သုံးရလွယ်ကူစေသည့် Link များ

နေတိုးအစည်းအဝေးတက်ဖို့ ကန်ဝန်ကြီး ဂျာမနီရောက်ရှိ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken. (မေ ၂၊ ၂၀၂၂)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken. (မေ ၂၊ ၂၀၂၂)

(Zawgyi / Unicode)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဥရောပကို ရောက်ရှိပြီး အခု တနင်္ဂနွေနေ့မှာတော့ ဂျာမနီမှာလုပ်မယ့် နေတိုး မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ရှိပါတယ်။

အခု နေတိုးအစည်းအဝေးမှာ ယူကရိန်းကို ရုရှားကျူးကျော်စစ်နဲ့အတူ ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာရေး ကိစ္စလည်း ဆွေးနွေးဖွယ်ရှိပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် သူတို့အနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လိုလားတယ်လို့ ဖင်လန်နိုင်ငံ ခေါင်းဆောင်တွေက ပြောထားပါတယ်။

တဖက်မှာတော့ အိမ်နီးချင်း ရုရှားက ဒီလုပ်ရပ်ကို ရန်စတဲ့လုပ်ရပ်လို သဘောထားတယ်လို့ တုံ့ပြန်ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ရာမှာလည်း ယူကရိန်းက နေတိုးဝင်ဖို့ ကြိုးစားမှုကြောင့်လို့ ရုရှားဘက်က အကြောင်းပြထားတာပါ။

အလားတူ ဆွီဒင်နိုင်ငံကလည်း နေတိုးအဖွဲ့ဝင်ရေးကို စဉ်းစားသုံးသပ်နေပါတယ်။

တူရကီနိုင်ငံကတော့ ဒီနှစ်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ကန့်ကွက်နေပါတယ်။ ဒီနှစ်နိုင်ငံဟာ ကာ့ဒ်သူပုန်တွေကို အားပေးအားမြှောက်လုပ်တယ်လို့ တူရကီဘက်က စွပ်စွဲထားတာပါ။

ဖင်လန်နိုင်ငံခြားရေးဝန်ကြီးကတော့ သူနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးတို့ အခု တနင်္ဂနွေနေ့ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ မျှော်လင့်နေပါတယ်။

ဖင်လန်ဖြစ်စေ ဆွီဒင်ဖြစ်စေ နေတိုးဝင်မယ်ဆိုရင် ဒါဟာ သူ့နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ သတိပေးနေပါတယ်။

ဂျာမနီရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ တနင်္လာနေ့ကျရင်တော့ ပြင်သစ်နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

------------------------------

(Unicode)












XS
SM
MD
LG