သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစာသင္ေက်ာင္းေတြ ရုရွားတိုက္ခိုက္မႈ UNICEF ေဖာ္ျပ


A classroom is littered with debris at a school hit by a Russian air bomb in Kharkiv, Ukraine, March 23, 2022.

႐ုရွားရဲ႕ တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္းမွာ ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖဲြ႕ (UNICEF) က ေထာက္ပံ့ထားတဲ့ စာသင္ေက်ာင္းေတြထဲက ၁၇ ရာခိုင္ႏႈန္းေလာက္ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ယူနီဆက္ကေျပာပါတယ္။ ဒီအေရအတြက္ဟာ ေက်ာင္း ၆ ေက်ာင္းမွာ ၁ ေက်ာင္းႏႈန္း ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ယူကရိန္းစာသင္ေက်ာင္းေတြ ရုရွားတိုက္ခိုက္မႈ UNICEF ေဖာ္ျပ

{{Zawgyi/Unicode}}
႐ုရွားရဲ႕ တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္းမွာ ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖဲြ႕ (UNICEF) က ေထာက္ပံ့ထားတဲ့ စာသင္ေက်ာင္းေတြထဲက ၁၇ ရာခိုင္ႏႈန္းေလာက္ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ယူနီဆက္ကေျပာပါတယ္။ ဒီအေရအတြက္ဟာ ေက်ာင္း ၆ ေက်ာင္းမွာ ၁ ေက်ာင္းႏႈန္း ျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ စာသင္ေက်ာင္း ၂ ေက်ာင္း တိုက္ခိုက္ခံခဲ့ရတယ္လို႔လည္း ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၂၄ ရက္ ယူကရိန္းအေပၚ ႐ုရွားက်ဳးေက်ာ္တိုက္ခိုက္မႈေတြ စတင္ခ်ိန္ကတည္းက စာသင္ေက်ာင္းရာနဲ႔ခ်ီ လက္နက္ႀကီးေတြ၊ ေလေၾကာင္း တိုက္ခိုက္မႈဒဏ္ ခံခဲ့ရေၾကာင္းလည္း ယူနီဆက္ရဲ႕ ဗုဒၶဟူးေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ အခက္အခဲ အေႏွာက္အယွက္ေတြ ၾကံဳခဲ့ရၿပီးေနာက္ ယူကရိန္းမွာ စာသင္ႏွစ္သစ္အစဟာ ကေလးေတြအတြက္ ေမွ်ာ္လင့္အားထားစရာ ျဖစ္ခဲ့ေပမဲ့ စစ္ေၾကာင့္ ကေလးေတြ ရာနဲ႔ခ်ီ ေသဆုံးရတာ၊ ေက်ာင္းေတြပိတ္ရတာ၊ တိုက္ခိုက္ခံရတာေတြနဲ႔ ၾကံဳခဲ့ရတယ္လို႔လည္း ယူကရိန္းႏိုင္ငံဆိုင္ရာ ယူနီဆက္ကိုယ္စားလွယ္ Murat Sahin ကေျပာပါတယ္။

စာမသင္ႏိုင္ၾကတဲ့ ယူကရိန္းေက်ာင္းသားေတြအတြက္ အြန္လိုင္းကေန သင္ၾကားပို႔ခ်ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔လည္း ယူနီဆက္ကေျပာပါတယ္။ ေက်ာင္းဆရာေတြ၊ စိတ္ပညာရွင္ေတြ၊ အားကစားနည္းျပေတြ ေက်ာင္းသားေတြနဲ႔အတူ ကစားတာ၊ ပုံမွန္ေတြ႕ဆုံတာေတြ လုပ္ႏိုင္ဖို႔ စီစဥ္ထားၿပီး၊ ယူကရိန္း ကေလးေတြကို ခိုလႈံခြင့္ေပးထားတဲ့ ျပည္ပႏိုင္ငံေတြမွာ ပညာသင္ၾကားေရး အကူအညီေပးႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔လည္း ေျပာပါတယ္။

လူေနထူထပ္တဲ့ ေနရာေတြကို ႐ုရွားက သိမ္းက်ဳံးၿပီး ပစ္ခတ္တိုက္ခိုက္ေနတာေၾကာင့္ အရပ္သားေသဆုံးမႈေတြ၊ ေဆး႐ုံ၊ စာသင္ေက်ာင္းနဲ႔ အေျခခံ အေဆာက္အအုံေတြ ပ်က္စီးမႈေတြဟာ စစ္ရာဇ၀တ္မႈ ေျမာက္ေကာင္းေျမာက္ႏိုင္တယ္လို႔လည္း ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး Michelle Bachelet က ၿပီးခဲ့တဲ့လမွာပဲ ေျပာဆိုထားတာပါ။

႐ုရွားကေတာ့ အရပ္သားေတြကို ပစ္မွတ္ထားတာ မရွိေၾကာင္း ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................

ယူကရိန်းစာသင်ကျောင်းတွေ ရုရှားတိုက်ခိုက်မှု UNICEF ဖော်ပြ

{{Zawgyi/Unicode}}
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ထားတဲ့ စာသင်ကျောင်းတွေထဲက ၁၇ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးခဲ့ရကြောင်း ယူနီဆက်ကပြောပါတယ်။ ဒီအရေအတွက်ဟာ ကျောင်း ၆ ကျောင်းမှာ ၁ ကျောင်းနှုန်း ဖြစ်ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စာသင်ကျောင်း ၂ ကျောင်း တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် ယူကရိန်းအပေါ် ရုရှားကျုးကျော်တိုက်ခိုက်မှုတွေ စတင်ချိန်ကတည်းက စာသင်ကျောင်းရာနဲ့ချီ လက်နက်ကြီးတွေ၊ လေကြောင်း တိုက်ခိုက်မှုဒဏ် ခံခဲ့ရကြောင်းလည်း ယူနီဆက်ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် အခက်အခဲ အနှောက်အယှက်တွေ ကြုံခဲ့ရပြီးနောက် ယူကရိန်းမှာ စာသင်နှစ်သစ်အစဟာ ကလေးတွေအတွက် မျှော်လင့်အားထားစရာ ဖြစ်ခဲ့ပေမဲ့ စစ်ကြောင့် ကလေးတွေ ရာနဲ့ချီ သေဆုံးရတာ၊ ကျောင်းတွေပိတ်ရတာ၊ တိုက်ခိုက်ခံရတာတွေနဲ့ ကြုံခဲ့ရတယ်လို့လည်း ယူကရိန်းနိုင်ငံဆိုင်ရာ ယူနီဆက်ကိုယ်စားလှယ် Murat Sahin ကပြောပါတယ်။

စာမသင်နိုင်ကြတဲ့ ယူကရိန်းကျောင်းသားတွေအတွက် အွန်လိုင်းကနေ သင်ကြားပို့ချနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ယူနီဆက်ကပြောပါတယ်။ ကျောင်းဆရာတွေ၊ စိတ်ပညာရှင်တွေ၊ အားကစားနည်းပြတွေ ကျောင်းသားတွေနဲ့အတူ ကစားတာ၊ ပုံမှန်တွေ့ဆုံတာတွေ လုပ်နိုင်ဖို့ စီစဉ်ထားပြီး၊ ယူကရိန်း ကလေးတွေကို ခိုလှုံခွင့်ပေးထားတဲ့ ပြည်ပနိုင်ငံတွေမှာ ပညာသင်ကြားရေး အကူအညီပေးနိုင်အောင် ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

လူနေထူထပ်တဲ့ နေရာတွေကို ရုရှားက သိမ်းကျုံးပြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားသေဆုံးမှုတွေ၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးမှုတွေဟာ စစ်ရာဇဝတ်မှု မြောက်ကောင်းမြောက်နိုင်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က ပြီးခဲ့တဲ့လမှာပဲ ပြောဆိုထားတာပါ။

ရုရှားကတော့ အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိကြောင်း ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG