သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားက ဥေရာကိုတင္ပို႔တဲ႔ ဓာတ္ေငြ႕ပိုက္လိုင္း ယူကရိန္း ပိတ္လိုက္ၿပီ


Russia Ukraine Gas

ဥေရာပကို ႐ုရွားက သဘာ၀ဓာတ္ေငြ႕ တင္ပို႔ေနတဲ့ လမ္းေၾကာင္းတခုကို ပိတ္လိုက္ေၾကာင္း ယူကရိန္းက ဗုဒၶဟူးေနု႔မွာပဲ ေၾကညာလိုက္ပါတယ္။

႐ုရွားက ဥေရာကိုတင္ပို႔တဲ႔ ဓာတ္ေငြ႕ပိုက္လိုင္း ယူကရိန္း ပိတ္လိုက္ၿပီ

{{Zawgyi/Unicode}}
ဥေရာပကို ႐ုရွားက သဘာ၀ဓာတ္ေငြ႕ တင္ပို႔ေနတဲ့ လမ္းေၾကာင္းတခုကို ပိတ္လိုက္ေၾကာင္း ယူကရိန္းက ဗုဒၶဟူးေနု႔မွာပဲ ေၾကညာလိုက္ပါတယ္။ ႐ုရွားက ေထာက္ခံအားေပးေနတဲ့ ခဲြထြက္ေရးသမားေတြ ထိန္းခ်ဳပ္ထားတဲ့ ယူကရိန္းအေရွ႕ပိုင္းကတဆင့္ တင္ပို႔မႈေတြကို ၾကားျဖတ္ယူတာ အပါအ၀င္ ရန္သူေတြရဲ႕ ေႏွာက္ယွက္မႈေတြ ရွိေနတာေၾကာင့္ ပိတ္လိုက္ၿပီျဖစ္ေၾကာင္း ယူကရိန္းသဘာ၀ဓာတ္ေငြ႕ တင္ပို႔မႈလုပ္ငန္းက ေျပာဆိုခဲ့တာပါ။

အေနာက္ဥေရာပကို ႐ုရွားကတင္ပို႔ေနတဲ့ ဓာတ္ေငြ႕ေတြရဲ႕ ၃ ပုံ ၁ ပုံေလာက္ဟာ ယူကရိန္းက ျဖတ္သန္းေနတာျဖစ္ၿပီး၊ ပိုက္လိုင္းတခု ပိတ္လိုက္ေပမဲ့ တျခားေနရာကေန ပို႔လို႔ရေနတဲ့အတြက္ လတ္တေလာ ႀကီးႀကီးမားမား ထိခိုက္မႈ မရွိႏိုင္ဘူးလို႔လည္း ခန္႔မွန္းေနၾကပါတယ္။

႐ုရွားအစိုးရပိုင္ Gazprom စြမ္းအင္ ကုမၸဏီကေတာ့ ဥေရာပကို ယူကရိန္းကတဆင့္ တင္ပို႔တဲ့ ဓာတ္ေငြ႕ပမာဏ ၂၅ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း ၿပီးခဲ့တဲ့ရက္ကပဲ ေၾကညာထားတာပါ။

ဥေရာပသမဂၢ (EU) ကေတာ့ ယူကရိန္းအေပၚ ႐ုရွားရဲ႕ သီတင္း ၁၁ ပတ္ၾကာ က်ဳးေက်ာ္စစ္ကို တုံ႔ျပန္တဲ့အေနနဲ႔ ႐ုရွားစြမ္းအင္အေပၚ အားထားေနရတာကို ေလွ်ာ့ခ်ဖို႔ နည္းလမ္းေတြကို ရွာေဖြေနပါတယ္။ ဒါေပမဲ့လည္း အဖဲြ႕၀င္ ၂၇ ႏိုင္ငံထဲက ကန္႔ကြက္မႈေတြ ရွိေနၿပီး ဟန္ေဂရီႏိုင္ငံကေတာ့ ႐ုရွားက စြမ္းအင္တင္ပို႔မႈ ျဖတ္ေတာက္လိုက္ရင္ စီးပြားေရး အထိနာလိမ့္မယ္လို႔ ေျပာဆိုထားပါတယ္။

တခ်ိန္တည္းမွာပဲ ယူကရိန္းႏိုင္ငံေတာင္ပိုင္းမွာ ႐ုရွားကေထာက္ခံမႈေပးထားတဲ့ Kherson ေဒသအုပ္ခ်ဳပ္ေရးအဖဲြ႕ရဲ႕ ဒုတိယအႀကီးအကဲ Kirill Stremousov က ႐ုရွားတပ္ေတြ ထိန္းခ်ဳပ္လိုက္တဲ့ေဒသကို၊ ႐ုရွားႏိုင္ငံပိုင္အျဖစ္ သမၼတ Vladimir Putin ကေၾကညာေပးဖို႔ RIA Novosti ႐ုရွားဌာနကို ေျပာလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................................

ရုရှားက ဥရောကိုတင်ပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း ယူကရိန်း ပိတ်လိုက်ပြီ

{{Zawgyi/Unicode}}
ဥရောပကို ရုရှားက သဘာဝဓာတ်ငွေ့ တင်ပို့နေတဲ့ လမ်းကြောင်းတခုကို ပိတ်လိုက်ကြောင်း ယူကရိန်းက ဗုဒ္ဓဟူးနေု့မှာပဲ ကြေညာလိုက်ပါတယ်။ ရုရှားက ထောက်ခံအားပေးနေတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းကတဆင့် တင်ပို့မှုတွေကို ကြားဖြတ်ယူတာ အပါအဝင် ရန်သူတွေရဲ့ နှောက်ယှက်မှုတွေ ရှိနေတာကြောင့် ပိတ်လိုက်ပြီဖြစ်ကြောင်း ယူကရိန်းသဘာဝဓာတ်ငွေ့ တင်ပို့မှုလုပ်ငန်းက ပြောဆိုခဲ့တာပါ။

အနောက်ဥရောပကို ရုရှားကတင်ပို့နေတဲ့ ဓာတ်ငွေ့တွေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ ယူကရိန်းက ဖြတ်သန်းနေတာဖြစ်ပြီး၊ ပိုက်လိုင်းတခု ပိတ်လိုက်ပေမဲ့ တခြားနေရာကနေ ပို့လို့ရနေတဲ့အတွက် လတ်တလော ကြီးကြီးမားမား ထိခိုက်မှု မရှိနိုင်ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်။

ရုရှားအစိုးရပိုင် Gazprom စွမ်းအင် ကုမ္ပဏီကတော့ ဥရောပကို ယူကရိန်းကတဆင့် တင်ပို့တဲ့ ဓာတ်ငွေ့ပမာဏ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြီးခဲ့တဲ့ရက်ကပဲ ကြေညာထားတာပါ။

ဥရောပသမဂ္ဂ (EU) ကတော့ ယူကရိန်းအပေါ် ရုရှားရဲ့ သီတင်း ၁၁ ပတ်ကြာ ကျုးကျော်စစ်ကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားစွမ်းအင်အပေါ် အားထားနေရတာကို လျှော့ချဖို့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ဝင် ၂၇ နိုင်ငံထဲက ကန့်ကွက်မှုတွေ ရှိနေပြီး ဟန်ဂေရီနိုင်ငံကတော့ ရုရှားက စွမ်းအင်တင်ပို့မှု ဖြတ်တောက်လိုက်ရင် စီးပွားရေး အထိနာလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ ရုရှားကထောက်ခံမှုပေးထားတဲ့ Kherson ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ Kirill Stremousov က ရုရှားတပ်တွေ ထိန်းချုပ်လိုက်တဲ့ဒေသကို၊ ရုရှားနိုင်ငံပိုင်အဖြစ် သမ္မတ Vladimir Putin ကကြေညာပေးဖို့ RIA Novosti ရုရှားဌာနကို ပြောလိုက်ပါတယ်။

XS
SM
MD
LG