သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တာလီဘန္ အသိအမွတ္ျပဳေရးထက္ စာနာမႈအကူအညီေပးေရး ႏိုင္ငံတကာသေဘာတူ (ကာတာ ႏိုင္ငံျခားေရးဝန္ႀကီး)


US-TALIBAN-SUMMIT

{{Zawgyi/Unicode}}

အာဖဂန္နစၥတန္ ႏိုင္ငံကို အုပ္ခ်ဳပ္ေနတဲ့ တာလီဘန္ေတြကို လက္ခံအသိအမွတ္ျပဳေရးဟာ လတ္တေလာ ဦးစားေပး ကိစၥမဟုတ္ပဲ စစ္ဒဏ္သင့္ ႏိုင္ငံမွာ လူသားခ်င္း စာနာမႈ အကူအညီေတြနဲ႔ စီးပြားေရး စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္ေအာင္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ကူညီဖို႔ တသေဘာတည္း ရွိၾကေၾကာင္း ကာတာႏိုင္ငံျခားေရး၀န္ႀကီးက ေျပာလိုက္ပါတယ္။

တာလီဘန္ေတြ အာဏာခ်ဳပ္ကိုင္ထားတဲ့ အာဖဂန္နစၥတန္ ႏိုင္ငံကို အထီးက်န္ေအာင္ ပစ္ပယ္ထားမယ္ဆိုရင္၊ မဆိုင္တဲ့လူထုကို အျပစ္ေပးရာေရာက္ႏိုင္တာေၾကာင့္ ႀကီးမားတဲ့ အမွားျဖစ္မယ္လို႔ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ေတာ္က ႏိုင္ငံတကာ ညီလာခံမွာ ႏိုင္ငံျခားေရး၀န္ႀကီး Sheikh Mohammed bin Abdulrahman Al Thani ဗုဒၶဟူးေန႔က ေျပာလိုက္တာပါ။ တာလီဘန္ေတြ လွမ္းလာမယ့္ ေျခလွမ္းေတြကိုေစာင့္ၿပီး၊ တုံ႔ျပန္ေဆာင္ရြက္လို႔ မျဖစ္ႏိုင္ေၾကာင္းလည္း ႏိုင္ငံတကာ လုံျခံဳေရး ေဆြးေႏြးပဲြမွာ ေျပာသြားပါတယ္။

ႏိုင္ငံတကာ အသိုင္းအ၀န္းအေနနဲ႔ ရွင္းလင္းတဲ့ လမ္းျပေျမပုံနဲ႔ ေဆာင္ရြက္ရမယ့္ ကိစၥေတြကို လမ္းၫႊန္ဖို႔ တာ၀န္ရွိတယ္လို႔ ယုံၾကည္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။ ကမာၻ႔စီးပြားေရး ထိပ္သီးႏိုင္ငံေပါင္း ၂၀ (G-20) အဖဲြ႕က အစိုးရေခါင္းေဆာင္ေတြ၊ ၀န္ႀကီးေတြ ပါ၀င္ၿပီး အီတလီႏိုင္ငံက ကမကထလုပ္က်င္းပခဲ့တဲ့ အဂၤါေန႔က အြန္လိုင္း ေဆြးေႏြးပဲြမွာေတာ့ အာဖဂန္နစၥတန္ႏိုင္ငံအတြက္ ေငြေၾကးေထာက္ပံ့ ကူညီဖို႔ သေဘာတူခဲ့ၾကပါတယ္။

ကုလသမဂၢကေတာ့ အခ်ိန္မီ မေဆာင္ရြက္ႏိုင္ရင္ အာဖဂန္နစၥတန္ ႏိုင္ငံမွာ လူသားခ်င္း စာနာမႈဆိုင္ရာ အက်ပ္အတည္း ျဖစ္လာႏိုင္ေၾကာင္း သတိေပးထားတာပါ။ ကာတာႏိုင္ငံျခားေရး၀န္ႀကီးကေတာ့ အာဖဂန္နစၥတန္ ႏိုင္ငံဟာ စီးပြားေရးအရ အႀကီးအက်ယ္ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရေပမဲ့ အေမရိကန္ ဗဟိုဘဏ္မွာ အမ်ားစုအပ္ႏွံထားတဲ့ အာဖဂန္အရန္ေငြ ေဒၚလာ ၁၀ ဘီလီယံ ထိန္းခ်ဳပ္ခံထားရတာေတြကို ႐ုပ္သိမ္းေပးေရး အစီအစဥ္အတြက္ ရွင္းရွင္းလင္းလင္း မရွိေသးေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဖဂန်နစ္စတန် နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေကို လက်ခံအသိအမှတ်ပြုရေးဟာ လတ်တလော ဦးစားပေး ကိစ္စမဟုတ်ပဲ စစ်ဒဏ်သင့် နိုင်ငံမှာ လူသားချင်း စာနာမှု အကူအညီတွေနဲ့ စီးပွားရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝန်းက ကူညီဖို့ တသဘောတည်း ရှိကြကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

တာလီဘန်တွေ အာဏာချုပ်ကိုင်ထားတဲ့ အာဖဂန်နစ္စတန် နိုင်ငံကို အထီးကျန်အောင် ပစ်ပယ်ထားမယ်ဆိုရင်၊ မဆိုင်တဲ့လူထုကို အပြစ်ပေးရာရောက်နိုင်တာကြောင့် ကြီးမားတဲ့ အမှားဖြစ်မယ်လို့ ကာတာနိုင်ငံ ဒိုဟာမြို့တော်က နိုင်ငံတကာ ညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။ တာလီဘန်တွေ လှမ်းလာမယ့် ခြေလှမ်းတွေကိုစောင့်ပြီး၊ တုံ့ပြန်ဆောင်ရွက်လို့ မဖြစ်နိုင်ကြောင်းလည်း နိုင်ငံတကာ လုံခြုံရေး ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ရှင်းလင်းတဲ့ လမ်းပြမြေပုံနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေကို လမ်းညွှန်ဖို့ တာဝန်ရှိတယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ကမ္ဘာ့စီးပွားရေး ထိပ်သီးနိုင်ငံပေါင်း ၂၀ (G-20) အဖွဲ့က အစိုးရခေါင်းဆောင်တွေ၊ ဝန်ကြီးတွေ ပါဝင်ပြီး အီတလီနိုင်ငံက ကမကထလုပ်ကျင်းပခဲ့တဲ့ အင်္ဂါနေ့က အွန်လိုင်း ဆွေးနွေးပွဲမှာတော့ အာဖဂန်နစ္စတန်နိုင်ငံအတွက် ငွေကြေးထောက်ပံ့ ကူညီဖို့ သဘောတူခဲ့ကြပါတယ်။

ကုလသမဂ္ဂကတော့ အချိန်မီ မဆောင်ရွက်နိုင်ရင် အာဖဂန်နစ္စတန် နိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်လာနိုင်ကြောင်း သတိပေးထားတာပါ။ ကာတာနိုင်ငံခြားရေးဝန်ကြီးကတော့ အာဖဂန်နစ္စတန် နိုင်ငံဟာ စီးပွားရေးအရ အကြီးအကျယ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့ အမေရိကန် ဗဟိုဘဏ်မှာ အများစုအပ်နှံထားတဲ့ အာဖဂန်အရန်ငွေ ဒေါ်လာ ၁၀ ဘီလီယံ ထိန်းချုပ်ခံထားရတာတွေကို ရုပ်သိမ်းပေးရေး အစီအစဉ်အတွက် ရှင်းရှင်းလင်းလင်း မရှိသေးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG