သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို စီးပွားရေး၊ နိုင်ငံရေး အရေးယူမှုတွေ တိုးမြှင့်ဖို့ G7 ဆွေးနွေး


G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (မေ ၁၃၊ ၂၀၂၂)
G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (မေ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

ရုရှားကို စီးပွားရေးပိတ်ဆို့ပြီး နိုင်ငံရေးအရ အထီးကျန်စေဖို့ တိုးမြှင့်လုပ်မှာဖြစ်သလို ယူကရိန်းကိုလည်း လက်နက်အကူအညီ ဆက်ပေးသွားမယ်လို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ကတိကဝတ် ပြုခဲ့ကြပါတယ်။

ရုရှားက ဖန်တီးနေတဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအခေါ် ဂျုံစစ်ပွဲကိုလည်း ကိုင်တွယ်ဖြေရှင်းသွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂက အကြီးတန်းသံတမန်တွေဟာ စစ်ဘက်နဲ့ ကာကွယ်ရေး အထောက်အပံ့တွေကို လိုအပ်သလို အချိန်ကြာကြာ ဆက်ထောက်ပံ့သွားဖို့လည်း ကတိပေးခဲ့ကြပါတယ်။

ရုရှားအပေါ် စီးပွားရေးဒဏ်ခတ်မှုတွေကြောင့် စားနပ်ရိက္ခာ ဖူလုံရေးပြဿနာ ကြုံလာတယ်ဆိုပြီး အနောက်နိုင်ငံတွေကို ပုံဖျက်ဖို့ ရုရှားက လုပ်ကြံဖန်တီးနေတယ် ဆိုပြီးတော့လည်း ဆွေးနွေးခဲ့သလို ရုရှားကို မကူညီဖို့ တရုတ်ကို တိုက်တွန်းသွားဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရုရှားက ရေနံမဝယ်ဖို့ ပိတ်ဆို့တားမြစ်ရေး သဘောတူညီချက်တရပ်ကို ရှေ့သီတင်းပတ်ထဲ ရရှိနိုင်ဖို့ မျှော်လင့်ကြိုးပမ်းနေကြပေမဲ့ ဒါကို ဟန်ဂေရီနိုင်ငံကတော့ ကန့်ကွက်နေဆဲပါ။

ဂျာမနီနိုင်ငံ အနောက်ခြမ်းမှာလုပ်တဲ့ ဒီအစည်းအဝေးကို ယူကရိန်းနဲ့ မော်ဒိုဗာ နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ပါတယ်။

------------------------------

(Unicode)








XS
SM
MD
LG