သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးမ်ား ေခါင္းစည္းပဝါဝတ္ဖို႔ တာလီဘန္ အမိန႔္ထုတ္


ကဘူးလ္ၿမိဳ႕ ေဈးတခုမွာ ေတြ႔ရတဲ့ မ်က္ႏွာအဖံုးအကာ ဝတ္ဆင္ထားတဲ့ အာဖဂန္အမ်ဳိးသမီးႏွစ္ဦး။ (ဒီဇင္ဘာ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏုိင္ငံမွာ အမ်ိဳးသမီးေတြအေနနဲ႔ မ်က္ႏွာအဖံုးအကာေတြ ဝတ္ဖို႔ တာလီဘန္ေတြက အမိန႔္ထုတ္လိုက္ပါတယ္။

တာလီဘန္ ဘာသာေရးဆိုင္ရာရဲေတြ အေနနဲ႔ အမ်ိဳးသမီးေတြ အခုလို မ်က္ႏွာကို ဖံုးကာထားၾကဖို႔ ပိုစတာေတြကို ၿမိဳ႕ေတာ္ ကဘူးလ္တဝိုက္ စိုက္ထူခဲ့ၾကတယ္လို႔ အရာရွိတဦးက မေန႔က ဆိုပါတယ္။

ဒီပိုစတာေတြထဲမွာ Burqa ေခၚ မ်က္ႏွာဖံုး ေခါင္းၿမီးၿခံဳဝတ္႐ုံနဲ႔ အမ်ိဳးသမီးတဦးပံုကို ထည့္သြင္းထားၿပီး ေကာ္ဖီဆိုင္ေတြနဲ႔ ေစ်းဆိုင္ေတြမွာ စာရိတၱျမႇင့္တင္ေရးနဲ႔ မဖြယ္မရာ အျပဳအမူ ထိန္းသိမ္းေရး ဝန္ႀကီးဌာနက ဒီအပတ္ထဲ စိုက္ထူခဲ့ပါတယ္။

တာလီဘန္ေတြ အာဏာျပန္ရလာတဲ့ ၾသဂုတ္လကစၿပီး လြတ္လပ္ခြင့္ေတြကို ျပန္ထိန္းခ်ဳပ္လာခဲ့ရာမွာ အထူးသျဖင့္ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြအေပၚ ပိုမိုတင္းက်ပ္လာခဲ့ပါတယ္။

Sharia အစၥလာမ္ဥပေဒအရ မြတ္ဆလင္အမ်ိဳးသမီးေတြ အေနနဲ႔ ေခါင္းစည္းပဝါ Hijab မျဖစ္မေန ဝတ္ဆင္ရမွာ ျဖစ္တယ္လို႔လည္း ဒီပိုစတာေတြမွာ ေရးသားထားကာ အခုလို ပံုပါဝတ္႐ုံထဲကအတိုင္း မ်က္ႏွာကိုပါ ဖံုးကာထားဖို႔ ရည္ၫႊန္းခဲ့ပါတယ္။

တာလီဘန္အစိုးရရဲ႕ အစၥလာမ္ဥပေဒထိန္းခ်ဳပ္ေရးဆိုင္ရာ ေျပာခြင့္ရ Sadeq Akif Muhajir ကေတာ့ ဒီၫႊန္ၾကားခ်က္ မလိုက္နာသူေတြကို အျပစ္ေပး ႐ိုက္ႏွက္တာ မလုပ္ဘဲ ဒါက အစၥလာမ္စည္းကမ္းလိုက္နာဖို႔သာ တိုက္တြန္းတာပါလို႔ AFP သတင္းဌာနကို ရွင္းျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အမျိုးသမီးများ ခေါင်းစည်းပဝါဝတ်ဖို့ တာလီဘန် အမိန့်ထုတ်

အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ မျက်နှာအဖုံးအကာတွေ ဝတ်ဖို့ တာလီဘန်တွေက အမိန့်ထုတ်လိုက်ပါတယ်။

တာလီဘန် ဘာသာရေးဆိုင်ရာရဲတွေ အနေနဲ့ အမျိုးသမီးတွေ အခုလို မျက်နှာကို ဖုံးကာထားကြဖို့ ပိုစတာတွေကို မြို့တော် ကဘူးလ်တဝိုက် စိုက်ထူခဲ့ကြတယ်လို့ အရာရှိတဦးက မနေ့က ဆိုပါတယ်။

ဒီပိုစတာတွေထဲမှာ Burqa ခေါ် မျက်နှာဖုံး ခေါင်းမြီးခြုံဝတ်ရုံနဲ့ အမျိုးသမီးတဦးပုံကို ထည့်သွင်းထားပြီး ကော်ဖီဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ စာရိတ္တမြှင့်တင်ရေးနဲ့ မဖွယ်မရာ အပြုအမူ ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဒီအပတ်ထဲ စိုက်ထူခဲ့ပါတယ်။

တာလီဘန်တွေ အာဏာပြန်ရလာတဲ့ သြဂုတ်လကစပြီး လွတ်လပ်ခွင့်တွေကို ပြန်ထိန်းချုပ်လာခဲ့ရာမှာ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် ပိုမိုတင်းကျပ်လာခဲ့ပါတယ်။

Sharia အစ္စလာမ်ဥပဒေအရ မွတ်ဆလင်အမျိုးသမီးတွေ အနေနဲ့ ခေါင်းစည်းပဝါ Hijab မဖြစ်မနေ ဝတ်ဆင်ရမှာ ဖြစ်တယ်လို့လည်း ဒီပိုစတာတွေမှာ ရေးသားထားကာ အခုလို ပုံပါဝတ်ရုံထဲကအတိုင်း မျက်နှာကိုပါ ဖုံးကာထားဖို့ ရည်ညွှန်းခဲ့ပါတယ်။

တာလီဘန်အစိုးရရဲ့ အစ္စလာမ်ဥပဒေထိန်းချုပ်ရေးဆိုင်ရာ ပြောခွင့်ရ Sadeq Akif Muhajir ကတော့ ဒီညွှန်ကြားချက် မလိုက်နာသူတွေကို အပြစ်ပေး ရိုက်နှက်တာ မလုပ်ဘဲ ဒါက အစ္စလာမ်စည်းကမ်းလိုက်နာဖို့သာ တိုက်တွန်းတာပါလို့ AFP သတင်းဌာနကို ရှင်းပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG