သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အရံငွေ တဝက် 9/11 တိုက်ခိုက်မှုမှာ နစ်နာသူတွေအတွက်သုံးမည်


FILE - Mohammad Naeem, spokesman for the Taliban's political office.
FILE - Mohammad Naeem, spokesman for the Taliban's political office.

အာဖဂန်အရံငွေ တဝက် 9/11 တိုက်ခိုက်မှုမှာ နစ်နာသူတွေအတွက်သုံးမည်

{{Zawgyi/Unicode}}

အမေရိကန်က ထိန်းချုပ်ထားတဲ့ အာဖဂန်နစ်စတန်နိုင်ငံရဲ့ အရံငွေ ဒေါ်လာ ၇ ဘီလီယံ ထဲက ထက်ဝက်လောက်ကို အမေရိကန်မှာ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးဒဏ်ရာရသူတွေ အတွက် သုံးစွဲခွင့်ပေးမယ့် သမ္မတအမိန့်တရပ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သောကြာနေ့မှာ လက်မှတ်ရေးထိုး လိုက်ပါတယ်။ ကျန်အရံငွေ ဒေါ်လာ ၃ ဘီလီယံခွဲကိုတော့ အာဖဂန်နစ်စတန်နိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် ငွေကြေးရံပုံငွေ တရပ်ထူထောင်ဖို့ ချထားမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက ပြောပါတယ်။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်တွေက ချက်ချင်းပဲ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒါဟာ အာဖဂန်ပြည်သူတွေရဲ့ငွေကို ခိုးယူတာဖြစ်သလို ဒီငွေကို အမေရိကန်က ထိန်းချုပ်ထားတာဟာ ကျင့်ဝတ်အရရော လူသားစာနာမှုအရပါ အောက်တန်းကျစေတဲ့ လုပ်ရပ်ဖြစ်ကြောင်း Doha တာလီဘန်ရုံး ပြောခွင့်ရ Mohammad Naeem က ပြောပါတယ်။

အာဖဂန်နစ်စတန်မှာ သမ္မတ Ashraf Ghani အစိုးရပြုတ်ကျပြီး တာလီဘန်တွေ ထိန်းချုပ်လိုက်တဲ့ ၂၀၂၁ ခု သြဂုတ်လကုန်က စပြီး အမေရိကန်နိုင်ငံ နယူးရောက် ဗဟိုဘဏ်မှာ ထားတဲ့ အာဖဂန်နစ်စတန်နိုင်ငံ Da Afghanistan ဘဏ်က အရံငွေ ဒေါ်လာ ၇ ဘီလီယံ ကို အမေရိကန်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အာဖဂန်နိုင်ငံဟာလည်း စီးပွါးရေးပြိုလဲခဲ့တဲ့ အပြင် စားနပ်ရိက္ခာ မလုံလောက်မှု တွေ ခံစားနေရတာ ဖြစ်ပါတယ်။

၂၀၀၁ ခု 9/11 တိုက်ခိုက်မှုကို စီစဉ်ခဲ့တဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင် Osama bin Laden ကို လွှဲအပ်ဖို့နဲ့ ဒီအကြမ်းဘက်အဖွဲ့ကို ခြေဖျက်ဖို့အတွက် ဒီတိုက်ခိုက်မှုအပြီး အာဖဂန်မှာအာဏာရလာတဲ့ တာလီဘန်တွေကို အမေရိကန်က တောင်းဆိုခဲ့ပေမယ့် တာလီဘန်တွေ က ငြင်းဆိုခဲ့တာပါ။ 9/11 မှာ သေကျေထိခိုက်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေက အမေရိကန်တရားရုံးတွေကနေတဆင့် လျော်ကြေးရဖို့ နှစ်နဲ့ချီ ကြိုးစားနေတာဖြစ်ပြီး မနှစ်က အာဖဂန်မှာ တာလီဘန်တွေ ပြန်အာဏာရလာချိန်မှာ တောင်းဆိုမှုတွေ ပြန်လုပ်လာကြတာဖြစ်ပါတယ်။

.....................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}





XS
SM
MD
LG