သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားဆီက ေရနံဝယ္ယူမႈ အဆံုးသတ္ဖို႔ G-7 ႏိုင္ငံေတြ သေဘာတူ


G-7 ေခါင္းေဆာင္ေတြ အြန္လုိင္းကေန ေဆြးေႏြးေနတဲ့ျမင္ကြင္း။ (ေမ ၈၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္နဲ႔ G-7 ကမၻာ့စီးပြားေရးအင္အားႀကီး ၇ ႏိုင္ငံ ေခါင္းေဆာင္ေတြဟာ ႐ုရွားဆီက ေရနံဆက္မဝယ္ဖို႔ ဒါမွမဟုတ္ တင္ပို႔မႈပိတ္ပင္ဖို႔ တနဂၤေႏြေန႔မွာ သေဘာတူလိုက္ၾကၿပီး ဒါဟာ သီတင္း ၁၀ ပတ္ၾကာေနၿပီျဖစ္တဲ့ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈအတြက္ ႐ုရွားရဲ႕ ပင္မဝင္ေငြရလမ္းကို တိုက္႐ိုက္ပစ္မွတ္ထား အေရးယူတာ ျဖစ္ပါတယ္။

ဒီလိုအေရးယူတာဟာ ႐ုရွားသမၼတ Vladimir Putin ရဲ႕ အဓိက ေငြစီးဆင္းမႈ ရလမ္းကို အျပင္းအထန္ ထိခိုက္ေစမွာ ျဖစ္တဲ့အတြက္ အခု သူတိုက္ေနတဲ့ စစ္ပြဲအတြက္ လိုတဲ့ေငြ ရႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ အေမရိကန္၊ ၿဗိတိန္၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီနဲ႔ ဂ်ပန္ G-7 ႏိုင္ငံေတြက ေခါင္းေဆာင္ေတြ ယူကရိန္းသမၼတ Volodymyr Zelenskyy နဲ႔ အြန္လိုင္းေဆြးေႏြးပြဲ အၿပီးမွာ ေျပာၾကားတာ ျဖစ္ပါတယ္။

အေမရိကန္က ႐ုရွားဆီက ေရနံဝယ္ယူမႈကို ရပ္ဆိုုင္းထားၿပီးျဖစ္သလို အီးယူ ဥေရာပသမဂၢ ၂၇ ႏိုင္ငံကလည္း သူတို႔ရဲ႕ ေရနံစိမ္းဝယ္ယူမႈ ၄ ပံု ၁ ပံုကို ႐ုရွားဆီက မွာယူေနရာကေန ရပ္ဆိုင္းဖို႔ စီစဥ္ေနတယ္လို႔ ေၾကညာထားတာပါ။

G-7 ေခါင္းေဆာင္ေတြဟာ ဒုတိယကမၻာစစ္ႀကီး ဥေရာပေျမေပၚမွာ အဆံုးသတ္သြားတဲ့ေန႔ VE Day ႏွစ္ပတ္လည္ေန႔ကို ယူကရိန္းသမၼတပါ ပါဝင္ၿပီး က်င္းပေနခ်ိန္ ႐ုရွားကေတာ့ ၁၉၄၅ မွာ နာဇီ ဂ်ာမနီလက္ကေန ဆိုဗီယက္ ေအာင္ပဲြခံတဲ့ ႏွစ္ပတ္လည္ေန႔အျဖစ္ တနလၤာေန႔မွာ က်င္းပဖို႔ လုပ္ေနခ်ိန္မွာပဲ ယူကရိန္းကို ဝင္တိုက္တဲ့ ႐ုရွားသမၼတ Putin ေအာင္ပြဲမခံႏိုင္ေအာင္ ဆက္ၿပီး တညီတၫြတ္ထည္း ရွိေနမွာျဖစ္ေၾကာင္း G-7 အဖြဲ႔က ေၾကညာခဲ့တာ ျဖစ္ပါတယ္။

အခုလို ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တာဟာ ႐ုရွားနဲ႔ ဒုတိယကမၻာစစ္အတြင္း သမိုင္းဝင္ေပးဆပ္ခဲ့ရတဲ့ ႐ုရွားျပည္သူေတြအတြက္ အရွက္ရစရာ ျဖစ္ေစတယ္လို႔လည္း ေျပာပါတယ္။

တနဂၤေႏြေန႔မွာပဲ အေမရိကန္က ႐ုရွားရဲ႕ လူၾကည့္အမ်ားဆံုး ႐ုပ္သံဌာနေတြအေပၚ ဒဏ္ခတ္အေရးယူေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ ႐ုရွားစစ္ေရးဆိုင္ရာပံ့ပိုးမႈ ေပးႏိုင္တဲ့ စက္မႈထြက္ကုန္ အမ်ားအျပားအတြက္ တင္ပို႔မႈ ထိန္းခ်ဳပ္ဖို႔ေတြကိုပါ လုပ္ေဆာင္မွာျဖစ္ေၾကာင္း သမၼတအိမ္ျဖဴက ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ရုရှားဆီက ရေနံဝယ်ယူမှု အဆုံးသတ်ဖို့ G-7 နိုင်ငံတွေ သဘောတူ

အမေရိကန်နဲ့ G-7 ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ ခေါင်းဆောင်တွေဟာ ရုရှားဆီက ရေနံဆက်မဝယ်ဖို့ ဒါမှမဟုတ် တင်ပို့မှုပိတ်ပင်ဖို့ တနင်္ဂနွေနေ့မှာ သဘောတူလိုက်ကြပြီး ဒါဟာ သီတင်း ၁၀ ပတ်ကြာနေပြီဖြစ်တဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် ရုရှားရဲ့ ပင်မဝင်ငွေရလမ်းကို တိုက်ရိုက်ပစ်မှတ်ထား အရေးယူတာ ဖြစ်ပါတယ်။

ဒီလိုအရေးယူတာဟာ ရုရှားသမ္မတ Vladimir Putin ရဲ့ အဓိက ငွေစီးဆင်းမှု ရလမ်းကို အပြင်းအထန် ထိခိုက်စေမှာ ဖြစ်တဲ့အတွက် အခု သူတိုက်နေတဲ့ စစ်ပွဲအတွက် လိုတဲ့ငွေ ရနိုင်တော့မှာ မဟုတ်ဘူးလို့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန် G-7 နိုင်ငံတွေက ခေါင်းဆောင်တွေ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ အွန်လိုင်းဆွေးနွေးပွဲ အပြီးမှာ ပြောကြားတာ ဖြစ်ပါတယ်။

အမေရိကန်က ရုရှားဆီက ရေနံဝယ်ယူမှုကို ရပ်ဆိုင်းထားပြီးဖြစ်သလို အီးယူ ဥရောပသမဂ္ဂ ၂၇ နိုင်ငံကလည်း သူတို့ရဲ့ ရေနံစိမ်းဝယ်ယူမှု ၄ ပုံ ၁ ပုံကို ရုရှားဆီက မှာယူနေရာကနေ ရပ်ဆိုင်းဖို့ စီစဉ်နေတယ်လို့ ကြေညာထားတာပါ။

G-7 ခေါင်းဆောင်တွေဟာ ဒုတိယကမ္ဘာစစ်ကြီး ဥရောပမြေပေါ်မှာ အဆုံးသတ်သွားတဲ့နေ့ VE Day နှစ်ပတ်လည်နေ့ကို ယူကရိန်းသမ္မတပါ ပါဝင်ပြီး ကျင်းပနေချိန် ရုရှားကတော့ ၁၉၄၅ မှာ နာဇီ ဂျာမနီလက်ကနေ ဆိုဗီယက် အောင်ပွဲခံတဲ့ နှစ်ပတ်လည်နေ့အဖြစ် တနင်္လာနေ့မှာ ကျင်းပဖို့ လုပ်နေချိန်မှာပဲ ယူကရိန်းကို ဝင်တိုက်တဲ့ ရုရှားသမ္မတ Putin အောင်ပွဲမခံနိုင်အောင် ဆက်ပြီး တညီတညွတ်ထည်း ရှိနေမှာဖြစ်ကြောင်း G-7 အဖွဲ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလို ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာဟာ ရုရှားနဲ့ ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်ပေးဆပ်ခဲ့ရတဲ့ ရုရှားပြည်သူတွေအတွက် အရှက်ရစရာ ဖြစ်စေတယ်လို့လည်း ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ အမေရိကန်က ရုရှားရဲ့ လူကြည့်အများဆုံး ရုပ်သံဌာနတွေအပေါ် ဒဏ်ခတ်အရေးယူကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ရုရှားစစ်ရေးဆိုင်ရာပံ့ပိုးမှု ပေးနိုင်တဲ့ စက်မှုထွက်ကုန် အများအပြားအတွက် တင်ပို့မှု ထိန်းချုပ်ဖို့တွေကိုပါ လုပ်ဆောင်မှာဖြစ်ကြောင်း သမ္မတအိမ်ဖြူက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG