သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ကို ျဖတ္သန္းၿပီး အာဖဂန္အတြက္ အိႏၵိယက ဂ်ံဳပို႔ေပးမည္


A man distributes bread to Burka-wearing Afghan women outside a bakery in Kabul, Afghanistan, Thursday, Dec, 2, 202.

လူသားျခင္းစာနမွုအေထာက္အပံ့ေတြလုိအပ္ေနတဲ့ အာဖဂန္နစၥတန္ႏုိင္ငံကုိ အိႏၵိယက ဂ်ဳံတန္ခ်ိန္ ၅ ေသာင္းကုိ ပါကစၥတန္ကုိျဖတ္ၿပီးကုန္းလမ္းကေန စတင္ေပးပုိ့သြား ေတာ့မွာျဖစ္တယ္လုိ့ပါကစၥတန္တာ၀န္ရွိသူေတြက တနလၤာေန့မွာ အတည္ျပုေျပာ ဆုိခဲ့ပါတယ္။

ဒီပူးေပါင္းေဆာင္ရြက္မွုဟာ နယ္စပ္ေတြပိတ္ထားတဲ့ ၿပိဳင္ဘက္ ပါကစၥတန္နဲ့အိႏၵိယ အၾကားရွားပါးတဲ့ပူေပါင္းေဆာင္ရြက္မွုျဖစ္ပါတယ္။

ဂ်ဳံအိပ္ေတြတင္ေဆာင္ထားတဲ့ ကုန္ကားေတြဟာအိႏၵိယနယ္စပ္ Attari အက္တရီ ၿမိဳ့ကေန ေဖေဖၚ၀ါရီလ ၂၂ ရက္ေန့မွာစတင္ထြက္ခြါမွာျဖစ္ၿပီး၊ ပါကစၥတန္ကုိျဖတ္ကာ နယ္စပ္ Wagha ၀ါ့ဟ ကေနတဆင့္ အာဂန္အေရွ့ပုိင္းၿမိဳ့ Jalalabad ဂ်လလာဘတ္ၿမိဳ့ ကုိေရာက္ရွိမွာျဖစ္ပါတယ္။

ဂ်လလာဘတ္ၿမိဳ့ကုိေရာက္ရင္ ဒီအစားစာေတြကုိ ကုလသမဂၢကမၻာစားနပ္ရိကၡအစီစဥ္ WFP လက္ကုိလဲႊအပ္ေပးမွာျဖစ္ပါတယ္။ အိႏၵိယကအခုလုိအကူညီေပးမယ့္အစီ အစဥ္အတြက္ WFP နဲ့ၿပီးခဲ့တဲ့ေသာၾကာေန့ကသေဘာတူလက္မွတ္ထုိးခဲ့ပါတယ္။ ဒီေထာက္ပံ့လွုဒန္းမွာဟာအေရးႀကီးေၾကာင္းနဲ့ေနာက္လည္း ထပ္မံလွုဒါန္း မယ္လုိ့ ေမွ်ာ္လင့္ေၾကာင့္ WFP ရဲ့အိႏၵိယႏုိင္ငံံညြန္ၾကားေရးမွုး Bishow Parajuli ကေျပာပါတယ္။

၂၀၁၉ ခုႏွစ္က အၿငိမ္းပြားေနတဲ့ကက္ရွမီးယားေဒသအိႏၵယဖက္ျခမ္းရဲ့ ကုိယ္ပုိင္အုပ္ ခ်ဳပ္ခြင့္ကုိအိႏၵိယအစုိးရက ျပန္လည္ရုတ္သိမ္းခဲ့တဲ့အတြက္ ကန့္ကြက္တဲ့အေနနဲ့ ပါကစၥတန္ဘက္က အိႏၵိယနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ေတြကုိပိတ္ထား ခဲ့ပါတယ္။

-------------------------

ပါကစ္စတန်ကို ဖြတ်သန်းပြီး အာဖဂန်အတွက် အိန္ဒိယက ဂျုံပို့ပေးမည်

လူသားခြင်းစာနမှုအထောက်အပံ့တွေလိုအပ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို အိန္ဒိယက ဂျုံတန်ချိန် ၅ သောင်းကို ပါကစ္စတန်ကိုဖြတ်ပြီးကုန်းလမ်းကနေ စတင်ပေးပို့သွား တော့မှာဖြစ်တယ်လို့ပါကစ္စတန်တာဝန်ရှိသူတွေက တနင်္လာနေ့မှာ အတည်ပြုပြော ဆိုခဲ့ပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုဟာ နယ်စပ်တွေပိတ်ထားတဲ့ ပြိုင်ဘက် ပါကစ္စတန်နဲ့အိန္ဒိယ အကြားရှားပါးတဲ့ပူပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။

ဂျုံအိပ်တွေတင်ဆောင်ထားတဲ့ ကုန်ကားတွေဟာအိန္ဒိယနယ်စပ် Attari အက်တရီ မြို့ကနေ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာစတင်ထွက်ခွါမှာဖြစ်ပြီး၊ ပါကစ္စတန်ကိုဖြတ်ကာ နယ်စပ် Wagha ဝါ့ဟ ကနေတဆင့် အာဂန်အရှေ့ပိုင်းမြို့ Jalalabad ဂျလလာဘတ်မြို့ ကိုရောက်ရှိမှာဖြစ်ပါတယ်။

ဂျလလာဘတ်မြို့ကိုရောက်ရင် ဒီအစားစာတွေကို ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခအစီစဉ် WFP လက်ကိုလွဲှအပ်ပေးမှာဖြစ်ပါတယ်။ အိန္ဒိယကအခုလိုအကူညီပေးမယ့်အစီ အစဉ်အတွက် WFP နဲ့ပြီးခဲ့တဲ့သောကြာနေ့ကသဘောတူလက်မှတ်ထိုးခဲ့ပါတယ်။ ဒီထောက်ပံ့လှုဒန်းမှာဟာအရေးကြီးကြောင်းနဲ့နောက်လည်း ထပ်မံလှုဒါန်း မယ်လို့ မျှော်လင့်ကြောင့် WFP ရဲ့အိန္ဒိယနိုင်ငံံညွန်ကြားရေးမှုး Bishow Parajuli ကပြောပါတယ်။

၂၀၁၉ ခုနှစ်က အငြိမ်းပွားနေတဲ့ကက်ရှမီးယားဒေသအိန္ဒယဖက်ခြမ်းရဲ့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ကိုအိန္ဒိယအစိုးရက ပြန်လည်ရုတ်သိမ်းခဲ့တဲ့အတွက် ကန့်ကွက်တဲ့အနေနဲ့ ပါကစ္စတန်ဘက်က အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တွေကိုပိတ်ထား ခဲ့ပါတယ်။

XS
SM
MD
LG