သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ တာလီဘန္နဲ႔ အေနာက္ႏိုင္ငံ အစိ္ုးရေတြ ေနာ္ေဝမွာ စတင္ေဆြးေႏြး


အေနာက္ႏုိင္ငံ အစိုးရေတြနဲ႔ ေဆြးေႏြးဖို႔ ေနာ္ေဝကုိ ေရာက္ရွိလာတဲ့ တာလီဘန္ကုိယ္စားလွယ္အခ်ဳိ႕။ (ဇန္နဝါရီ ၂၃၊ ၂၀၂၂)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ ယာယီႏိုင္ငံျခားေရးဝန္ႀကီး Amir Khan Muttaqi ဦးေဆာင္တဲ့ တာလီဘန္ ကိုယ္စားလွယ္အဖြဲ႔ဟာ ေနာ္ေဝႏိုင္ငံ ေအာ္စလိုၿမိဳ႕မွာ အေနာက္ႏိုင္ငံ အစိုးရအရာရွိေတြ၊ အာဖဂန္ အရပ္ဘက္လူမႈအဖြဲ႔အစည္း ကိုယ္စားလွယ္ေတြနဲ႔ ၃ ရက္ၾကာ ညိႇႏိႈင္းေဆြးေႏြးပြဲကို တနဂၤေြေန႔မွာ စတင္ေနၿပီ ျဖစ္ပါတယ္။

တံခါးပိတ္ေဆြးေႏြးပြဲကို ေအာ္စလိုက ႏွင္းဖုံးေတာင္ေပၚမွာရွိတဲ့ ဟုိတယ္မွာ ျပဳလုပ္တာပါ။ ေဆြးေႏြးပြဲ ပထမေန႔မွာ တာလီဘန္ ကိုယ္စားလွယ္ေတြဟာ အာဖဂန္ႏိုင္ငံက အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူေတြနဲ႔ လူ႔အခြင့္အေရး ေရွ႕ေနေတြကို ေတြ႔ဆံုတာ ျဖစ္ပါတယ္။

အစည္းအေဝး မစခင္မွာပဲ တာလီဘန္ ယဥ္ေက်းမႈနဲ႔ သတင္းျပန္ၾကားေရးဆိုင္ရာ ယာယီဒုတိယဝန္ႀကီးက တြစ္တာကေန သူတို႔ေဆြးေႏြးပြဲ ခရီးစဥ္ ေအာင္ျမင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ ေဆြးေႏြးပြဲျဖစ္ေျမာက္ေအာင္ စီစဥ္ေပးတဲ့ ေနာ္ေဝႏုိင္ငံကို ေက်းဇူးတင္ေၾကာင္းအျပင္ ဥေရာပနဲ႔ အျပဳသေဘာေဆာင္တဲ့ ဆက္ဆံေရး လမ္းပြင့္လာမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း Muttaqi ရဲ႕ အသံသြင္းေျပာၾကားခ်က္ကို ထုတ္ျပန္ခဲ့ပါတယ္။

ဒါဟာ မႏွစ္က ၾသဂုတ္လ အာဖဂန္မွာ တာလီဘန္ေတြ ထိန္းခ်ဳပ္ခဲ့ၿပီးေနာက္ပိုင္း ဥေရာပကို ပထမဆံုး သြားေရာက္တဲ့ ခရီးစဥ္ျဖစ္ၿပီး အရင္ကေတာ့ တာလီဘန္ေတြဟာ ႐ုရွား၊ အီရန္၊ ကာတာ၊ ပါကစၥတန္၊ တ႐ုတ္နဲ႔ Turkmenistan ေတြကို သြားေရာက္ခဲ့တာပါ။

ေဆြးေႏြးပြဲအတြင္း အေမရိကန္နဲ႔ တျခား အေနာက္ႏုိင္ငံေတြက ထိန္းခ်ဳပ္ထားတဲ့ အာဖဂန္အရန္ေငြ ေဒၚလာ ၁၀ ဘီလီယံကို အာဖဂန္က ဆိုးဝါးတဲ့ လူသားခ်င္းစာနာမႈ အေျခအေနကို ငဲ့ၿပီး ျပန္ေျဖေလွ်ာ့ေပးဖို႔ ေတာင္းဆိုဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အာဖဂန် တာလီဘန်နဲ့ အနောက်နိုင်ငံ အစိုးရတွေ နော်ဝေမှာ စတင်ဆွေးနွေး

အာဖဂန်နစ္စတန် ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi ဦးဆောင်တဲ့ တာလီဘန် ကိုယ်စားလှယ်အဖွဲ့ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အနောက်နိုင်ငံ အစိုးရအရာရှိတွေ၊ အာဖဂန် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ၃ ရက်ကြာ ညှိနှိုင်းဆွေးနွေးပွဲကို တနင်္ဂွေနေ့မှာ စတင်နေပြီ ဖြစ်ပါတယ်။

တံခါးပိတ်ဆွေးနွေးပွဲကို အော်စလိုက နှင်းဖုံးတောင်ပေါ်မှာရှိတဲ့ ဟိုတယ်မှာ ပြုလုပ်တာပါ။ ဆွေးနွေးပွဲ ပထမနေ့မှာ တာလီဘန် ကိုယ်စားလှယ်တွေဟာ အာဖဂန်နိုင်ငံက အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ရှေ့နေတွေကို တွေ့ဆုံတာ ဖြစ်ပါတယ်။

အစည်းအဝေး မစခင်မှာပဲ တာလီဘန် ယဉ်ကျေးမှုနဲ့ သတင်းပြန်ကြားရေးဆိုင်ရာ ယာယီဒုတိယဝန်ကြီးက တွစ်တာကနေ သူတို့ဆွေးနွေးပွဲ ခရီးစဉ် အောင်မြင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဆွေးနွေးပွဲဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ နော်ဝေနိုင်ငံကို ကျေးဇူးတင်ကြောင်းအပြင် ဥရောပနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး လမ်းပွင့်လာမယ်လို့ မျှော်လင့်ကြောင်း Muttaqi ရဲ့ အသံသွင်းပြောကြားချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ မနှစ်က သြဂုတ်လ အာဖဂန်မှာ တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ဥရောပကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး အရင်ကတော့ တာလီဘန်တွေဟာ ရုရှား၊ အီရန်၊ ကာတာ၊ ပါကစ္စတန်၊ တရုတ်နဲ့ Turkmenistan တွေကို သွားရောက်ခဲ့တာပါ။

ဆွေးနွေးပွဲအတွင်း အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေက ထိန်းချုပ်ထားတဲ့ အာဖဂန်အရန်ငွေ ဒေါ်လာ ၁၀ ဘီလီယံကို အာဖဂန်က ဆိုးဝါးတဲ့ လူသားချင်းစာနာမှု အခြေအနေကို ငဲ့ပြီး ပြန်ဖြေလျှော့ပေးဖို့ တောင်းဆိုဖို့ ရှိပါတယ်။

XS
SM
MD
LG