( Zawgyi / Unicode)
အာဖဂန္နစၥတန္ႏိုင္ငံမွာ ၾကားကာလအုပ္ခ်ဳပ္ေရးအတြက္ ဖဲြ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံစည္းမ်ဥ္းကို ယာယီအျဖစ္ ၁၉၆၄ ခုႏွစ္ဖဲြ႕စည္းအုပ္ခ်ဳပ္ပုံေျခခံစည္းမ်ဥ္းထဲက ဥပေဒေတြ ကိုျပန္လည္အသုံးျပဳမယ္လို႔ တာလီဘန္ေတြက ေျပာဆိုလိုက္ပါတယ္။
တာလီဘန္အစိုးရ ယာယီ တရားေရး၀န္ႀကီး Abdul Sharaee က တ႐ုတ္သံအမတ္ႀကီး နဲ႕ေတြ႕ဆုံစဥ္ေျပာၾကားခဲ့တာပါ။
အစၥလာမၼစ္ အစိုးရက ရွားဘုရင္လက္ထက္က ဖဲြ႕စည္းပုံစည္းမ်ဥ္းကို အေကာင္အထည္ေဖၚ က်င့္သုံးမွာျဖစ္ၿပီး ဒီဖဲြ႕စည္းပုံဟာ အစၥလာမၼစ္ ရွာရီယာ ဥပေဒေတြနဲ႕ဆန္႕က်င္မႈမျဖစ္ဘူးလို႔ တရားေရး၀န္ႀကီးကေျပာဆိုခဲ့ပါတယ္။
ဒါ့အျပင္ ရွာရီယာ ဥပေဒနဲ႕ အစၥလာမၼစ္ အုပ္ခ်ဳပ္ေရးကို မဆန္႕က်င္တဲ့ ႏိုင္ငံတကာဥပေဒေတြ၊ ျပဌာန္းခ်က္ေတြကိုလည္း ေလးစားလုိက္နာ သြားမွာျဖစ္တယ္လို႔ တရားေရး၀န္ႀကီး Sharaee ကေျပာဆိုပါတယ္။
ရွားဘုရင္လက္ထက္ ဖဲြ႕စည္းပုံထဲမွာ အမ်ိဳးသမီးအခြင့္အေရးေတြ အျဖစ္ မဲေပးခြင့္နဲ႕ ႏိုင္ငံေရးမွာ ဦးေဆာင္ပါ၀င္ႏိုင္ဖို႔ ဆိုတဲ့ အခြင့္အေရးေတြကို အာမခံ ေပးထားပါတယ္။ ဒါေပမယ့္ ဒီအခ်က္ေတြကို ထုတ္ယူ အသုံးျပဳ၊ မျပဳ ဆိုတာကိုေတာ့ တာလီဘန္ တရားေရး၀န္ႀကီးက ေျပာဆိုခဲ့ျခင္းမရွိပါဘူး။
၁၉၆၄ ခုႏွစ္ ရွားဘုရင္လက္ထက္မွာ အတည္ျပဳျပဌာန္းခဲ့တဲ့ ဖဲြ႕စည္းပုံ အေျခခံစည္းမ်ဥ္းဟာ ပါလီမန္ဒီမိုကေရစီ စနစ္ကို အေကာင္အထည္ေဖၚခဲ့ပါတယ္။
ဒါေပမယ့္လည္း လူအခြင့္အေရးလႈပ္ရွားတဲ့ အဖဲြ႕ေတြကေတာ့ စိုးရိမ္ေနၿပီး အာဖဂန္မွာ အျပစ္ေပး သတ္ျဖတ္တာေတြ၊ ေျခေတြလက္ေတြျဖတ္ အျပစ္ေပးတာေတြ ျပန္လာလိမ့္ဦးမယ္လို႔ အဖဲြ႕အစည္းတခုရဲ႕ ေခါင္းေဆာင္တဦးကေတာ့ ၿပီးခဲ့တဲ႔ သီတင္းပတ္ အတြင္း ကေျပာဆိုခဲ့ပါတယ္။
ဒါ့အျပင္ တနလၤာေန႔တုန္းကေတာ့ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Jalina Porter ကေတာ့ အာဖဂန္ရဲ႕ လူ႔အခြင့္အေရးအေျခေနေတြကို လြန္စြာမွ စိုးရိမ္မကင္းျဖစ္မိေၾကာင္းနဲ႕ အာဖဂန္မွ ာဘယ္အစိုးရ မဆို အေျခခံလူ႔အခြင့္အေရးေတြ၊ လြတ္လပ္စြာေဖၚျပခြင့္အပါအ၀င္ အေျခခံလြတ္လပ္ခြင့္ေတြ၊ အမ်ိဳးသမီးအခြင့္အေရးေတြကို ေလးစားလိုက္နာဖို႔အတြက္ အေမရိကန္အစိုးရနဲ႕ႏိုင္ငံတကာအသိုင္းအဝိုင္းက အေလးအနက္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။
(Unicode)
၁၉၆၄ ဘုရင်စနစ်ဖွဲ့စည်းပုံ တစိတ်တပိုင်းကို တာလီဘန်အုပ်ချုပ်ရေးမှာ ပြန်သုံးမည်
အာဖဂန်နစ္စတန်နိုင်ငံမှာ ကြားကာလအုပ်ချုပ်ရေးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းကို ယာယီအဖြစ် ၁၉၆၄ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံစည်းမျဉ်းထဲက ဥပဒေတွေ ကိုပြန်လည်အသုံးပြုမယ်လို့ တာလီဘန်တွေက ပြောဆိုလိုက်ပါတယ်။
တာလီဘန်အစိုးရ ယာယီ တရားရေးဝန်ကြီး Abdul Sharaee က တရုတ်သံအမတ်ကြီး နဲ့တွေ့ဆုံစဉ်ပြောကြားခဲ့တာပါ။
အစ္စလာမ္မစ် အစိုးရက ရှားဘုရင်လက်ထက်က ဖွဲ့စည်းပုံစည်းမျဉ်းကို အကောင်အထည်ဖေါ် ကျင့်သုံးမှာဖြစ်ပြီး ဒီဖွဲ့စည်းပုံဟာ အစ္စလာမ္မစ် ရှာရီယာ ဥပဒေတွေနဲ့ဆန့်ကျင်မှုမဖြစ်ဘူးလို့ တရားရေးဝန်ကြီးကပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရှာရီယာ ဥပဒေနဲ့ အစ္စလာမ္မစ် အုပ်ချုပ်ရေးကို မဆန့်ကျင်တဲ့ နိုင်ငံတကာဥပဒေတွေ၊ ပြဌာန်းချက်တွေကိုလည်း လေးစားလိုက်နာ သွားမှာဖြစ်တယ်လို့ တရားရေးဝန်ကြီး Sharaee ကပြောဆိုပါတယ်။
ရှားဘုရင်လက်ထက် ဖွဲ့စည်းပုံထဲမှာ အမျိုးသမီးအခွင့်အရေးတွေ အဖြစ် မဲပေးခွင့်နဲ့ နိုင်ငံရေးမှာ ဦးဆောင်ပါဝင်နိုင်ဖို့ ဆိုတဲ့ အခွင့်အရေးတွေကို အာမခံ ပေးထားပါတယ်။ ဒါပေမယ့် ဒီအချက်တွေကို ထုတ်ယူ အသုံးပြု၊ မပြု ဆိုတာကိုတော့ တာလီဘန် တရားရေးဝန်ကြီးက ပြောဆိုခဲ့ခြင်းမရှိပါဘူး။
၁၉၆၄ ခုနှစ် ရှားဘုရင်လက်ထက်မှာ အတည်ပြုပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဟာ ပါလီမန်ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖေါ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း လူအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေကတော့ စိုးရိမ်နေပြီး အာဖဂန်မှာ အပြစ်ပေး သတ်ဖြတ်တာတွေ၊ ခြေတွေလက်တွေဖြတ် အပြစ်ပေးတာတွေ ပြန်လာလိမ့်ဦးမယ်လို့ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တဦးကတော့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တနင်္လာနေ့တုန်းကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jalina Porter ကတော့ အာဖဂန်ရဲ့ လူ့အခွင့်အရေးအခြေနေတွေကို လွန်စွာမှ စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ အာဖဂန်မှ ာဘယ်အစိုးရ မဆို အခြေခံလူ့အခွင့်အရေးတွေ၊ လွတ်လပ်စွာဖေါ်ပြခွင့်အပါအဝင် အခြေခံလွတ်လပ်ခွင့်တွေ၊ အမျိုးသမီးအခွင့်အရေးတွေကို လေးစားလိုက်နာဖို့အတွက် အမေရိကန်အစိုးရနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက အလေးအနက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။