သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တိုက္ပဲြဝင္ ယူကရိန္းအတြက္ Kyiv ၿမိဳ႔ေတာ္ေရာက္ Bono ရဲ႕ဂီတေျဖေဖ်ာ္ပဲြ


U2 ေတးဂီတအဖြဲ႔က အဆုိေတာ္ Bono. (ေမ ၈၊ ၂၀၂၂)

(Zawgyi / Unicode)

နာမည္ေက်ာ္ အိုင္ယာလန္ေရာ့ခ္ဂီတအဖြဲ႔ U2 က Bono နဲ႔ သူ႔တြဲဘက္ဂစ္တာသမား The Edge တို႔ဟာ တနဂၤေႏြေန႔က ယူကရိန္းႏိုင္ငံ ၿမိဳ႕ေတာ္ Kyiv က ဘူတာ႐ုံမွာ မိနစ္ ၄၀ ၾကာ ေတးဂီတေဖ်ာ္ေျဖပြဲ ျပဳလုပ္ၿပီး ႐ုရွားရန္ကို ခုခံတြန္းလွန္ေနတဲ့ ယူကရိန္း တိုက္ခိုက္ေရးသမားေတြကို ဂုဏ္ျပဳခဲ့ပါတယ္။

ယူကရိန္းျပည္သူေတြဟာ သူတို႔လြတ္လပ္မႈအတြက္သာ တိုက္ပြဲဝင္ေနတာမဟုတ္ဘဲ လူတိုင္းခ်စ္ျမတ္ႏိုးတဲ့ လြတ္လပ္မႈအတြက္ တိုက္ပြဲဝင္ေနတာျဖစ္ၿပီး ဒီလြတ္လပ္မႈ တိုက္ပြဲအတြက္ ကမၻာႀကီးကိုပါ ယူကရိန္းသမၼတ Volodymyr Zelenskyy က ဦးေဆာင္ေနတာျဖစ္ေၾကာင္း Khreshchatyk ဘူတာ႐ုံထဲ လာေရာက္စုေဝးတဲ့ လူအုပ္ကို ေျပာၾကားခဲ့တာပါ။

ယူကရိန္းကို ႐ုရွားက ေဖေဖာ္ဝါရီ ၂၄ ရက္မွာ စတင္က်ဴးေက်ာ္ခ်ိန္က Kyiv ကို ဦးတည္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး မတ္လကုန္ေလာက္မွ ယူကရိန္းအေရွ႕ဘက္ကို ပစ္မွတ္ေျပာင္းသြားခဲ့တာ ျဖစ္ပါတယ္။

႐ုရွားက အထူးစစ္ဆင္ေရးလို႔ပဲ ရည္ၫႊန္းေျပာဆိုၿပီး အခုခ်ိန္အထိ ယူကရိန္းႏိုင္ငံတလႊားမွာ မစ္ဇုိင္းဒံုးေတြနဲ႔ ဆက္ၿပီး ပစ္ခတ္တိုက္ခိုက္ေနတာ ျဖစ္ပါတယ္။

ယူကရိန္းအေရွ႕ပိုင္းနဲ႔ ေတာင္ပိုင္းကို ေျပာင္းလဲ ထိုးစစ္ဆင္ေနတဲ့ ႐ုရွားရန္က နည္းနည္းေအးသြားတဲ့ Kyiv မွာေတာ့ အခုထိ ေလေၾကာင္းအခ်က္ေပး ဥၾသသံေတြ ပံုမွန္လိုလို ၾကားေနရဆဲပါ။

“အခု ေမလ ၈ ရက္ ညေနပိုင္းမွာ ယူကရိန္းရဲ႕ ေကာင္းကင္ယံမွာ ေသနတ္သံေတြ ၾကားေနရေပမဲ့ ေနာက္ဆံုးမွာေတာ့ လြတ္ေျမာက္ၾကမွာပါ။ မင္းတို႔ရဲ႕အသက္ကို သူတို႔ သတ္ျဖတ္ႏိုင္ေပမဲ့ မင္းတို႔ရဲ႕ စိတ္ဓာတ္ကိုေတာ့ ႐ိုက္မခ်ိဳးႏိုင္ပါဘူး။” လို႔ Bono က ပရိသတ္ကို ေျပာၾကားခဲ့ပါတယ္။

------------------------------

တိုက္႐ိုက္ လင့္ခ္

(Unicode)

တိုက်ပွဲဝင် ယူကရိန်းအတွက် Kyiv မြို့တော်ရောက် Bono ရဲ့ဂီတဖြေဖျော်ပွဲ

နာမည်ကျော် အိုင်ယာလန်ရော့ခ်ဂီတအဖွဲ့ U2 က Bono နဲ့ သူ့တွဲဘက်ဂစ်တာသမား The Edge တို့ဟာ တနင်္ဂနွေနေ့က ယူကရိန်းနိုင်ငံ မြို့တော် Kyiv က ဘူတာရုံမှာ မိနစ် ၄၀ ကြာ တေးဂီတဖျော်ဖြေပွဲ ပြုလုပ်ပြီး ရုရှားရန်ကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေကို ဂုဏ်ပြုခဲ့ပါတယ်။

ယူကရိန်းပြည်သူတွေဟာ သူတို့လွတ်လပ်မှုအတွက်သာ တိုက်ပွဲဝင်နေတာမဟုတ်ဘဲ လူတိုင်းချစ်မြတ်နိုးတဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး ဒီလွတ်လပ်မှု တိုက်ပွဲအတွက် ကမ္ဘာကြီးကိုပါ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဦးဆောင်နေတာဖြစ်ကြောင်း Khreshchatyk ဘူတာရုံထဲ လာရောက်စုဝေးတဲ့ လူအုပ်ကို ပြောကြားခဲ့တာပါ။

ယူကရိန်းကို ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ကျူးကျော်ချိန်က Kyiv ကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လကုန်လောက်မှ ယူကရိန်းအရှေ့ဘက်ကို ပစ်မှတ်ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

ရုရှားက အထူးစစ်ဆင်ရေးလို့ပဲ ရည်ညွှန်းပြောဆိုပြီး အခုချိန်အထိ ယူကရိန်းနိုင်ငံတလွှားမှာ မစ်ဇိုင်းဒုံးတွေနဲ့ ဆက်ပြီး ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ပြောင်းလဲ ထိုးစစ်ဆင်နေတဲ့ ရုရှားရန်က နည်းနည်းအေးသွားတဲ့ Kyiv မှာတော့ အခုထိ လေကြောင်းအချက်ပေး ဥသြသံတွေ ပုံမှန်လိုလို ကြားနေရဆဲပါ။

“အခု မေလ ၈ ရက် ညနေပိုင်းမှာ ယူကရိန်းရဲ့ ကောင်းကင်ယံမှာ သေနတ်သံတွေ ကြားနေရပေမဲ့ နောက်ဆုံးမှာတော့ လွတ်မြောက်ကြမှာပါ။ မင်းတို့ရဲ့အသက်ကို သူတို့ သတ်ဖြတ်နိုင်ပေမဲ့ မင်းတို့ရဲ့ စိတ်ဓာတ်ကိုတော့ ရိုက်မချိုးနိုင်ပါဘူး။” လို့ Bono က ပရိသတ်ကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG