သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖင်လန်နဲ့ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်လာဖို့ မျှော်လင့်


ဆွိဒင်နဲ့နေတိုး အလံများကို ရောနှောပေါင်းစပ်ထားပုံ။ 
ဆွိဒင်နဲ့နေတိုး အလံများကို ရောနှောပေါင်းစပ်ထားပုံ။ 

[[Zawgyi/Unicode]]

ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ဒီလကုန်မှာ လျှောက်ထားမယ်လို့ မျှော်လင့်ထားကြပါတယ်။ ယူကရိန်းကို အကြောင်းမရှိ သက်သက်မဲ့ဝင်တိုက်တာကြောင့် ဥရောပရဲ့လုံခြုံရေးဆိုင်ရာ အပြန်အလှန်သက်ရောက်အားတွေ ပြောင်းလဲသွားတယ်လို့ နှစ်နိုင်ငံလုံးက ပြောကြပါတယ်။ ဖင်လန်နိုင်ငံရဲ့ ဥရောပရေးရာဝန်ကြီး Tytti Tuppurainen က ခုလို ပြောပါတယ်။
“ယူကရိန်းမှာ ရုရှားက စစ်ကို စလိုက်ကတည်းက အရာရာ ရှင်းသွားပါတယ်။ ခု ကျနော်တို့ ဟာ အမျိုးသားအကျိုးစီးပွါးနဲ့အညီ ဆုံးဖြတ်ချက်တွေ ချရပါတော့မယ်။ ဖင်လန်နိုင်ငံနဲ့ နိုင်ငံသားတွေ လုံလုံလုံခြုံခြုံရှိအောင် အကောင်းဆုံးနည်းလမ်းက ဘာလဲ။ ကျနော်တို့က အနောက်ရဲ့ အစိတ်အပိုင်းပါ။ နေတိုးအဖွဲ့ဝင်တာဟာ အနောက်နဲ့ ပေါင်းစပ်ခြင်း နောက် ဆုံးအဆင့်မျိုးဖြစ်တယ်ဆိုတာ ခင်ဗျားတို့ ခု မြင်နိုင်ပါတယ်။” လို့ ပြောသွားတာပါ။
စစ်အေးတိုက်ပွဲ ကာလမှာတောင် ဖင်လန်နိုင်ငံဟာ ကြားနေလမ်းကြောင်းကို ဂရုတစိုက် လျှောက်လမ်းခဲ့တာပါ။
မနှစ်တုန်းက နေတိုးဝင်ဖို့ ဖင်လန်ပြည်သူ ၂၅ ရာနှုန်းလောက်ကပဲ ထောက်ခံခဲ့တာ ဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ၇၆ ရာနှုန်းက ထောက်ခံကြပါတယ်။
ဆွီဒင်နဲ့ ဖင်လန်တို့ဟာ အာတိတ်ဒေသစစ်ရေးမှာ ကျွမ်းကျင်ကြတာမို့ ဘောလ်တစ် ဒေသ နဲ့ ဥရောပမြောက်ပိုင်းက နေတိုးရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]


=========

XS
SM
MD
LG