သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားတပ္ေတြ ဝိုင္းထားတဲ့ ယူကရိန္းသံမဏိစက္႐ုံက အရပ္သားေတြအားလုံး ေဘးလြတ္ရာေရာက္ရွိ


Azovstal သံမဏိစက္႐ုံမွာ ပိတ္မိေနတဲ့ အရပ္သားေတြကို ကယ္ထုတ္ေနတဲ့ျမင္ကြင္း။

(Zawgyi / Unicode)

ယူကရိန္းအေရွ႕ေတာင္ပိုင္း Mariupol ဆိပ္ကမ္းၿမိဳ႕က သံမဏိစက္ရံုဝင္းအတြင္း ပိတ္မိေနတဲ့ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြနဲ႔ သက္ႀကီးရြယ္ႀကီးေတြ အားလံုးကို ေဘးလြတ္ရာ ေရႊ႕ေျပာင္း ကယ္ထုတ္ႏိုင္ခဲ့ၿပီလို႔ Kyiv က ဗီြအုိေအသတင္းေထာက္ Anna Chernikova က ေျပာပါတယ္။

ဆိုဗီယက္ေခတ္ သံမဏိစက္ရံု Azovstal ဝင္းဟာ သီတင္း ၁၀ ပတ္ၾကာေနၿပီျဖစ္တဲ့ ယူကရိန္းကို ႐ုရွား ဝင္က်ဴးေက်ာ္မႈကို ရဲရဲရင့္ရင့္ ခုခံေတာ္လွန္တဲ့ ယူကရိန္းတပ္ေတြရဲ႕ ေနာက္ဆံုး ေျခကုပ္ယူတဲ့ေနရာ ျဖစ္ပါတယ္။

ယူကရိန္း ဒုတိယဝန္ႀကီးခ်ဳပ္ Iryna Vereshchuk ကေတာ့ Mariupol ၿမိဳ႕က ဒီနယ္ေျမမွာ လူသားခ်င္းစာနာမႈဆိုင္ရာ လုပ္ငန္းေဆာင္တာေတြ ၿပီးဆံုးသြားၿပီျဖစ္ေၾကာင္း တယ္လီဂရမ္ လူမႈကြန္ရက္ကေန ေျပာၾကားခဲ့ပါတယ္။

သံမဏိစက္႐ုံမွာ ပိတ္မိေနသူေတြကို တာဝန္ယူ ကယ္ထုတ္ေပးေနတဲ့ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႔ (ICRC) တို႔ကေတာ့ ဒီေဒသက သူတို႔ရဲ႕ ကယ္ဆယ္ေရးလုပ္ငန္း ၿပီးဆံုးၿပီလို႔ အတည္မျပဳေသးပါဘူး။

တိုက္ပြဲမွာပါဝင္ေနတဲ့ အဖြဲ႔အားလံုးက ေဘးကင္းတဲ့ လမ္းေၾကာင္းအျဖစ္ သေဘာတူထားတဲ့ Azovstal နဲ႔ Mariupol တဝိုက္က တျခားေနရာေတြမွာ ကုလသမဂၢနဲ႔အတူ ICRC အဖြဲ႔သားေတြ လုပ္ကိုင္ေနဆဲျဖစ္ၿပီး လုပ္ငန္းၿပီးရင္ အေသးစိတ္ကို တင္ျပေပးမွာျဖစ္ေၾကာင္း ကုလသမဂၢ OCHA ရံုး ေျပာခြင့္ရက ေျပာပါတယ္။

ယူကရိန္းစစ္တပ္ အႀကီးအကဲကေတာ့ Azovstal မွာ စေနေန႔က ႐ုရွားဘက္ကေန ပစ္ခတ္တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ေျပာပါတယ္။

ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္တဲ့ ႐ုရွားတပ္ေတြက ယူကရိန္းႏိုင္ငံတလႊား ေဆးရံု ေဆးခန္း ၂၀၀ ေလာက္ကို တိုက္ခိုက္ခဲ့တာကို WHO က မွတ္တမ္းတင္ထားေၾကာင္းနဲ႔ ဒီစစ္ပြဲမွာ ႐ုရွားက စစ္ရာဇဝတ္မႈ က်ဴးလြန္မႈရွိမရွိ စံုစမ္းေရးမွာ သက္ေသျဖစ္လာႏိုင္တဲ့ အခ်က္ေတြကို စုေဆာင္းေနတယ္လို႔ စေနေန႔မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ရုရှားတပ်တွေ ဝိုင်းထားတဲ့ ယူကရိန်းသံမဏိစက်ရုံက အရပ်သားတွေအားလုံး ဘေးလွတ်ရာရောက်ရှိ

ယူကရိန်းအရှေ့တောင်ပိုင်း Mariupol ဆိပ်ကမ်းမြို့က သံမဏိစက်ရုံဝင်းအတွင်း ပိတ်မိနေတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်ကြီးတွေ အားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ထုတ်နိုင်ခဲ့ပြီလို့ Kyiv က ဗွီအိုအေသတင်းထောက် Anna Chernikova က ပြောပါတယ်။

ဆိုဗီယက်ခေတ် သံမဏိစက်ရုံ Azovstal ဝင်းဟာ သီတင်း ၁၀ ပတ်ကြာနေပြီဖြစ်တဲ့ ယူကရိန်းကို ရုရှား ဝင်ကျူးကျော်မှုကို ရဲရဲရင့်ရင့် ခုခံတော်လှန်တဲ့ ယူကရိန်းတပ်တွေရဲ့ နောက်ဆုံး ခြေကုပ်ယူတဲ့နေရာ ဖြစ်ပါတယ်။

ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk ကတော့ Mariupol မြို့က ဒီနယ်မြေမှာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း တယ်လီဂရမ် လူမှုကွန်ရက်ကနေ ပြောကြားခဲ့ပါတယ်။

သံမဏိစက်ရုံမှာ ပိတ်မိနေသူတွေကို တာဝန်ယူ ကယ်ထုတ်ပေးနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) တို့ကတော့ ဒီဒေသက သူတို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးပြီလို့ အတည်မပြုသေးပါဘူး။

တိုက်ပွဲမှာပါဝင်နေတဲ့ အဖွဲ့အားလုံးက ဘေးကင်းတဲ့ လမ်းကြောင်းအဖြစ် သဘောတူထားတဲ့ Azovstal နဲ့ Mariupol တဝိုက်က တခြားနေရာတွေမှာ ကုလသမဂ္ဂနဲ့အတူ ICRC အဖွဲ့သားတွေ လုပ်ကိုင်နေဆဲဖြစ်ပြီး လုပ်ငန်းပြီးရင် အသေးစိတ်ကို တင်ပြပေးမှာဖြစ်ကြောင်း ကုလသမဂ္ဂ OCHA ရုံး ပြောခွင့်ရက ပြောပါတယ်။

ယူကရိန်းစစ်တပ် အကြီးအကဲကတော့ Azovstal မှာ စနေနေ့က ရုရှားဘက်ကနေ ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းကို ဝင်ရောက်ကျူးကျော်တဲ့ ရုရှားတပ်တွေက ယူကရိန်းနိုင်ငံတလွှား ဆေးရုံ ဆေးခန်း ၂၀၀ လောက်ကို တိုက်ခိုက်ခဲ့တာကို WHO က မှတ်တမ်းတင်ထားကြောင်းနဲ့ ဒီစစ်ပွဲမှာ ရုရှားက စစ်ရာဇဝတ်မှု ကျူးလွန်မှုရှိမရှိ စုံစမ်းရေးမှာ သက်သေဖြစ်လာနိုင်တဲ့ အချက်တွေကို စုဆောင်းနေတယ်လို့ စနေနေ့မှာ ပြောပါတယ်။

XS
SM
MD
LG