(Zawgyi / Unicode)
ယူကရိန္းစစ္ ဘယ္ေလာက္ၾကာရွည္ႏိုင္လဲဆိုတာ မဟာမိတ္ႏိုင္ငံေတြေပၚ တည္တယ္လို႔ ယူကရိန္းသမၼတက ေျပာလိုက္ပါတယ္။ လက္ရွိအားျဖင့္ဆိုရင္ ယူကရိန္းစစ္ သုံးလၾကာထဲ ဝင္ေရာက္ေနပါၿပီ။
႐ုရွားက်ဴးေက်ာ္စစ္ ဘယ္ေလာက္ၾကာမွာကို ဘယ္သူမွ မမွန္းႏိုင္ေပမဲ့ ဥေရာပနဲ႔ လြတ္လပ္တဲ့ ကမၻာ့ႏိုင္ငံေတြေပၚ မူတည္ေနၿပီး စစ္ကို အျမန္အဆုံးသတ္ႏိုင္ေအာင္ ယူကရိန္းဘက္ကေတာ့ အစြမ္းကုန္ ေဆာင္ရြက္ေနတယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က ေျပာပါတယ္။
ယူကရိန္းအစိုးရနဲ႔ ျပည္သူေတြအေနနဲ႔ ကိုယ့္ေျမကိုယ့္ေရကို ျမန္ျမန္လြတ္ေျမာက္ေအာင္ လုပ္ႏိုင္သမွ် လုပ္ေနၿပီး စစ္ပြဲျမန္ျမန္ၿပီးေရးကို ေန႔စဥ္ ဦးစားေပး ေဆာင္ရြက္ေနၾကတယ္လို႔ သမၼတ Zelenskyy က ေန႔စဥ္သတင္းစာရွင္းပြဲမွာ မေန႔က ေျပာလိုက္ပါတယ္။
တခ်ိန္တည္းမွာေတာ့ NATO ေျမာက္အတၱလႏၱိတ္စာခ်ဳပ္ စစ္မဟာမိတ္အဖြဲ႔ အျမန္တိုးခ်ဲ႕ေရး ျဖစ္ႏိုင္ေျခကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ရဲ႕ အခု ဂ်ာမနီခရီးစဥ္ထဲမွာ အဓိကထား ေဆြးေႏြးဖို႔ရွိပါတယ္။
တခ်ိန္တုန္းက NATO အဖြဲ႔နဲ႔ ခပ္ခြာခြာေနခဲ့တဲ့ ဖင္လန္နဲ႔ ဆြီဒင္ႏိုင္ငံတို႔ဟာ အခုေတာ့ NATO အဖြဲ႔ဝင္ဖို႔ ခ်ည္းကပ္ ေဆာင္ရြက္ေနပါတယ္။ ဒါေပမဲ့ NATO အဖြဲ႔ဝင္ႏိုင္ငံ တႏိုင္ငံျဖစ္တဲ့ တူရကီကေတာ့ ဒါကို ကန႔္ကြက္ေနပါတယ္။
ယူကရိန္းအေနနဲ႔ NATO စစ္မဟာမိတ္ထဲဝင္ရင္ ႐ုရွားနယ္စပ္အထိ ေနတိုးအဖြဲ႔ အင္အားခ်ဲ႕လာႏိုင္တယ္ဆိုတာ အေၾကာင္းျပၿပီး ႐ုရွားက ယူကရိန္းကို စစ္ဆင္ခဲ့တာပါ။ အခု ႐ုရွားနယ္စပ္ႏိုင္ငံ တႏိုင္ငံျဖစ္တဲ့ ဖင္လန္ကပါ NATO ဝင္ဖို႔ လုပ္တာကို ႐ုရွားက ကန႔္ကြက္ သတိေပးေနပါတယ္။
------------------------------
(Unicode)
“ယူကရိန်းစစ်ကြာရှည်မှု မဟာမိတ်တွေအပေါ်တည်” - ယူကရိန်းသမ္မတ
ယူကရိန်းစစ် ဘယ်လောက်ကြာရှည်နိုင်လဲဆိုတာ မဟာမိတ်နိုင်ငံတွေပေါ် တည်တယ်လို့ ယူကရိန်းသမ္မတက ပြောလိုက်ပါတယ်။ လက်ရှိအားဖြင့်ဆိုရင် ယူကရိန်းစစ် သုံးလကြာထဲ ဝင်ရောက်နေပါပြီ။
ရုရှားကျူးကျော်စစ် ဘယ်လောက်ကြာမှာကို ဘယ်သူမှ မမှန်းနိုင်ပေမဲ့ ဥရောပနဲ့ လွတ်လပ်တဲ့ ကမ္ဘာ့နိုင်ငံတွေပေါ် မူတည်နေပြီး စစ်ကို အမြန်အဆုံးသတ်နိုင်အောင် ယူကရိန်းဘက်ကတော့ အစွမ်းကုန် ဆောင်ရွက်နေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။
ယူကရိန်းအစိုးရနဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်မြေကိုယ့်ရေကို မြန်မြန်လွတ်မြောက်အောင် လုပ်နိုင်သမျှ လုပ်နေပြီး စစ်ပွဲမြန်မြန်ပြီးရေးကို နေ့စဉ် ဦးစားပေး ဆောင်ရွက်နေကြတယ်လို့ သမ္မတ Zelenskyy က နေ့စဉ်သတင်းစာရှင်းပွဲမှာ မနေ့က ပြောလိုက်ပါတယ်။
တချိန်တည်းမှာတော့ NATO မြောက်အတ္တလန္တိတ်စာချုပ် စစ်မဟာမိတ်အဖွဲ့ အမြန်တိုးချဲ့ရေး ဖြစ်နိုင်ခြေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ အခု ဂျာမနီခရီးစဉ်ထဲမှာ အဓိကထား ဆွေးနွေးဖို့ရှိပါတယ်။
တချိန်တုန်းက NATO အဖွဲ့နဲ့ ခပ်ခွာခွာနေခဲ့တဲ့ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ အခုတော့ NATO အဖွဲ့ဝင်ဖို့ ချည်းကပ် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ NATO အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်တဲ့ တူရကီကတော့ ဒါကို ကန့်ကွက်နေပါတယ်။
ယူကရိန်းအနေနဲ့ NATO စစ်မဟာမိတ်ထဲဝင်ရင် ရုရှားနယ်စပ်အထိ နေတိုးအဖွဲ့ အင်အားချဲ့လာနိုင်တယ်ဆိုတာ အကြောင်းပြပြီး ရုရှားက ယူကရိန်းကို စစ်ဆင်ခဲ့တာပါ။ အခု ရုရှားနယ်စပ်နိုင်ငံ တနိုင်ငံဖြစ်တဲ့ ဖင်လန်ကပါ NATO ဝင်ဖို့ လုပ်တာကို ရုရှားက ကန့်ကွက် သတိပေးနေပါတယ်။