သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားစစ္ေရးပစ္မွတ္တခ်ဳိ႕ ယူကရိန္း အေဝးထိန္းဒ႐ုန္းနဲ႔ တိုက္ခိုက္ဖ်က္ဆီး


ေႁမြကၽြန္းအနီး ႐ုရွားကမ္းတက္ေရယာဥ္ကုိ ယူကရိန္းစစ္တပ္ ဒ႐ုန္းနဲ႔ ပစ္ခတ္တုိက္ခုိက္ခဲ့တဲ့ ၿဂိဳဟ္တုဓာတ္ပုံ။ (ေမ ၆၊ ၂၀၂၂)

(Zawgyi / Unicode)

ပင္လယ္နက္ေဒသထဲက ႐ုရွားထိန္းခ်ဳပ္ထားတဲ့ Snake Island ေႁမြကၽြန္းအနီး ႐ုရွား ကမ္းတက္စစ္ေရယာဥ္တစင္းကို ပစ္ခတ္ဖ်က္ဆီးလိုက္တဲ့ ဗီြဒီယိုကို ယူကရိန္းစစ္တပ္က စေနေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။ အေဝးထိန္းဒ႐ုန္း Bayraktar TB2 ကိုသံုးၿပီး မစ္ဇိုင္းဒံုးနဲ႔ ပစ္ခတ္ခဲ့တာလို႔လည္း ယူကရိန္းစစ္တပ္က ေျပာပါတယ္။

ယူကရိန္းေတာင္ပိုင္းက အိုဒက္ဆာ ဆိပ္ကမ္းၿမိဳ႕ေတာင္ဘက္ မိုင္ ၈၀ ေလာက္ အကြာက ဒီကၽြန္းေပၚမွာရွိတဲ့ ဒံုးခြင္းဒံုးစနစ္ကိုလည္း Bayraktar ဒ႐ုန္းနဲ႔ ဖ်က္ဆီးခဲ့ေၾကာင္း ယူကရိန္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

စေနေန႔အေစာပိုင္း PBC Planet Labs က ႐ိုက္ကူးတဲ့ ေကာင္းကင္ၿဂိဳဟ္တုဓာတ္ပံုမွာေတာ့ ေႁမြကၽြန္းေျမာက္ပိုင္းကမ္းေျခအနီးမွာ ရပ္ထားတဲ့ ႐ုရွားလုပ္ Serna အမ်ိဳးအစား စစ္ေရယာဥ္တစင္းကို ေတြ႔ခဲ့ရတဲ့အတြက္ ဒ႐ုန္းနဲ႔ ပစ္ခတ္ၿပီးေနာက္ မီးေလာင္ပ်က္စီးသြားတယ္လို႔ ယူကရိန္းက ထုတ္ျပန္ခဲ့တဲ့ ဗြီဒီယိုမွာ ျပသခဲ့တဲ့ စစ္ေရယာဥ္နဲ႔လည္း တူညီေနပါတယ္။

ဗြီဒီယိုထဲမွာပဲ ကၽြန္းေပၚက အေဆာက္အဦးေတြ မီးေလာင္ေနတာကို ျပသထားၿပီး ဒ႐ုန္းနဲ႔ တိုက္ခိုက္ခဲ့တဲ့အတြက္ ပ်က္စီးခဲ့ေၾကာင္း ယူကရိန္းစစ္တပ္က ေျပာပါတယ္။

ေႁမြကၽြန္းမွာ တိ္ုက္ခိုက္ခံရတဲ့အတြက္ ႐ုရွားက ပင္လယ္နက္မွာ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားမႈေတြမွာ အဟန္႔အတား ျဖစ္ႏိုင္ပါတယ္။

စေနေန႔မွာပဲ အိုဒက္ဆာ ဆိပ္ကမ္းၿမိဳ႕မွာ မစ္ဇိုင္းဒံုး ၆ စင္း ထိမွန္ခဲ့ေၾကာင္း ယူကရိန္း ေတာင္ပိုင္းေဒသ စစ္ဌာနခ်ဳပ္ ေျပာခြင့္ရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ရုရှားစစ်ရေးပစ်မှတ်တချို့ ယူကရိန်း အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီး

ပင်လယ်နက်ဒေသထဲက ရုရှားထိန်းချုပ်ထားတဲ့ Snake Island မြွေကျွန်းအနီး ရုရှား ကမ်းတက်စစ်ရေယာဉ်တစင်းကို ပစ်ခတ်ဖျက်ဆီးလိုက်တဲ့ ဗွီဒီယိုကို ယူကရိန်းစစ်တပ်က စနေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဝေးထိန်းဒရုန်း Bayraktar TB2 ကိုသုံးပြီး မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တာလို့လည်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

ယူကရိန်းတောင်ပိုင်းက အိုဒက်ဆာ ဆိပ်ကမ်းမြို့တောင်ဘက် မိုင် ၈၀ လောက် အကွာက ဒီကျွန်းပေါ်မှာရှိတဲ့ ဒုံးခွင်းဒုံးစနစ်ကိုလည်း Bayraktar ဒရုန်းနဲ့ ဖျက်ဆီးခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စနေနေ့အစောပိုင်း PBC Planet Labs က ရိုက်ကူးတဲ့ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံမှာတော့ မြွေကျွန်းမြောက်ပိုင်းကမ်းခြေအနီးမှာ ရပ်ထားတဲ့ ရုရှားလုပ် Serna အမျိုးအစား စစ်ရေယာဉ်တစင်းကို တွေ့ခဲ့ရတဲ့အတွက် ဒရုန်းနဲ့ ပစ်ခတ်ပြီးနောက် မီးလောင်ပျက်စီးသွားတယ်လို့ ယူကရိန်းက ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုမှာ ပြသခဲ့တဲ့ စစ်ရေယာဉ်နဲ့လည်း တူညီနေပါတယ်။

ဗွီဒီယိုထဲမှာပဲ ကျွန်းပေါ်က အဆောက်အဦးတွေ မီးလောင်နေတာကို ပြသထားပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ပျက်စီးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

မြွေကျွန်းမှာ တိုက်ခိုက်ခံရတဲ့အတွက် ရုရှားက ပင်လယ်နက်မှာ ထိန်းချုပ်ဖို့ ကြိုးစားမှုတွေမှာ အဟန့်အတား ဖြစ်နိုင်ပါတယ်။

စနေနေ့မှာပဲ အိုဒက်ဆာ ဆိပ်ကမ်းမြို့မှာ မစ်ဇိုင်းဒုံး ၆ စင်း ထိမှန်ခဲ့ကြောင်း ယူကရိန်း တောင်ပိုင်းဒေသ စစ်ဌာနချုပ် ပြောခွင့်ရက ပြောပါတယ်။

XS
SM
MD
LG