေ အာမခံထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ဝန်ကြီး Blinken က ဂျာမနီကိုခရီးမဆက်ခင် ကာတာနိုင်ငံ ခရီးစဉ်အတွင်း အလေးထားပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG