သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္နစၥတန္ႏိုင္ငံမွာ ဗလီေက်ာင္းတိုက္ခိုက္ခံရမႈ လူ ၄၇ ေယာက္ထက္မနည္းေသဆုံး


Blast in Kunduz mosque

{{Zawgyi/Unicode}}

အာဖဂန္နစၥတန္ႏုိင္ငံ ကန္ဒါဟာၿမိဳ႕က ရွီယာမြတ္ဆလင္ဗလီ တခုမွာ ေပါက္ကဲြမႈေၾကာင္း လူ ၄၇ ေယာက္ထက္မနည္း ေသဆုံးၿပီး၊ ၇၀ ေက်ာ္ဒါဏ္ရာ ရခဲ့ေၾကာင္း တာလီဘန္ တာ၀န္ရွိသူတေယာက္က ေျပာပါတယ္။

လူေတြနဲ႔ ျပည့္ေနေလ့ရွိတဲ့ ဗလီမွာ ေသာၾကာေန႔က ၀တ္ျပဳဆုေတာင္းေနခ်ိန္ ျဖစ္ပြားတဲ့ ေပါက္ကဲြမႈအတြင္း ေသေက်ဒဏ္ရာရသူ အမ်ားအျပား ရွိခဲ့ေၾကာင္း တာလီဘန္အဖဲြ႕ ေျပာခြင့္ရ Bilal Karimi က VOA ကုိအတည္ျပဳခဲ့တာပါ။ တိုက္ခိုက္မႈအတြက္ တာ၀န္ရွိသူေတြကို စုံစမ္းေနၿပီး၊ တရားမွ်တမႈရေအာင္ ႀကိဳးပမ္းမယ္လို႔လည္း ေျပာပါတယ္။

တိိုက္ခိုက္မႈေၾကာင့္ လူ ၄၇ ေယာက္ထက္မနည္း ေသဆုံးၿပီး၊ ၇၀ ေလာက္ ဒဏ္ရာရေၾကာင္း ကန္ဒါဟာျပည္နယ္ အေျခစိုက္ တာလီဘန္ ယဥ္ေက်းမႈနဲ႔ သတင္းဌာန အႀကီးအကဲ Hafiz Sayeed က AP သတင္းဌာနကိုေျပာပါတယ္။

တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ ဘယ္သူကမွေတာ့ သူတို႔လက္ခ်က္ဆိုၿပီး ထုတ္ေဖာ္ေျပာဆိုတာ မရွိေသးပါဘူး။

ၿပီးခဲ့တဲ့ တပတ္အၾကာ ေသာၾကာေန့တုန္းကလည္း Kunduz ၿမိဳ့မွာ ဗလီတခုကုိဗုံးခဲြတုိက္ခုိက္ခဲ့တဲ့ အတြက္ လူေပါင္း ၅၀ ေက်ာ္ေသဆုံးခဲ့ၿပီး၊ အာဖဂန္အေျခစုိက္ IS Khorasan က သူတို႔လက္ခ်က္အျဖစ္ ေၾကညာခဲ့ပါတယ္။ အာဖဂန္အေျခစုိက္ IS Khorasan အဖဲြ႕ရဲ႕ အႏၲရာယ္ဟာ စိုးရိမ္စရာမရွိေၾကာင္း တာလီဘန္ ျပန္ၾကားေရးဒု၀န္ႀကီးက VOA ကုိ မၾကာေသးခင္ကပဲ ေျပာဆိုထားေပမဲ့ ဒီအဖဲြ႔ဟာ ၾသဂုတ္လ ၁၅ ရက္ေန့ တာလီဘန္ေတြ အာဖဂန္ကုိ သိမ္းပုိက္ၿပီးေနာက္ လူ ၁၀၀ ေလာက္ေသခဲ့ရတဲ့ ကဘူး ေလဆိပ္တုိက္ခုိက္မွုအပါအ၀င္ ျပင္းထန္တဲ့ဗုံးခဲြတုိက္ခုိက္မွု အနည္းဆုံး ၃ ႀကိမ္ လုပ္ခဲ့ဖူးပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့က ရှီယာမွတ်ဆလင်ဗလီ တခုမှာ ပေါက်ကွဲမှုကြောင်း လူ ၄၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ၇၀ ကျော်ဒါဏ်ရာ ရခဲ့ကြောင်း တာလီဘန် တာဝန်ရှိသူတယောက်က ပြောပါတယ်။

လူတွေနဲ့ ပြည့်နေလေ့ရှိတဲ့ ဗလီမှာ သောကြာနေ့က ဝတ်ပြုဆုတောင်းနေချိန် ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွင်း သေကျေဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း တာလီဘန်အဖွဲ့ ပြောခွင့်ရ Bilal Karimi က VOA ကိုအတည်ပြုခဲ့တာပါ။ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို စုံစမ်းနေပြီး၊ တရားမျှတမှုရအောင် ကြိုးပမ်းမယ်လို့လည်း ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် လူ ၄၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ၇၀ လောက် ဒဏ်ရာရကြောင်း ကန်ဒါဟာပြည်နယ် အခြေစိုက် တာလီဘန် ယဉ်ကျေးမှုနဲ့ သတင်းဌာန အကြီးအကဲ Hafiz Sayeed က AP သတင်းဌာနကိုပြောပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူကမှတော့ သူတို့လက်ချက်ဆိုပြီး ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ တပတ်အကြာ သောကြာနေ့တုန်းကလည်း Kunduz မြို့မှာ ဗလီတခုကိုဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ အတွက် လူပေါင်း ၅၀ ကျော်သေဆုံးခဲ့ပြီး၊ အာဖဂန်အခြေစိုက် IS Khorasan က သူတို့လက်ချက်အဖြစ် ကြေညာခဲ့ပါတယ်။ အာဖဂန်အခြေစိုက် IS Khorasan အဖွဲ့ရဲ့ အန္တရာယ်ဟာ စိုးရိမ်စရာမရှိကြောင်း တာလီဘန် ပြန်ကြားရေးဒုဝန်ကြီးက VOA ကို မကြာသေးခင်ကပဲ ပြောဆိုထားပေမဲ့ ဒီအဖွဲ့ဟာ သြဂုတ်လ ၁၅ ရက်နေ့ တာလီဘန်တွေ အာဖဂန်ကို သိမ်းပိုက်ပြီးနောက် လူ ၁၀၀ လောက်သေခဲ့ရတဲ့ ကဘူး လေဆိပ်တိုက်ခိုက်မှုအပါအဝင် ပြင်းထန်တဲ့ဗုံးခွဲတိုက်ခိုက်မှု အနည်းဆုံး ၃ ကြိမ် လုပ်ခဲ့ဖူးပါတယ်။

XS
SM
MD
LG