သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Ghani ရုတ်တရက်ထွက်ပြေးသွားလို့ အာဏာလွှဲပြောင်းရေး ပျက်ပြားခဲ့ရ ( ကန်သံတမန်/တာလီဘန်)


Afghanistan Ghani
Afghanistan Ghani

အာဖဂန်နစ္စတန် နိုင်ငံမှာ နိုင်ငံရေး အသွင်ကူးပြောင်းရေးအတွက် ညှိနှိုင်းနေချိန်မှာ ကာဘူးမြို့တော်ကို မသိမ်းဖို့ တာလီဘန်တွေနဲ့ သြဂုတ်လလယ်ပိုင်းမှာ သဘောတူညီချက် ရခဲ့ပေမဲ့ သမ္မတ Ashraf Ghani နိုင်ငံကနေ ထွက်ပြေးသွားတဲ့အတွက် အစီအစဉ် ပျက်ခဲ့ရကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့က တာလီဘန်တွေ ကဘူးမြို့တော်ကို မသိမ်းခင် နာရီပိုင်း အလိုမှာပဲ ၂ ပတ်ကြာ ဆိုင်းငံ့ကာလအတွက် ညှိနှိုင်းသဘောတူညီချက် ရခဲ့တဲ့အကြောင်း အာဖဂန်ဖွား အမေရိကန် အထူးကိုယ်စားလှယ် Zalmay Khalilzad က Financial Times သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။

သမ္မတ Ghani တိမ်းရှောင်သွားတာကြောင့် မြို့တော်မှာ လုံခြုံရေးဟာကွက် ဖြစ်ခဲ့ရပြီး တာလီဘန်တွေ သိမ်းပိုက်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ သဘောတူညီချက်အရ တာလီဘန်တွေ ကဘူးမြို့တော်အနီးအထိ ရောက်နေပေမဲ့လည်း ကာတာနိုင်ငံ ဒိုဟာမြို့မှာ အနာဂတ် အစိုးရအတွက် သဘောတူညီချက် ရရှိတဲ့ အချိန်အထိ သမ္မတ Ghani အုပ်ချုပ်ခွင့် ရနိုင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ တာလီဘန်အဖွဲ့ရဲ့ နိုင်ငံရေးရုံးရှိရာ ဒိုဟာမြို့မှာ နားလည်မှုရခဲ့တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့ တာလီဘန်တာဝန်ရှိသူ တယောက်ကလည်း ဗုဒ္ဓဟူးနေ့မှာပဲ အတည်ပြုခဲ့ပါတယ်။

ကဘူးမြို့ကို တာလီဘန်တပ်တွေ ဝင်ရောက်မှာ မဟုတ်ဘဲ၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် ဆွေးနွေးဖို့ လက်ခံခဲ့ကြောင်း တာလီဘန်ပြောခွင့်ရ Suhail Shaheen က ဒိုဟာမြို့ကနေ ဗွီအိုအေကို ပြောခဲ့တာပါ။ အမေရိကန် အထူးကိုယ်စားလှယ် Khalilzad ကတော့ အာဖဂန်သမ္မတ UAE ကို တိမ်းရှောင်မယ်လို့ မထင်ခဲ့မိကြောင်းလည်း ပြောပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီလမှာ အထူးကိုယ်စားလှယ် Khalilzad တာလီဘန်တွေနဲ့ ဆွေးနွေး သဘောတူညီချက် ရရှိခဲ့ရာက၊ နှစ်ပေါင်း ၂၀ ကြာ အာဖဂန်စစ်အဆုံးသတ်ပြီး အမေရိကန်တပ်တွေ ရုပ်သိမ်းရေး အစီအစဉ်လည်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

---------------------------------------





XS
SM
MD
LG